ၾကားသိသမွ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ
==================================

၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်နေ့

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ယနေ့နံနက် မြန်မာစံတော်ချိန် ၀၈း၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့သည်။


တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၌ အခြေအနေများများနှင့် စပ်လျဉ်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေများ ရှာဖွယ်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးမတိုင်မီ ပြည်ထောင်စုလွှတ်တော်၏ ‌လုပ်ငန်းဆောင်ရွက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အထူးကိုယ်စားလှယ်က ၎င်း၏လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံမှုသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Zawgyi

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာနိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ Dr. Noeleen Heyzer အား ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဥကၠ႒ ဦးေအာင္ၾကည္ညြန႔္ လက္ခံေတြ႕ဆုံ
==================================

၂၀၂၂ ခုႏွစ္၊ ေမလ ၃ ရက္ေန႔

ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဥကၠ႒ ဦးေအာင္ၾကည္ညြန႔္သည္ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာနိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ Dr. Noeleen Heyzer အား ယေန႔နံနက္ ျမန္မာစံေတာ္ခ်ိန္ ၀၈း၀၀ နာရီအခ်ိန္တြင္ ဗီဒီယိုကြန႔္ဖရင့္မွတစ္ဆင့္ လက္ခံေတြ႕ဆုံခဲ့သည္။

ေတြ႕ဆုံမႈတြင္ ျမန္မာနိုင္ငံ၌ အေျခအေနမ်ားမ်ားႏွင့္ စပ္လ်ဥ္း၍ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈအပါအဝင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေပးအပ္နိုင္ေရးကိစၥရပ္မ်ား၊ အရပ္သားအစိုးရအုပ္ခ်ဳပ္မႈဆီသို႔ ျပန္လည္ေရာက္ရွိေရး အားလုံးပါဝင္ေသာ အေျဖမ်ား ရွာဖြယ္ေရး၊ ျဖစ္ပြားေနေသာ ပဋိပကၡမ်ား၊ အၾကမ္းဖက္မႈမ်ား ရပ္တန႔္ေရးႏွင့္ နိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရး၊ ေဒသတြင္းႏွင့္ နိုင္ငံတကာအသိုက္အဝန္းက ကူညီေဆာင္ရြက္ေပးသင့္သည့္ ကိစၥရပ္မ်ား အေပၚ ေဆြးေႏြးဖလွယ္ခဲ့ၾကသည္။

ေဆြးေႏြးမတိုင္မီ ျပည္ေထာင္စုလႊတ္ေတာ္၏ ‌လုပ္ငန္းေဆာင္ရြက္မ်ားကို ရွင္းလင္းတင္ျပခဲ့ၿပီး အထူးကိုယ္စားလွယ္က ၎၏လုပ္ငန္းတာဝန္ႏွင့္ ေဆာင္ရြက္ခ်က္မ်ားကို ရွင္းလင္းတင္ျပခဲ့သည္။

ေတြ႕ဆုံမႈသို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဥကၠ႒ႏွင့္အတူ အတြင္းေရးမႉး အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ေဒၚျဖဴျဖဴသင္းႏွင့္ မိုင္းလမင္းထြန္း၊ ဥပေဒေရးရာေကာ္မတီ ဥကၠ႒၊ ျပည္သူ႔ေရးရာေကာ္မတီ ဥကၠ႒ ေဒါက္တာခင္စိုးစိုးၾကည္၊ ဖက္ဒရယ္ေရးရာေကာ္မတီ ဥကၠ႒ ဦးလမာေနာ္ေအာင္ႏွင့္ နိုင္ငံတကာဆက္ဆံေရးေကာ္မတီ ဥကၠ႒ ေဒၚျမတ္သီတာထြန္းတို႔ တက္ေရာက္ခဲ့ၾကသည္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ