ၾကားသိသမွ်

အမ်းမြို့ အောက်ရွာကြိုးတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၂ လက်ယူဆောင်၍ စွန့်ခွာထွက်ပြေး

အမ်းမြို့ အောက်ရွာကြိုးတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၂ လက်ယူဆောင်၍ စွန့်ခွာထွက်ပြေး

ဟိန်းစံ/ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

ရခိုင်ပြည်နယ်၊အမ်းမြို့၊မင်းဘူး-အမ်း-စစ်တွေလမ်းပေါ်ရှိ အောက်ရွာကြိုးတံတားစစ်ဆေးရေးဂိတ်တွင် လုံခြုံရေး ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ယမန်နေ့ မေလ ၂ ရက် နေ့လည်ပိုင်းက သေနတ် ၂ လက်ယူဆောင်၍ စစ်ကောင်စီတပ်ကိုစွန့်ခွာCDM ပြုလုပ်ထွက်ပြေးနေကြောင်း အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အသိုင်း အဝိုင်းထံကသိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် ဌေးအောင် ဆိုသူဖြစ်ပြီး ၄င်းကိုင်ဆောင်သည့် MA – 1 သေနတ်အပြင် ၄င်းနှင့်အတူလုံခြုံရေးကျနေသည့် တပ်ကြပ်ကြီး တိုးဝေ၏ MA – 3 သေနတ်ကိုပါ ယူဆောင်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။

” မနေ့ နေ့လည် ၁ နာရီလောက်ကထွက်ပြေးတာ။ တခြားသူတွေမရှိတဲ့အချိန်ဖြစ်မယ်။ သူကိုင်တဲ့သေနတ်ရယ်၊ သူနဲ့အတူစောင့်တဲ့ တပ်ကြပ်ကြီးတယောက် သေနတ်ရယ် ၂ လက်ယူပြီး ပြေးသွားတာ။ သေနတ်တွေက ကျည်ဆံအပြည့်ပါတယ်” ဟု အမ်းမြို့ နပခမှ စစ်ဘက်သတင်းရင်း မြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသွားသူ ဒုတပ်ကြပ် ဌေးအောင်သည်အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းစခန်းရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဒုတပ်ကြပ် ဌေးအောင် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံရှာဖွေနေသော်လည်း လက်ရှိအချိန်အထိ ပြန်တွေ့ရှိခြင်းမရှိကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများဘက်မှလည်း CDM ပြု လုပ်လိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ချိတ်ဆက်၍ CDM ပြုလုပ်နိုင်ပြီး လက်နက်အပြည့်အစုံဖြင့် CDM ပြု လုပ်လာပါက ကျပ်ငွေ သိန်း ၆၀ ပေး အပ်ချီးမြှင့်မည့်အ ပြင် စားဝတ်နေရေးအတွက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ တရားဝင် CDM ပြုလုပ်လာသူ ၃၀၀၀ ဝန်းကျင်ရှိပြီဖြစ်ပြီး အဆိုပါ CDM တပ်မတော်သားများအပါအဝင် အ ကြောင်းအမျိုးမျိုးဖြင့်စစ်ကောင်စီတပ်ကိုစွန့်ခွာနေသူ ၁ သောင်းနီးပါးရှိပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလ တတိယအပတ်အတွင်းပြောကြားသည့် မိန်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

အမ္းၿမိဳ႕ ေအာက္ရြာႀကိဳးတံတားစစ္ေဆးေရးဂိတ္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦး ေသနတ္ ၂ လက္ယူေဆာင္၍ စြန္႔ခြာထြက္ေျပး

ဟိန္းစံ/ဧရာဝတီတိုင္းမ္
ေမလ ၃ ရက္

ရခိုင္ျပည္နယ္၊အမ္းၿမိဳ႕၊မင္းဘူး-အမ္း-စစ္ေတြလမ္းေပၚရွိ ေအာက္ရြာႀကိဳးတံတားစစ္ေဆးေရးဂိတ္တြင္ လုံျခဳံေရး က်ေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦး ယမန္ေန႔ ေမလ ၂ ရက္ ေန႔လည္ပိုင္းက ေသနတ္ ၂ လက္ယူေဆာင္၍ စစ္ေကာင္စီတပ္ကိုစြန္႔ခြာCDM ျပဳလုပ္ထြက္ေျပးေနေၾကာင္း အမ္းၿမိဳ႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(နပခ) အသိုင္း အဝိုင္းထံကသိရသည္။

အဆိုပါ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မွာ ဒုတပ္ၾကပ္ ေဌးေအာင္ ဆိုသူျဖစ္ၿပီး ၄င္းကိုင္ေဆာင္သည့္ MA – 1 ေသနတ္အျပင္ ၄င္းႏွင့္အတူလုံျခဳံေရးက်ေနသည့္ တပ္ၾကပ္ႀကီး တိုးေဝ၏ MA – 3 ေသနတ္ကိုပါ ယူေဆာင္၍ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္းသိရသည္။

” မေန႔ ေန႔လည္ ၁ နာရီေလာက္ကထြက္ေျပးတာ။ တျခားသူေတြမရွိတဲ့အခ်ိန္ျဖစ္မယ္။ သူကိုင္တဲ့ေသနတ္ရယ္၊ သူနဲ႔အတူေစာင့္တဲ့ တပ္ၾကပ္ႀကီးတေယာက္ ေသနတ္ရယ္ ၂ လက္ယူၿပီး ေျပးသြားတာ။ ေသနတ္ေတြက က်ည္ဆံအျပည့္ပါတယ္” ဟု အမ္းၿမိဳ႕ နပခမွ စစ္ဘက္သတင္းရင္း ျမစ္တဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

စစ္ေကာင္စီတပ္ကိုစြန္႔ခြာထြက္ေျပးသြားသူ ဒုတပ္ၾကပ္ ေဌးေအာင္သည္အမ္းၿမိဳ႕အေျခစိုက္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(နပခ)တိုင္းစခန္း႐ုံးမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ဒုတပ္ၾကပ္ ေဌးေအာင္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ထြက္ေျပးသြားၿပီးေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အပူတျပင္းလိုက္လံရွာေဖြေနေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္ေတြ႕ရွိျခင္းမရွိေၾကာင္း သိရသည္။

ေတာ္လွန္ေရးအင္အားစုမ်ားဘက္မွလည္း CDM ျပဳ လုပ္လိုပါက သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားျဖင့္ခ်ိတ္ဆက္၍ CDM ျပဳလုပ္နိုင္ၿပီး လက္နက္အျပည့္အစုံျဖင့္ CDM ျပဳ လုပ္လာပါက က်ပ္ေငြ သိန္း ၆၀ ေပး အပ္ခ်ီးျမႇင့္မည့္အ ျပင္ စားဝတ္ေနေရးအတြက္ တာဝန္ယူေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ကိုစြန္႔ခြာ၍ တရားဝင္ CDM ျပဳလုပ္လာသူ ၃၀၀၀ ဝန္းက်င္ရွိၿပီျဖစ္ၿပီး အဆိုပါ CDM တပ္မေတာ္သားမ်ားအပါအဝင္ အ ေၾကာင္းအမ်ိဳးမ်ိဳးျဖင့္စစ္ေကာင္စီတပ္ကိုစြန္႔ခြာေနသူ ၁ ေသာင္းနီးပါးရွိၿပီျဖစ္ေၾကာင္း NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ဧၿပီလ တတိယအပတ္အတြင္းေျပာၾကားသည့္ မိန္ခြန္းတြင္ ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရသည္။