ၾကားသိသမွ်

တောင်ကိုရီယားနိုင်ငံ၏ နိုဘယ်ဆုအဖြစ် လူသိများသည့် ၂၀၂၂ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင် ရရှိ

ဒေါက်တာစင်သီယာမောင် ၂၀၂၂ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ရရှိ

ဧရာဝတီ၊ မေ ၃၊ ၂၀၂၂

ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းတည်ထောင်ကာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများအား ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့နေသည့် ဒေါက်တာစင်သီယာမောင်အား ၂၀၂၂ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ (May 18 Memorial Foundation) က ယနေ့ ကြေညာလိုက်သည်။

ဒေါက်တာစင်သီယာမောင်၏ လူသားချင်းစာနာမှုကူညီထောက်ပံ့မှုများမှာ မြန်မာဒုက္ခသည်များအား ကယ်တင်နိုင်ခဲ့သည့်အပြင် မြန်မာပြည်အနာဂတ်အတွက် မျှော်လင့်ချက်များ ဖြစ်လာကြောင်းနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတန်ဖိုးများအပေါ် ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်းလည်း ဆုရွေးချယ်ရေးအဖွဲ့က ဆိုသည်။

ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာစင်သီယာမောင်၏ ကြိုးပမ်းလုပ်ဆောင်ချက်များသာမက ဆေးခန်းဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ကာလရှည်ကြာပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုဒဏ် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအပေါ် ပူးပေါင်းပါဝင် ကူညီထောက်ပံ့မှုများအတွက် ရရှိခဲ့သည့်ဆုဖြစ်ကြောင်းလည်း မယ်တော်ဆေးခန်းက ထုတ်ပြန်သည်။

တောင်ကိုရီယားနိုင်ငံ၏ နိုဘယ်ဆုအဖြစ် လူသိများသည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုအား စစ်အာဏာရှင် သမ္မတ ချန်ဒူးဝမ်လက်ထက် ၁၉၈၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဂွမ်ဂျူးမြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအား အစိုးရစစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့်အတွက် အောက်မေ့ဖွယ်အဖြစ် May 18 Memorial Foundation အဖွဲ့အား တည်ထောင်က ၂၀၀၀ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆုအား ၂၀၀၄ တွင် နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရဖူးသကဲ့သို့ ၂၀၀၉ တွင်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင် ချီးမြှင့်ခံခဲ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သည့် ဆုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်ပြုကျင့်မှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူသားချင်းစာနာမှုအား ပြသမှုမရှိခဲ့ဟုဆိုကာ ၂၀၁၈ တွင် ချီးမြှင့်ထားသည့်ယင်းဆုအား May 18 Memorial Foundation အဖွဲ့က ပြန်ရုပ်သိမ်းခဲ့သည်။

Zawgyi

ေဒါက္တာစင္သီယာေမာင္ ၂၀၂၂ ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆု ရရွိ

ဧရာဝတီ၊ ေမ ၃၊ ၂၀၂၂

ထိုင္း-ျမန္မာနယ္စပ္တြင္ မယ္ေတာ္ေဆးခန္းတည္ေထာင္ကာ ျမန္မာဒုကၡသည္မ်ားႏွင့္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား က်န္းမာေရးဆိုင္ရာ ကူညီေထာက္ပံ့ေနသည့္ ေဒါက္တာစင္သီယာေမာင္အား ၂၀၂၂ ခုႏွစ္အတြက္ ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆု ခ်ီးျမႇင့္လိုက္ေၾကာင္း ဆုေရြးခ်ယ္ေရးအဖြဲ႕ (May 18 Memorial Foundation) က ယေန႔ ေၾကညာလိုက္သည္။

ေဒါက္တာစင္သီယာေမာင္၏ လူသားခ်င္းစာနာမႈကူညီေထာက္ပံ့မႈမ်ားမွာ ျမန္မာဒုကၡသည္မ်ားအား ကယ္တင္နိုင္ခဲ့သည့္အျပင္ ျမန္မာျပည္အနာဂတ္အတြက္ ေမၽွာ္လင့္ခ်က္မ်ား ျဖစ္လာေၾကာင္းႏွင့္ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးႏွင့္ ၿငိမ္းခ်မ္းေရးတန္ဖိုးမ်ားအေပၚ ကူညီေထာက္ပံ့မႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္းလည္း ဆုေရြးခ်ယ္ေရးအဖြဲ႕က ဆိုသည္။

ဆုခ်ီးျမႇင့္ခံရျခင္းႏွင့္ ပတ္သက္ၿပီး ေဒါက္တာစင္သီယာေမာင္၏ ႀကိဳးပမ္းလုပ္ေဆာင္ခ်က္မ်ားသာမက ေဆးခန္းဝန္ထမ္းမ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ား၏ ကာလရွည္ၾကာပဋိပကၡႏွင့္ ဆင္းရဲမြဲေတမႈဒဏ္ ထိခိုက္ခံစားခဲ့ရသည့္ ျပည္သူမ်ားအေပၚ ပူးေပါင္းပါဝင္ ကူညီေထာက္ပံ့မႈမ်ားအတြက္ ရရွိခဲ့သည့္ဆုျဖစ္ေၾကာင္းလည္း မယ္ေတာ္ေဆးခန္းက ထုတ္ျပန္သည္။

ေတာင္ကိုရီယားနိုင္ငံ၏ နိုဘယ္ဆုအျဖစ္ လူသိမ်ားသည့္ ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆုအား စစ္အာဏာရွင္ သမၼတ ခ်န္ဒူးဝမ္လက္ထက္ ၁၉၈၀ ျပည့္ႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ဂြမ္ဂ်ဴးၿမိဳ႕ ဒီမိုကေရစီအေရးလႈပ္ရွားမႈအား အစိုးရစစ္တပ္က ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ လူ ၂၀၀ ေက်ာ္ ေသဆုံးခဲ့ရသည့္အတြက္ ေအာက္ေမ့ဖြယ္အျဖစ္ May 18 Memorial Foundation အဖြဲ႕အား တည္ေထာင္က ၂၀၀၀ ခုႏွစ္မွစတင္၍ ခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါဆုအား ၂၀၀၄ တြင္ ေနအိမ္အက်ယ္ခ်ဳပ္ခ်ခံထားရသည့္ ေဒၚေအာင္ဆန္းစုၾကည္ ခ်ီးျမႇင့္ခံရဖူးသကဲ့သို႔ ၂၀၀၉ တြင္လည္း ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္သူ ဦးမင္းကိုနိုင္ ခ်ီးျမႇင့္ခံခဲ့ရသည္။

သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္အား ခ်ီးျမႇင့္ခဲ့သည့္ ဆုႏွင့္ပတ္သက္ၿပီး ရခိုင္ျပည္နယ္တြင္ ရိုဟင္ဂ်ာမ်ားအေပၚ ျမန္မာစစ္တပ္၏ အၾကမ္းဖက္ျပဳက်င့္မႈမ်ားႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ လူသားခ်င္းစာနာမႈအား ျပသမႈမရွိခဲ့ဟုဆိုကာ ၂၀၁၈ တြင္ ခ်ီးျမႇင့္ထားသည့္ယင္းဆုအား May 18 Memorial Foundation အဖြဲ႕က ျပန္႐ုပ္သိမ္းခဲ့သည္။