ၾကားသိသမွ်

CRPH ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆုံးဖြတ်

CRPH ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆုံးဖြတ်

မေ ၃ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက် လက်ထားရှိဖို့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။

ဒါအပြင် မြန်မာပြည်သူတွေနဲ့ အတူတကွရပ်တည်ကြောင်း ပြသရန် ပြည် ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီကို မြန်မာနိုင်ငံမှာ ပီပြင်တဲ့လွှတ် တော်တစ်ရပ်ပေါ်ပေါက်တဲ့ အချိန်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိရန်နဲ့ IPU အ စည်းအဝေးတွေမှာ မဲပေးခွင့်မပြုသော လေ့လာသူ (Non-Voting Observer) အဖြစ် တက်ရောက်နိုင်ရေး IPU လည်းဆုံးဖြတ်ပေးခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အ ကြမ်းဖက်စစ်တပ်မှ ကျူးလွန်လျက် ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ စပ်လျဉ်းပြီး ထည့်သွင်း ချမှတ်အတည်ပြုတာတွေလုပ်ခဲ့တယ်လို့ ဆို ပါတယ်။

IPU အနေနဲ့ CRPH ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေ အနေတွေကို နိုင်ငံရေးသိမြင်မှု ပိုမိုမြှင့်တင်နိုင်ရန်နဲ့ စောင့်ကြည်သွား မှာ ဖြစ်တယ်လို့ IPU အထွေထွေအတွင်းရေးမှူးချုပ် မာတင်ချောင်ဂေါင်က CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံကို စာရေးသားပေးပို့ရာမှာ ဖော်ပြထားတာပါ။

CRPH က နိုင်ငံတကာပါလီမန်များအဖွဲ့နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ်တည် ဆောက်ထားပြီး IPU ရဲ့ အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့အနေနဲ့ လူကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ရေးစီစဉ် နေပါတယ်။

CRPH ရဲ့ လုပ်ငန်းတာဝန်တွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပြင်ပဆက် ဆံရေးကဏ္ဍ၊ နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးကဏ္ဍမှာ IPU ရဲ့ အကူအညီပေးရေး စီမံကိန်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

#PVTV

CRPH ကို ျမန္မာနိုင္ငံ ကိုယ္စားျပဳအဖြဲ႕အစည္းအျဖစ္ ဆက္လက္ထားရွိဖို႔ နိုင္ငံတကာပါလီမန္မ်ားအဖြဲ႕ (IPU) က ဆုံးျဖတ္

ေမ ၃ ၊ ၂၀၂၂

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ကို ျမန္မာနိုင္ငံရဲ့ ကိုယ္စားျပဳအဖြဲ႕အစည္းအျဖစ္ ဆက္ လက္ထားရွိဖို႔အတြက္ အင္ဒိုနီးရွားနိုင္ငံမွာ ျပဳလုပ္တဲ့ ၂၀၉ ႀကိမ္ေျမာက္ နိုင္ငံတကာပါလီမန္မ်ားအဖြဲ႕ အုပ္ခ်ဳပ္မႈ ေကာင္စီက ဆုံးျဖတ္ခဲ့တာပါ။

ဒါအျပင္ ျမန္မာျပည္သူေတြနဲ႔ အတူတကြရပ္တည္ေၾကာင္း ျပသရန္ ျပည္ ေထာင္စုလႊတ္ေတာ္ကိုယ္စား ျပဳေကာ္မတီကို ျမန္မာနိုင္ငံမွာ ပီျပင္တဲ့လႊတ္ ေတာ္တစ္ရပ္ေပၚေပါက္တဲ့ အခ်ိန္အထိ နိုင္ငံတကာ ပါလီမန္မ်ားအဖြဲ႕(IPU)မွာ ျမန္မာနိုင္ငံကိုယ္စားျပဳအဖြဲ႕အစည္းအျဖစ္ ဆက္လက္ထားရွိရန္နဲ႔ IPU အ စည္းအေဝးေတြမွာ မဲေပးခြင့္မျပဳေသာ ေလ့လာသူ (Non-Voting Observer) အျဖစ္ တက္ေရာက္နိုင္ေရး IPU လည္းဆုံးျဖတ္ေပးခဲ့ၾကပါတယ္။

ဆုံးျဖတ္ခ်က္ထဲမွာ ျမန္မာနိုင္ငံရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေပၚ အ ၾကမ္းဖက္စစ္တပ္မွ က်ဴးလြန္လ်က္ ရွိတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနမႈေတြနဲ႔ စပ္လ်ဥ္းၿပီး ထည့္သြင္း ခ်မွတ္အတည္ျပဳတာေတြလုပ္ခဲ့တယ္လို႔ ဆို ပါတယ္။

IPU အေနနဲ႔ CRPH ရဲ့ လုပ္ငန္းတာဝန္ေတြနဲ႔ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံ ရမႈမ်ားအပါအဝင္ ျမန္မာနိုင္ငံရဲ့ အေၿခ အေနေတြကို နိုင္ငံေရးသိျမင္မႈ ပိုမိုျမႇင့္တင္နိုင္ရန္နဲ႔ ေစာင့္ၾကည္သြား မွာ ျဖစ္တယ္လို႔ IPU အေထြေထြအတြင္းေရးမႉးခ်ဳပ္ မာတင္ေခ်ာင္ေဂါင္က CRPH ဥကၠ႒ ဦးေအာင္ၾကည္ညြန႔္ထံကို စာေရးသားေပးပို႔ရာမွာ ေဖာ္ျပထားတာပါ။

CRPH က နိုင္ငံတကာပါလီမန္မ်ားအဖြဲ႕နဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးတစ္ရပ္တည္ ေဆာက္ထားၿပီး IPU ရဲ့ အစည္းအေဝးေတြကို ျမန္မာလႊတ္ေတာ္ကိုယ္စား လွယ္အဖြဲ႕အေနနဲ႔ လူကိုယ္တိုင္ ပါဝင္တက္ေရာက္နိုင္ေရးစီစဥ္ ေနပါတယ္။

CRPH ရဲ့ လုပ္ငန္းတာဝန္ေတြ ပိုမိုထိေရာက္စြာ ေဆာင္ရြက္နိုင္ေရး ျပင္ပဆက္ ဆံေရးက႑၊ နည္းပညာနဲ႔ ဆိုက္ဘာလုံျခဳံေရးက႑မွာ IPU ရဲ့ အကူအညီေပးေရး စီမံကိန္းက စတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။

#PVTV