ၾကားသိသမွ်

” NUG ကိုသာ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့ အာဆီယံကို တင်ပြလိုက်တဲ့ မလေးရှား “

” NUG ကိုသာ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့ အာဆီယံကို တင်ပြလိုက်တဲ့ မလေးရှား ”

အာဏာအသိမ်းခံခဲ့ရတဲ့ NLD အစိုးရကိုယ်စားပြု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ကို မလေးရှားနိုင်ငံက အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ် ။ မလေးရှားရဲ့ အဆိုပြုချက်ကို စစ်ကောင်စီဘက်က တာဝန်မဲ့လုပ်ရပ်တစ်ခုလို့ ရှုတ်ချလိုက်ပါတယ် ။

မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဖွဲ့ရဲ့ အစည်းအဝေးမတိုင်ခင်လေးမှာ မလေးရှားနိုင်ငံက NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အဆိုတင်သွင်းလိုက်တာပါ ။ အာဆီယံအနေနဲ့ ၂၀၂၁ ၊ ဧပြီလက သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို အရာထင်အောင် မကြိုးပမ်းနိုင်တဲ့အတွက် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု့ကို ရုပ်သိမ်းလိုက်တာပါ ။


မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင်က ” မလေးရှားဟာ ၁၉ ၉ ၇ ခုနှစ်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအဖွဲ့ဝင်ဖြစ်အောင် ကူညီပေးခဲ့ပါတယ် ။ အခုအချိန်မှာတော့ အာဆီယံစည်းကမ်းချက်တွေကို ဂရုမစိုက်တော့တဲ့အတွက် NUG နဲ့ အလွတ်သဘော ဆက်ဆံနေပါတယ် ။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု့ဆိုင်ရာ ကယ်ဆယ်ရေးကဏ္ဍကို NUG နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ် ။ ” လို့ မေလ ၁ ရက်နေ့က အဆိုပြုခဲ့တာပါ ။

မြန်မာနိုင်ငံက ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ အကူအညီတွေကို နှစ်ဆတိုးပေးဖို့နဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်းကိစ္စတွေ အားကောင်းလာစေဖို့လည်း အကြံပြုထားပါတယ် ။

မြန်မာစစ်တပ်ကိုင် ” မြန်မာ့အလင်း သတင်းစာ ” မှာတော့ ဆာဖူဒင်ရဲ့ မဆင်မခြင် အကြံပြုချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ပြောပါတယ် ။

” ဒီလို အဆိုပြုချက်ဟာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှု့တွေကို တွန်းအားပေးတာပါ ။ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု့ တိုက်ဖျက်ရေးကို အဟန့်အတား ဖြစ်စေပါတယ် ။ အကြမ်းဖက်မှု့ကို တိုက်ဖျက်တဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တာပါ ” လို့

ရွေးကောက်ခံအစိုးရထံကနေ မတရားနည်းနဲ့ အာဏာသိမ်းထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေက တုံ့ပြန်လိုက်ပြီး
” NUG နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဟာ တရားမဝင်အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့တွေပါ ”
လို့ ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ် ။

( ဒါကတော့ အယ်ဂျာဇီးရီးယား သတင်းကို မူရင်းအတိုင်း ထုတ်နုတ် တင်ပြလိုက်တာပါ ။ )

သုံးသပ်ရရင် ……၊ မလေးရှားနိုင်ငံကနေ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံကြဖို့ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမတိုင်ခင်လေးမှာ တင်ပြလိုက်ပါတယ် ။ အစည်းအဝေးမှာ ဒီကိစ္စကို အကျယ်တဝင့် ဆွေးနွေးချင်လို့ အစည်းအဝေးမတိူင်ခင် အဆိုပြုတယ်လို့ ယူဆရပါတယ် ။

စစ်ကောင်စီဘက်က ဘယ်လိုဖြစ်သွားသလဲ … ?
အာဆီယံနိုင်ငံတွေကို NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အဆိုပြုထားတဲ့ ကိစ္စဟာ ဘာတွေဖြစ်လာနိုင်သလဲ …?

ဆိုရရင် …..၊ မလေးရှားရဲ့ အဆိုပြုချက်ကို စစ်ကောင်စီဘက်က တော်တော် တုန်လှုပ်သွားပါတယ် ။ တော်တော်လန့်သွားပါတယ် ။ ဒေါသအိုးပေါက်ကွဲသွားပါတယ် ။ အခြေအနေမဟန်ဘူးဆိုပြီး ကွယ်ရာမှာ မျက်ရည်တွေ သွင်သွင်ကျနေလောက်ပါတယ် ။ အရှင်းဆုံးပြောရရင် မလေးရှားရဲ့ အဆိုပြုချက်ဟာ ” စစ်ကောင်စီ ရှုံးပြီ ” လို့ ပြောလိုက်သလိုပါပဲ ။

စာရေးသူ မကြာခဏ ပြောခဲ့သလိုပါပဲ ။ တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ သံတမန်နည်းလမ်း ဆိုပြီး ရှိပါတယ် ။ လက်နက်ကိုင်တိုက်ပွဲဟာ ဘတပြန် ကျားတပြန် အခြေအနေကို ရောက်နေပါပြီ ။ သန်း ၅၀ နဲ့ ၃သိန်း ဆိုတဲ့ အင်အားကို ကွန်ပဲလုပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီလက်နက်ကိုင်တွေဟာ တဖြည်းဖြည်း လုံးပါးပါးရမှာပါ ။ ဒီအခြေအနေကို ကျားကန်ဖို့အတွက် စစ်ကောင်စီဟာ သံတမန်နည်းလမ်းကို စားပွဲအောက်ကနေ ခြေပုန်းခုတ်နေခဲ့တာ ကြာပါပြီ ။

အားကစားပွဲတွေ အတင်းကျင်းပတာ ၊ သင်္ကြန်ပွဲကို စည်ကားအောင်လုပ်တာ ၊ လူထုထောက်ခံပွဲတွေလုပ်တာ ၊ ဘာသာရေးပွဲတော်တွေနဲ့ ဘုရားတွေမှာ စည်ကားအောင်လုပ်တာ ၊ ကျောင်းတွေပြန်ဖွင့်တာ ၊ စာမေးပွဲတွေကျင်းပတာ ၊ နိုင်ငံကိုယ်စားပြု အားကစားပွဲတွေဆီ စေလွတ်တာတွေဟာ အလကားမဟုတ်ပါဘူး ။ ၈၈ တုန်းကလို အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်တယ်ဆိုတာ ပြချင်လို့ပါ ။ ဒါမှလည်း နိုင်ငံတကာနဲ့ ကုလက

” သူ့နိုင်ငံ သူထိန်းနိုင်ရင် ပြီးတာပဲ “ဆိုသလိုနဲ့ နိုင်ငံတကာကနေ သံတမန်အရေးမှာ ထိတွေ့ဆက်ဆံလာဖို့ ကြိုးစားနေတာပါ ။

စာရေးသူ သတိထားမိသလောက်တော့ ပြည်သူတွေက သုံးစားမရဘူးလို့ ထင်ထားတဲ့ ကုလသမဂ္ဂ ၊ အီးယူ ၊ အာဆီယံ အဖွဲ့တွေရဲ့ အမိန့်ကြေငြာစာတွေကို စစ်ကောင်စီဘက်က တော်တော်လေး တုန်လှုပ်ပါတယ် ။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတကာက အသိအမှတ်မပြုမှာ စိုးတာပါ ။

ဆိုတော့ …၊ မလေးရှားရဲ့ အဆိုပြုချက်ဟာ စစ်ကောင်စီအတွက်တော့ ကြိူးမိန့်ပေးလိုက်သလိုပါပဲ ။ ” မင်းတို့က တရားဝင်အစိုးရ မဟုတ်ဘူး ” ဆိုတဲ့သဘောပါ ။

ဒီတော့ ၊ အာဆီယံကသာ NUG ကို အစိုးရအဖြစ်နဲ့ ထိတွေ့ဆက်ဆံတော့မယ်ဆိုရင် ၊ အာဆီယံနဲ့ ပူးတွဲလုပ်ဆောင်မှု့တိုင်းကို CRPH ကနေ ကိုင်တွယ်ခွင့်ရမှာပါ ။ အာဆီယံညီလာခံ ၊ အာဆီယံရဲအဖွဲ့ ၊ အာဆီယံလွှတ်တော်အဖွဲ့ ၊ အာဆီယံကျမ်းမာရေး ၊ အာဆီယံပညာရေးကဏ္ဍ ဆိုသလို ကဏ္ဍမျိုးစုံမှာ NUG ရဲ့ ကိုယ်စားလှယ်ကိုသာ လက်ခံထိတွေ့မှာပါ ။

အာဆီယံအစည်းအဝေးမှာ အတည်ပြုနိုင်ဖို့ အရေးကြီးပါတယ် ။

ဘကြီးအောင် LA
3 April, 2022