ၾကားသိသမွ်

သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို ဟွန်ဆန်တောင်းဆို၊တွေ့ဆုံသင့်တဲ့အခြားသူတွေနဲ့သာတွေ့ဆုံဖို့ စစ်ခေါင်းဆောင်တုံ့ပြန်

သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို ဟွန်ဆန်တောင်းဆို၊

တွေ့ဆုံသင့်တဲ့အခြားသူတွေနဲ့သာတွေ့ဆုံဖို့ စစ်ခေါင်းဆောင်တုံ့ပြန်

ဖေအောင်/People’s Spring

ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုလိုက်ပါတယ်။

မနေ့က အွန်လိုင်းကနေ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမှုမှာဟွန်ဆန်က တောင်းဆိုလိုက်တာပါ။

မေလကုန်ပိုင်း အာဆီယံအထူးကိုယ်အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လာရောက်နိုင်ရေးစီစဉ်ဖို့ ၊ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ပေးဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဆွေးနွေးပါတယ်။

ဒါအပြင် ဖမ်းဆီးခံထားရတဲ့ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်းလွှတ်ပေးဖို့ တိုက်တွန်းပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဟွန်ဆန်ရဲ့ တောင်းဆိုမှုအပေါ် အခြားသော တွေ့ဆုံသင့်သူတွေနဲ့သာ တွေ့ဆုံဖို့ တုံ့ပြန်ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဟွန်ဆန်ဟာ မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းနိုင်ဖို့ဆိုပြီး ဒီနှစ်ဆန်းပိုင်းမှာ ဝေဖန်မှုတွေကြားထဲက နေပြည်တော်ကိုလာရောက်ကာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဟွန်ဆန်နေပြည်တော် ကိုခြေချတဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဂတိပုဒ်မ ၅ မှု နဲ့ ထပ်တိုးတရားစွဲတာမျိုးလုပ်ခဲ့ပါတယ်။

ဒါအပြင် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

ကုလသမဂ္ဂရေးရာ ကျွမ်းကျင်သူ တွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကတော့ မြန်မာ့အရေးဖြေရှင်းပေးဖို့ အာဆီယံ က ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ချက်ဟာ စစ်ကောင်စီက မလိုက်နာတဲ့အတွက် ကျရှုံးသွားပြီလို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီလုပ်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံဟာ NUG ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ တို့နဲ့ပူးပေါင်းပြီး နည်းလမ်းသစ်ရှာဖွေသင့်တယ်လို့လည်းအကြံပြုထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − AFP

သမၼတဦးဝင္းျမင့္၊ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ေတြ႕ဆုံခြင့္ရဖို႔ စစ္ေခါင္းေဆာင္ကို ဟြန္ဆန္ေတာင္းဆို၊
ေတြ႕ဆုံသင့္တဲ့အျခားသူေတြနဲ႔သာေတြ႕ဆုံဖို႔ စစ္ေခါင္းေဆာင္တုံ႔ျပန္

ေဖေအာင္/People’s Spring

ဖမ္းဆီးခံထားရတဲ့ သမၼတ ဦးဝင္းျမင့္ ၊ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေတြ႕ဆုံခြင့္ျပဳဖို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ကို အာဆီယံအလွည့္က် ဥကၠ႒ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေတာင္းဆိုလိုက္ပါတယ္။
မေန႔က အြန္လိုင္းကေန စစ္ေခါင္းေဆာင္နဲ႔ေတြ႕ဆုံမႈမွာဟြန္ဆန္က ေတာင္းဆိုလိုက္တာပါ။

ေမလကုန္ပိုင္း အာဆီယံအထူးကိုယ္အထူးကိုယ္စားလွယ္ရဲ့ ဒုတိယအႀကိမ္ေျမာက္ခရီးစဥ္လာေရာက္နိုင္ေရးစီစဥ္ဖို႔ ၊ ခရီးစဥ္အတြင္းမွာ သမၼတ ဦးဝင္းျမင့္ ၊ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ေတြ႕ဆုံခြင့္ေပးဖို႔ ဟြန္ဆန္က စစ္ေခါင္းေဆာင္ကို ေဆြးေႏြးပါတယ္။

ဒါအျပင္ ဖမ္းဆီးခံထားရတဲ့ NLD အစိုးရ စီးပြားေရးအႀကံေပး ၾသစေၾတးလ်နိုင္ငံသား ပါေမာကၡေရွာင္တာနယ္အပါအဝင္ နိုင္ငံေရးအက်ဥ္းသားေတြကိုလည္းလႊတ္ေပးဖို႔ တိုက္တြန္းပါေသးတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္က ဟြန္ဆန္ရဲ့ ေတာင္းဆိုမႈအေပၚ အျခားေသာ ေတြ႕ဆုံသင့္သူေတြနဲ႔သာ ေတြ႕ဆုံဖို႔ တုံ႔ျပန္ခဲ့တယ္လို႔ ကေမၻာဒီးယားအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ဟြန္ဆန္ဟာ ျမန္မာ့အေရးကိုၾကားဝင္ေျဖရွင္းနိုင္ဖို႔ဆိုၿပီး ဒီႏွစ္ဆန္းပိုင္းမွာ ေဝဖန္မႈေတြၾကားထဲက ေနျပည္ေတာ္ကိုလာေရာက္ကာ စစ္ေခါင္းေဆာင္နဲ႔ေတြ႕ဆုံခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဟြန္ဆန္ေနျပည္ေတာ္ ကိုေျခခ်တဲ့ေန႔မွာပဲ ေဒၚေအာင္ဆန္းစုၾကည္ကို ရဟတ္ယာဥ္ ဌားရမ္း၊ဝယ္ယူတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အဂတိပုဒ္မ ၅ မႈ နဲ႔ ထပ္တိုးတရားစြဲတာမ်ိဳးလုပ္ခဲ့ပါတယ္။

ဒါအျပင္ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သူ ကေမၻာဒီးယား နိုင္ငံျခားေရးဝန္ႀကီးရဲ့ ျမန္မာျပည္ခရီးစဥ္အတြင္းမွာလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခြင့္ မေပးခဲ့ပါဘူး။

ကုလသမဂၢေရးရာ ကၽြမ္းက်င္သူ ေတြနဲ႔ဖြဲ႕စည္းထားတဲ့ ျမန္မာနိုင္ငံဆိုင္ရာအထူးအႀကံေပးေကာင္စီကေတာ့ ျမန္မာ့အေရးေျဖရွင္းေပးဖို႔ အာဆီယံ က ခ်မွတ္ထားတဲ့ သေဘာတူညီခ်က္ ၅ ခ်က္ဟာ စစ္ေကာင္စီက မလိုက္နာတဲ့အတြက္ က်ရႈံးသြားၿပီလို႔ ေထာက္ျပေဝဖန္ထားပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီလုပ္ထားတဲ့ ျပႆနာေတြကို ေျဖရွင္းနိုင္ဖို႔အတြက္ အာဆီယံဟာ NUG ၊ကုလသမဂၢလုံျခဳံေရးေကာင္စီ တို႔နဲ႔ပူးေပါင္းၿပီး နည္းလမ္းသစ္ရွာေဖြသင့္တယ္လို႔လည္းအႀကံျပဳထားတာေတြ႕ရပါတယ္။

ဓာတ္ပုံ − AFP