ၾကားသိသမွ်

လျှပ်စစ်/စွမ်းအင် ဝန်ကြီးဦးအောင်သန်းဦးနှင့် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် တို့ ရာထူးမှ ဖယ်ရှားခံရ

လျှပ်စစ်/စွမ်းအင် ဝန်ကြီးနှင့် ရဲချုပ်တို့ ရာထူးမှ ဖယ်ရှားခံရ

ဧရာဝတီ၊ မေ ၃၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ခန့်အပ်ထားသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦးနှင့် ပြည်ထဲရေးဒုဝန်ကြီး၊ ရဲချုပ်တာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အား မေလ ၂ ရက်နေ့တွင် ရာထူးမှဖယ်ရှားကာ အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် စွမ်းအင်ကဏ္ဍတွင်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စွန့်ခွာလျှက်ရှိ ချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဟုဆိုကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ခွဲထုတ်လိုက်ပြီး ဦးသောင်းဟန်အား ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ကာ ဝန်ကြီးဌာနနှစ်ခု၏ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးကြောင်းလည်း ကြေညာခဲ့သည်။

ယင်းအပြင် ရာထူးမှဖယ်ရှားလိုက်သည့် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်ဘက်ရာထူးဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြန်လည်ထမ်းဆောင်မည်ဖြစ်ပြီး ၎င်း၏နေရာတွင် တွဲဖက်စစ်ရေးချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ် ဇင်မင်းထက်အား ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ဒုဝန်ကြီးခန့်အပ်မှုများအနေဖြင့်လည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာမိုးဇော်ထွန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးမင်းသူ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာအောင်ဇေယျ၊ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးသန့်စင်တို့အား ခန့်အပ်ကြောင်းလည်း စစ်ကောင်စီကကြေညာသည်။

ဌာနပြောင်းရွေ့တာဝန်ပေးမှုအနေဖြင့်လည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးထွန်းအုံအား သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ဝန်ကြီးဌာန ပြောင်းလည်းခန့်အပ်ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ ဦးမင်းမင်းဦးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

လၽွပ္စစ္/စြမ္းအင္ ဝန္ႀကီးႏွင့္ ရဲခ်ဳပ္တို႔ ရာထူးမွ ဖယ္ရွားခံရ

ဧရာဝတီ၊ ေမ ၃၊ ၂၀၂၂

အာဏာသိမ္းစစ္ေကာင္စီက ၎တို႔ခန႔္အပ္ထားသည့္ လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန ဝန္ႀကီးဦးေအာင္သန္းဦးႏွင့္ ျပည္ထဲေရးဒုဝန္ႀကီး၊ ရဲခ်ဳပ္တာဝန္မ်ားယူထားသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလွိုင္တို႔အား ေမလ ၂ ရက္ေန႔တြင္ ရာထူးမွဖယ္ရွားကာ အစားထိုးခန႔္အပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

တနိုင္ငံလုံးအတိုင္းအတာျဖင့္ လၽွပ္စစ္မီးမ်ား ျပတ္ေတာက္ျခင္းႏွင့္ စြမ္းအင္က႑တြင္လည္း နိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား စြန႔္ခြာလၽွက္ရွိ ခ်ိန္တြင္ လၽွပ္စစ္ႏွင့္စြမ္းအင္က႑အား ပိုမိုထိေရာက္စြာေဆာင္ရြက္နိုင္ရန္ဟုဆိုကာ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအား လၽွပ္စစ္စြမ္းအား ဝန္ႀကီးဌာနႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအျဖစ္ ခြဲထုတ္လိုက္ၿပီး ဦးေသာင္းဟန္အား ဝန္ႀကီးအျဖစ္ အစားထိုးခန႔္အပ္ကာ ဝန္ႀကီးဌာနႏွစ္ခု၏ဝန္ႀကီးအျဖစ္ ပူးတြဲတာဝန္ေပးေၾကာင္းလည္း ေၾကညာခဲ့သည္။

ယင္းအျပင္ ရာထူးမွဖယ္ရွားလိုက္သည့္ ဒုဗိုလ္ခ်ဳပ္ႀကီးသန္းလွိုင္မွာ စစ္ဘက္ရာထူးျဖစ္သည့္ စစ္ဆင္ေရး အထူးအဖြဲ႕မႉး တာဝန္ ျပန္လည္ထမ္းေဆာင္မည္ျဖစ္ၿပီး ၎၏ေနရာတြင္ တြဲဖက္စစ္ေရးခ်ဳပ္တာဝန္ယူခဲ့သူ ဗိုလ္ခ်ဳပ္ ဇင္မင္းထက္အား ျပည္ထဲေရး ဒုဝန္ႀကီးႏွင့္ ရဲခ်ဳပ္အျဖစ္ အစားထိုးခန႔္အပ္ခဲ့သည္။

ဒုဝန္ႀကီးခန႔္အပ္မႈမ်ားအေနျဖင့္လည္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ ေဒါက္တာမိုးေဇာ္ထြန္း၊ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ ဦးမင္းသူ၊ လၽွပ္စစ္စြမ္းအားဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ ေဒါက္တာေအာင္ေဇယ်၊ စြမ္းအင္ဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ ဦးသန႔္စင္တို႔အား ခန႔္အပ္ေၾကာင္းလည္း စစ္ေကာင္စီကေၾကညာသည္။

ဌာနေျပာင္းေရြ႕တာဝန္ေပးမႈအေနျဖင့္လည္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးထြန္းအုံအား သယံဇာတႏွင့္ သဘာဝပတ္ ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ဝန္ႀကီးဌာန ေျပာင္းလည္းခန႔္အပ္ၿပီး သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္း ေရး ဝန္ႀကီးဌာန ဒုဝန္ႀကီးျဖစ္သူ ဦးမင္းမင္းဦးအား ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္ အျဖစ္ ေျပာင္းလဲခန႔္အပ္ခဲ့သည္။