ၾကားသိသမွ်

”Zoom ဆော့ဖ်ဝဲရဲ့အစ အချစ်က” ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်

ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်

”Zoom ဆော့ဖ်ဝဲရဲ့အစ အချစ်က” လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲရစ်ယွမ်က တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားတယ်။ သူ့ချစ်သူကို တွေ့ရင်ချင် ၁၀ နာရီလောက် ရထားစီးသွားရတော့ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးရင်း ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားတယ်။ ဒါက သူ့အိပ်မက်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၁၇ နှစ်သားလေး အဲရစ်ယွမ်က နှစ် ၂၀ ကျော်ကြာတဲ့အထိ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။


အဲရစ်ယွမ်ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ မွေးတယ်။ သူ့မိဘတွေက သတ္တုတွင်း အင်ဂျင်နီယာတွေ။ ငယ်ငယ်ကတည်းက စီးပွားရေးအကွက်မြင်တယ်လို့ ပြောရမလားပဲ။ ၄ တန်းကျောင်းသားအရွယ်မှာကတည်းက အတိုအစတွေကို ပြန်ရောင်းပြီး ငွေရှာနေတတ်ပြီ။

အထက်တန်းကျောင်းပြီးတော့ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ အသုံးချသင်္ချာဘာသာရပ်ယူပြီး ဘွဲ့ရတယ်။ ပြီးတော့ တရုတ်နိုင်ငံ မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှာ သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မာစတာဘွဲ့ ထပ်ယူတယ်။ မာစတာဘွဲ့ သင်တန်းတက်နေတုန်းမှာပဲ သူ့ချစ်သူ ရှာရီနဲ့ အိမ်ထောင်ပြုပြီး ဘေဂျင်းမှာပဲ အခြေချလိုက်တယ်။

အဲရစ်ယွမ်ရဲ့အိပ်မက်တွေကို တစ်ကျော့ပြန် နိုးဆွပေးသူက ဘီလ်ဂိတ်လို့ ပြောရမယ်။ အဲရစ်ယွမ်က အိမ်ထောင်ကျပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ ၁၉၉၅ ခုနှစ်မှာ ဘီလ်ဂိတ်က ဂျပန်ကို ရောက်လာပြီး မိန့်ခွန်းပြောသွားတယ်။ သူ့မိန့်ခွန်းထဲမှာ ဆီလီကွန်တောင်ကြားအကြောင်း ပါတယ်။ အဲဒီစကား ကြားလိုက်ရကတည်းက အမေရိကန်ကို သူ သွားချင်နေပြီ။ ဒါပေမဲ့ သူ့ဇာတာက ဆိုးတယ်လို့ပဲ ပြောရမလား။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တာ ၈ ကြိမ်တောင် ပယ်ချခံရတယ်။ ပြီးတော့ သူက အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်ဘူး။


ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။ ၁၉၉၇ မှာတော့ ၉ ကြိမ်မြောက် ဗီဇာလျှောက်တာ အောင်မြင်ခဲ့ပြီး သူ အမေရိကန်ကို ရောက်လာခဲ့တယ်။ ဗီဒီယိုကွန်ဖရန့်နည်းပညာ application တွေရေးတဲ့ WebEx မှာ သူ အလုပ်ဝင်လုပ်တယ်။ ရေငတ်တုန်း ရေတွင်းတယ်ကျတယ်ပဲ ဆိုရမလား။ သူ့အိပ်မက်နဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်နေရတော့ အဲရစ်ယွမ်က အမြဲတမ်းတကုပ်ကုပ် လုပ်နေတာပဲတဲ့။ ၂၀၀၇ ခုနှစ်မှာ WebEx ကို Cisco Systems က ဝယ်လိုက်တယ်။ အဲဒီနှစ်မှာပဲ အဲရစ်ယွမ်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပါပြီ။

နောက် ၄ နှစ်ကြာချိန်မှာ သူက စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ ဗီဒီယိုကွန်းဖရန့်စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူ့အကြံကို လက်မခံဘူး။ ပယ်ချလိုက်တယ်။ ဒီတော့ အဲရစ်ယွမ်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်တယ်။ သူ့ဇနီးကတော့ အလုပ်ထွက်မှာကို မလိုလားဘူး။ ” ဒီခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် မကြိုးစားဘူးဆိုရင် ဘဝမှာ နောင်တရနေလိမ့်မယ်” လို့ အဲရစ်ယွမ်က ပြောခဲ့ဖူးပါတယ်။ အင်ဂျင်နီယာအယောက် ၄၀ နဲ့ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီက Saasbee, Inc. တဲ့။ နောက်တော့မှ Zoom Communications ဖြစ်လာတာပါ။ အဲဒီအချိန်မှာ လူတော်တော်များများက ဗီဒီယိုတယ်လီဖုန်းဈေးကွက်မှာ ဝေစုတွေ ပြည့်နေပြီလို့ ထင်ကြတာကြောင့် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ၂ လလောက်ကြာတော့မှ WebEx ကို တည်ထောင်သူ ဆူဘရာအိုင်ယာ၊ Cisco ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဒန်ရှိန်းမန်းနဲ့ နောက်ထပ် မတည်သူ ၃ ယောက်က ဒေါ်လာ ၃ သန်း မြှုပ်နှံခဲ့ကြတယ်။

၂၀၁၂ မှာတော့ လူ ၁၅ ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်နိုင်ခဲ့တယ်။ Zoom ရဲ့ ပထမဆုံးဖောက်သည်ကတော့ စတန်းဖို့ဒ်တက္ကသိုလ်ပဲ။ အဲရစ်ယွမ်ကလည်း စတန်းဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့သူလေ။ နောက်တစ်နှစ်ကြာတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၆ သန်း ထပ်ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ Zoom ကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Zoom ကို စတင်နိုင်ချိန်မှာ အဲရစ်ယွမ်က ၄၃ နှစ် ရှိနေပါပြီ။ ၁၇ နှစ်အရွယ်က အိပ်မက်ကို ၂၆ နှစ်အကြာမှာ အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။


Zoom ရဲ့ version 1.0 မှာ လူ ၂၅ ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီ။ Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ ၄ သိန်းအထိ ရှိခဲ့ပြီး နောက် ၄ လအကြာမှာတော့ အသုံးပြုသူ ၁ သန်းပြည့်သွားတယ်။ ၄ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အမြတ်ငွေစရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ Zoom အသုံးပြုသူတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် အမြတ်ငွေစရပြီး ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အဲရစ်ယွမ်ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Zoom ရဲ့ ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးဖြစ်သွားချိန်မှာ အဲရစ်ယွမ်ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅ ဘီလျံလောက် ဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ကျသွားခဲ့ပါတယ်။

ကြွယ်ဝမှုပမာဏ ကျဆင်းသွားခဲ့ပေမဲ့ အဲရစ်ယွမ်ရဲ့ အောင်မြင်မှုကတော့ တည်တံ့နေတုန်းပါပဲ။ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သလို ဗီဇာ ၈ ကြိမ်တောင် ပယ်ချခံခဲ့ရသူတစ်ယောက်ဟာ အခုချိန်မှာတော့ ဆီလီကွန်တောင်ကြားရဲ့ ဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ၅၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်နိုင်ငံသား အဲရစ်ယွမ်ပါပဲ။ Zoom ကို အသုံးပြုသူတွေ အခက်အခဲ ကြုံရတဲ့အခါ အဲရစ်ယွမ်က ကုမ္ပဏီဝန်ထမ်းတွေကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးတတ်သူပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဲရစ်ယွမ်ရဲ့ အမှာစကားကတော့ ကုမ္ပဏီစထောင်မယ်ဆိုကတည်းက ကုမ္ပဏီရဲ့ ယုံကြည်ချက်နဲ့ နှုန်းစံတန်ဖိုးတွေကို အခိုင်အမာတည်ဆောက်ကြပါတဲ့။

Ref: Indian Express & The Dreamer
Team ( ရိုးရာလေး)

Zawgyi

ခ်စ္သူကို ေတြ႕ခ်င္ၿပီး ေနာင္တရမွာစိုးလို႔ Zoom ေဆာ့ဖ္ဝဲကို တီထြင္ခဲ့သူ အဲရစ္ယြမ္

”Zoom ေဆာ့ဖ္ဝဲရဲ့အစ အခ်စ္က” လို႔ ေျပာရင္ လြန္မယ္မထင္ဘူး။ အဲရစ္ယြမ္က တကၠသိုလ္ ပထမႏွစ္ေက်ာင္းသားဘဝမွာ ရည္းစားထားတယ္။ သူ႔ခ်စ္သူကို ေတြ႕ရင္ခ်င္ ၁၀ နာရီေလာက္ ရထားစီးသြားရေတာ့ ဒီထက္ ပိုလြယ္မယ့္နည္းလမ္းေတြကို ေတြးရင္း ႐ုပ္ျမင္ရတဲ့ တယ္လီဖုန္း ေဆာ့ဖ္ဝဲရွိရင္ ေကာင္းမယ္လို႔ သူ အႀကံရသြားတယ္။ ဒါက သူ႔အိပ္မက္ပဲ။ အဲဒီအခ်ိန္တုန္းက သူ႔အသက္ ၁၇ ႏွစ္ပဲ ရွိေသးတယ္။ ၁၇ ႏွစ္သားေလး အဲရစ္ယြမ္က ႏွစ္ ၂၀ ေက်ာ္ၾကာတဲ့အထိ သူ႔အိပ္မက္ကို မစြန႔္လႊတ္ခဲ့ပါဘူး။

အဲရစ္ယြမ္ကို တ႐ုတ္နိုင္ငံ ရွန္ေဒါင္းျပည္နယ္မွာ ေမြးတယ္။ သူ႔မိဘေတြက သတၱဳတြင္း အင္ဂ်င္နီယာေတြ။ ငယ္ငယ္ကတည္းက စီးပြားေရးအကြက္ျမင္တယ္လို႔ ေျပာရမလားပဲ။ ၄ တန္းေက်ာင္းသားအရြယ္မွာကတည္းက အတိုအစေတြကို ျပန္ေရာင္းၿပီး ေငြရွာေနတတ္ၿပီ။ အထက္တန္းေက်ာင္းၿပီးေတာ့ ရွန္ေဒါင္းသိပၸံနဲ႔ နည္းပညာတကၠသိုလ္မွာ အသုံးခ်သခၤ်ာဘာသာရပ္ယူၿပီး ဘြဲ႕ရတယ္။ ၿပီးေတာ့ တ႐ုတ္နိုင္ငံ မိုင္းတူးေဖာ္ေရးနဲ႔ နည္းပညာတကၠသိုလ္မွာ သတၱဳတြင္းအင္ဂ်င္နီယာဘာသာရပ္နဲ႔ မာစတာဘြဲ႕ ထပ္ယူတယ္။ မာစတာဘြဲ႕ သင္တန္းတက္ေနတုန္းမွာပဲ သူ႔ခ်စ္သူ ရွာရီနဲ႔ အိမ္ေထာင္ျပဳၿပီး ေဘဂ်င္းမွာပဲ အေျခခ်လိုက္တယ္။

အဲရစ္ယြမ္ရဲ့အိပ္မက္ေတြကို တစ္ေက်ာ့ျပန္ နိုးဆြေပးသူက ဘီလ္ဂိတ္လို႔ ေျပာရမယ္။ အဲရစ္ယြမ္က အိမ္ေထာင္က်ၿပီးေနာက္ ဂ်ပန္နိုင္ငံမွာ အလုပ္သြားလုပ္တယ္။ ၁၉၉၅ ခုႏွစ္မွာ ဘီလ္ဂိတ္က ဂ်ပန္ကို ေရာက္လာၿပီး မိန႔္ခြန္းေျပာသြားတယ္။ သူ႔မိန႔္ခြန္းထဲမွာ ဆီလီကြန္ေတာင္ၾကားအေၾကာင္း ပါတယ္။ အဲဒီစကား ၾကားလိုက္ရကတည္းက အေမရိကန္ကို သူ သြားခ်င္ေနၿပီ။ ဒါေပမဲ့ သူ႔ဇာတာက ဆိုးတယ္လို႔ပဲ ေျပာရမလား။ အေမရိကန္သြားဖို႔ ဗီဇာ ေလၽွာက္တာ ၈ ႀကိမ္ေတာင္ ပယ္ခ်ခံရတယ္။ ၿပီးေတာ့ သူက အဂၤလိပ္စကားလည္း ေကာင္းေကာင္းမေျပာတတ္ဘူး။

ဒါေပမဲ့ သူ လက္မေလၽွာ့ခဲ့ဘူး။ ၁၉၉၇ မွာေတာ့ ၉ ႀကိမ္ေျမာက္ ဗီဇာေလၽွာက္တာ ေအာင္ျမင္ခဲ့ၿပီး သူ အေမရိကန္ကို ေရာက္လာခဲ့တယ္။ ဗီဒီယိုကြန္ဖရန႔္နည္းပညာ application ေတြေရးတဲ့ WebEx မွာ သူ အလုပ္ဝင္လုပ္တယ္။ ေရငတ္တုန္း ေရတြင္းတယ္က်တယ္ပဲ ဆိုရမလား။ သူ႔အိပ္မက္နဲ႔ ကိုက္ညီတဲ့အလုပ္ကို လုပ္ေနရေတာ့ အဲရစ္ယြမ္က အျမဲတမ္းတကုပ္ကုပ္ လုပ္ေနတာပဲတဲ့။ ၂၀၀၇ ခုႏွစ္မွာ WebEx ကို Cisco Systems က ဝယ္လိုက္တယ္။ အဲဒီႏွစ္မွာပဲ အဲရစ္ယြမ္လည္း အင္ဂ်င္နီယာပိုင္းဆိုင္ရာ ဒုတိယဥကၠ႒ ျဖစ္ေနပါၿပီ။

ေနာက္ ၄ ႏွစ္ၾကာခ်ိန္မွာ သူက စမတ္ဖုန္းေတြနဲ႔ အသုံးျပဳနိုင္တဲ့ ဗီဒီယိုကြန္းဖရန႔္စနစ္တစ္ခု ဖန္တီးဖို႔ အဆိုျပဳတယ္။ ဒါေပမဲ့ ကုမၸဏီဘက္က သူ႔အႀကံကို လက္မခံဘူး။ ပယ္ခ်လိုက္တယ္။ ဒီေတာ့ အဲရစ္ယြမ္လည္း အလုပ္ထြက္ၿပီး ကိုယ္ပိုင္ကုမၸဏီေထာင္လိုက္တယ္။ သူ႔ဇနီးကေတာ့ အလုပ္ထြက္မွာကို မလိုလားဘူး။ ” ဒီခရီးက ရွည္လ်ားၿပီး ခက္ခဲၾကမ္းတမ္းမယ္ဆိုတာ ကိုယ္ သိပါတယ္။ ဒါေပမဲ့ ကိုယ္ မႀကိဳးစားဘူးဆိုရင္ ဘဝမွာ ေနာင္တရေနလိမ့္မယ္” လို႔ အဲရစ္ယြမ္က ေျပာခဲ့ဖူးပါတယ္။ အင္ဂ်င္နီယာအေယာက္ ၄၀ နဲ႔ စတင္ခဲ့တဲ့ သူ႔ကုမၸဏီက Saasbee, Inc. တဲ့။ ေနာက္ေတာ့မွ Zoom Communications ျဖစ္လာတာပါ။ အဲဒီအခ်ိန္မွာ လူေတာ္ေတာ္မ်ားမ်ားက ဗီဒီယိုတယ္လီဖုန္းေဈးကြက္မွာ ေဝစုေတြ ျပည့္ေနၿပီလို႔ ထင္ၾကတာေၾကာင့္ သူ႔ကုမၸဏီမွာ ရင္းႏွီးျမႇုပ္ႏွံမႈ မလုပ္ခ်င္ၾကဘူး။ ၂ လေလာက္ၾကာေတာ့မွ WebEx ကို တည္ေထာင္သူ ဆူဘရာအိုင္ယာ၊ Cisco ရဲ့ ဒုတိယဥကၠ႒ေဟာင္း ဒန္ရွိန္းမန္းနဲ႔ ေနာက္ထပ္ မတည္သူ ၃ ေယာက္က ေဒၚလာ ၃ သန္း ျမႇုပ္ႏွံခဲ့ၾကတယ္။

၂၀၁၂ မွာေတာ့ လူ ၁၅ ေယာက္ ပါဝင္ေဆြးေႏြးနိုင္တဲ့ beta version စထုတ္နိုင္ခဲ့တယ္။ Zoom ရဲ့ ပထမဆုံးေဖာက္သည္ကေတာ့ စတန္းဖို႔ဒ္တကၠသိုလ္ပဲ။ အဲရစ္ယြမ္ကလည္း စတန္းဖို႔ဒ္တကၠသိုလ္မွာ တက္ခဲ့သူေလ။ ေနာက္တစ္ႏွစ္ၾကာေတာ့ ရင္းႏွီးျမႇုပ္ႏွံေငြ ေဒၚလာ ၆ သန္း ထပ္ရၿပီး ၂၀၁၃ ခုႏွစ္ ဇန္နဝါရီမွာ Zoom ကို စတင္မိတ္ဆက္နိုင္ခဲ့တယ္။ Zoom ကို စတင္နိုင္ခ်ိန္မွာ အဲရစ္ယြမ္က ၄၃ ႏွစ္ ရွိေနပါၿပီ။ ၁၇ ႏွစ္အရြယ္က အိပ္မက္ကို ၂၆ ႏွစ္အၾကာမွာ အေကာင္အထည္ေဖာ္နိုင္ခဲ့တာေပါ့။

Zoom ရဲ့ version 1.0 မွာ လူ ၂၅ ေယာက္အထိ ပါဝင္ေဆြးေႏြးလို႔ရေနၿပီ။ Zoom စတင္တဲ့ ပထမဆုံးလမွာ အသုံးျပဳသူ ၄ သိန္းအထိ ရွိခဲ့ၿပီး ေနာက္ ၄ လအၾကာမွာေတာ့ အသုံးျပဳသူ ၁ သန္းျပည့္သြားတယ္။ ၄ ႏွစ္အၾကာမွာေတာ့ အေမရိကန္ေဒၚလာ ၁ ဘီလ်ံတန္ေၾကးရွိတဲ့ ကုမၸဏီစာရင္း ဝင္သြားခဲ့ပါၿပီ။ ၂၀၁၉ ခုႏွစ္မွာ ပထမဆုံး အျမတ္ေငြစရခဲ့ၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါကာလမွာေတာ့ Zoom အသုံးျပဳသူေတြ တဟုန္ထိုး ျမင့္တက္လာခဲ့တာပါ။ ဒါေၾကာင့္ အျမတ္ေငြစရၿပီး ၂ ႏွစ္မျပည့္ခင္ အခ်ိန္အတြင္းမွာပဲ အဲရစ္ယြမ္ရဲ့ အသားတင္ႂကြယ္ဝမႈက အေမရိကန္ေဒၚလာ ၁၇ ဘီလ်ံအထိ ရွိလာခဲ့ပါတယ္။ Zoom ရဲ့ ရွယ္ယာတန္ဖိုးေတြ အျမင့္ဆုံးျဖစ္သြားခ်ိန္မွာ အဲရစ္ယြမ္ရဲ့ႂကြယ္ဝမႈက ေဒၚလာ ၂၅ ဘီလ်ံေလာက္ ျဖစ္သြားခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ ျပန္က်သြားခဲ့ပါတယ္။

ႂကြယ္ဝမႈပမာဏ က်ဆင္းသြားခဲ့ေပမဲ့ အဲရစ္ယြမ္ရဲ့ ေအာင္ျမင္မႈကေတာ့ တည္တံ့ေနတုန္းပါပဲ။ အဂၤလိပ္စကား ေကာင္းေကာင္းမေျပာတတ္သလို ဗီဇာ ၈ ႀကိမ္ေတာင္ ပယ္ခ်ခံခဲ့ရသူတစ္ေယာက္ဟာ အခုခ်ိန္မွာေတာ့ ဆီလီကြန္ေတာင္ၾကားရဲ့ ဘီလ်ံနာတစ္ေယာက္ ျဖစ္ေနပါၿပီ။ သူကေတာ့ ၅၂ ႏွစ္ပဲ ရွိေသးတဲ့ အေမရိကန္နိုင္ငံသား အဲရစ္ယြမ္ပါပဲ။ Zoom ကို အသုံးျပဳသူေတြ အခက္အခဲ ၾကဳံရတဲ့အခါ အဲရစ္ယြမ္က ကုမၸဏီဝန္ထမ္းေတြကို မခိုင္းဘဲ ကိုယ္တိုင္ကိုယ္က် ဝင္ေရာက္ေျဖရွင္းေပးတတ္သူပါ။ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ ျဖစ္ခ်င္တဲ့ လူငယ္ေတြအတြက္ အဲရစ္ယြမ္ရဲ့ အမွာစကားကေတာ့ ကုမၸဏီစေထာင္မယ္ဆိုကတည္းက ကုမၸဏီရဲ့ ယုံၾကည္ခ်က္နဲ႔ ႏႈန္းစံတန္ဖိုးေတြကို အခိုင္အမာတည္ေဆာက္ၾကပါတဲ့။

Ref: Indian Express & The Dreamer
Team ( ရိုးရာေလး)