ၾကားသိသမွ်

ကရင်နီပြည်နယ်၊ လောပိတ လုံခြုံရေးရဲကင်းမှ ရဲကင်း ၈ ဦး လ က် န က်များနှင့်အတူ ဖမ်းမိသည့် ဗီဒီယိုထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လောပိတ လုံခြုံရေးရဲကင်းမှ ရဲကင်း ၈ ဦး လက်နက်များနှင့်အတူ ဖမ်းမိသည့် ဗီဒီယိုထုတ်ပြန် (ရုပ်/သံ)

ရန်ကုန်၊ မေ ၃

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတ ရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ ၈ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ် ထားလဲမှ ဘောလခဲမြို့ နယ် နန်းဖဲဘက်သို့ ထိုးဖောက်နိုင်ရန် စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ရှမ်းပြည် နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ကရင်နီ ပြည်နယ်သို့ စစ်ကား ၃၀ စီး ပါ ယာဥ်တန်းဖြင့် အင်အားဖြည့်တင်းလျက်ရှိကြောင်း KNDF က ဆိုသည်။

ဧပြီလ ၂၉ ရက်တွင် လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းကို ကရင်နီတပ်မ တော် KA နှင့် KNDF တပ်ဖွဲ့ဝင်များက အလစ်ဝင်စီးခဲ့ပြီး လုံခြုံရေးရဲ ၈ ဦးကို လက်နက် ၈ လက် ကျည်ဆံများနှင့် အတူ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲအပ်ထားကြောင်း သိရှိရသည်။

Video Credit- Karenni Nationalities Defense Force -KNDF B-10 ။

ကရင္နီျပည္နယ္၊ ေလာပိတ လုံျခဳံေရးရဲကင္းမွ ရဲကင္း ၈ ဦး လက္နက္မ်ားႏွင့္အတူ ဖမ္းမိသည့္ ဗီဒီယိုထုတ္ျပန္ (႐ုပ္/သံ)

ရန္ကုန္၊ ေမ ၃

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ ေလာပိတ ေရလၽွံထိန္း လုံျခဳံေရးရဲကင္းမွ ရဲ ၈ ဦးကို လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF က သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္ ဖ႐ူဆိုၿမိဳ႕နယ္ ထားလဲမွ ေဘာလခဲၿမိဳ႕ နယ္ နန္းဖဲဘက္သို႔ ထိုးေဖာက္နိုင္ရန္ စစ္ေၾကာင္းထိုးလ်က္ရွိေၾကာင္း၊ ရွမ္းျပည္ နယ္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္မွ ကရင္နီ ျပည္နယ္သို႔ စစ္ကား ၃၀ စီး ပါ ယာဥ္တန္းျဖင့္ အင္အားျဖည့္တင္းလ်က္ရွိေၾကာင္း KNDF က ဆိုသည္။

ဧၿပီလ ၂၉ ရက္တြင္ ေလာပိတ ေရလၽွံထိန္းလုံျခဳံေရးရဲကင္းကို ကရင္နီတပ္မ ေတာ္ KA ႏွင့္ KNDF တပ္ဖြဲ႕ဝင္မ်ားက အလစ္ဝင္စီးခဲ့ၿပီး လုံျခဳံေရးရဲ ၈ ဦးကို လက္နက္ ၈ လက္ က်ည္ဆံမ်ားႏွင့္ အတူ လူ႔ဂုဏ္သိကၡာႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းထားၿပီး အေရးယူေဆာင္ရြက္နိုင္ရန္အတြက္ ကရင္နီျပည္ရဲဌာန (KSP) သို႔ လႊဲအပ္ထားေၾကာင္း သိရွိရသည္။

Video Credit- Karenni Nationalities Defense Force -KNDF B-10 ။