ၾကားသိသမွ်

” ကမ္ဘာကြီးက ဘာလဲ ၊ မြန်မာက ဘယ်လဲ …. “

” ကမ္ဘာကြီးက ဘာလဲ ၊ မြန်မာက ဘယ်လဲ …. ”

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကာရှီဒါ ရဲ့ ၈ရက်ကြာ ခရီးစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံကို မေလ ၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ် ။ အင်ဒို-ပစ္စီးဖိတ်ဒေသမှာ အင်အားချဲ့ထွင်နေတဲ့ တရုတ်နဲ့ ကျူးကျော်စစ်ဆင်နွဲနေတဲ့ ရုရှားရဲ့ရန်ကို ကာကွယ်ဖို့ သဘောတူလက်မှတ်ရေးဖိုးခဲ့ကြတာပါ ။ ကာကွယ်ရေးပစ္စည်းတွေနဲ့ နည်းပညာတွေ အပြန်အလှန် လွှဲပြောင်းနိုင်ရေးတွေ ပါဝင်ပါတယ် ။

” ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာလွှဲပြောင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးတာဟာ နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု့ မြှင့်တင်ဖို့ပါ ”

လို့ ပရာယွတ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် ။


ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေနဲ့ မြောက်ကိုရီးယားရဲ့ နယူကလီယား ဒုံးကျည်တိုးချဲ့မှု့တွေကို အနီးကပ် ပူးပေါ်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ် ။ ဂျပန်ဟာ အာဆီယံအတွင်းက အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ထိုင်းနိုင်ငံတို့နဲ့ စစ်ရေးသဘောတူစာချုပ်တွေ လောလောလတ်လတ် ချုပ်ဆိုထားပါတယ် ။ ခရီးစဉ်မှာ ဗြိတိန်နဲ့ အီတလီကိုလည်း ဂျပန်ဝန်ကြီးချုပ်က ခရီးဆက်ပါလိမ့်မယ် ။

ဒါဟာ ရုရှားနဲ့ အငြင်းပွားနေတဲ့ နယ်ချင်းထိ ကျွန်းစုကိစ္စတွေနဲ့ လတ်တလော နှင်ထုတ်ထားတဲ့ သံတမန်အရေးကိစ္စတွေအပြီးမှာ ဂျပန်ဟာ စစ်ရေးသဘောတူစာချုပ်တွေ လှုပ်ရှားဖို့အတွက် အပူတပြင်း စတင်လိုက်တာပါ ။

နိုင်ငံတကာ အာကာသစခန်းမှာလည်း ရုရှားအာကသယာဉ်မှုးတွေနဲ့ အမေရိကန်အာကာသယာဉ်မှုးတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ပြဿနာတွေ ရှိနေပါတယ် ။ မနေ့ကတော့ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်မောင်းခဲ့လို့ တရုတ်က အမြင့်ဆုံး တပ်လှန့်ထားပါတယ် ။

ဒီနေ့မှာတော့ ဗြိတိန်က နယူကလီးယားလက်နက် စီမံကိန်းကို စတင်တော့မယ်လို့ အသိပေးလိုက်ပါတယ် ။

မြန်မာမှာတော့ အမေစုကို မတရားစွဲချက်တင်ထားတဲ့ လာဘ်ယူမှုးတစ်ခုကို စတင်စစ်ဆေးပါတယ် ။ တနင်္လာနေ့ကပါ ။ လုပ်ငန်းရှင်သူဋ္ဌေးကြီး ဦးမောင်ဝိတ်ထံကနေ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လက်ခံရယူခဲ့တယ်ဆိုတဲ့ကိစ္စအတွက် ရုံးတင်စစ်ဆေးတာပါ ။ ဒါဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ချင်လို့ ဒီလိုလုပ်နေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ပြောထားပါတယ် ။


ဆိုရရင် ….၊ ကမ္ဘာကြီးက စစ်မီးမွှေးနေပါပြီ ။ ရုရှားက ခပ်တည်တည်နဲ့ ကျူးကျော်စစ် ဆင်နွှဲချိန်မှာ ဂျပန်က နယ်ချင်းထိနေတဲ့ ကျွန်းတွေကို ပြန်ရဖို့ ကြိုးပမ်းလာပါတယ် ။ ရုရှားဘက်က ရန်လိုလာတဲ့အတွက် ဂျပန်က သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေကို နှင်ထုတ်ပါတယ် ။ ပြီးတော့ ဂျပန်က စစ်ရေးမစာမိတ်စာချုပ်တွေ ချုပ်ဆိုပါတယ် ။ ဥရောပနိုင်ငံတွေကလည်း .ူကရိန်းစစ်ပွဲမှာ ယူကရိန်းကို ငွေအား ၊ လက်နက်အားအပြင် လူအင်အားကိုပါ မသိမသာလေး ပံ့ပိုးပေးနေလို့ ရုရှားကလည်း နယူကလီယားလက်နက်တွေ တပြင်ပြင်လုပ်နေတာပါ ။ ဒါကိုရိပ်စားမိတဲ့ ဗြိတိန်ကလည်း နယူကလီးယားလက်နက် တပ်ဆင်ပါတော့မယ် ။

ဒီတော့ ကမ်ဘာ့အရေးက မအေးဖှယျအခွအေနမှော မွနျမာ့အရေး ဘယျလျိုလာနိုငျသလဲ …..? ဆိုတာ စဉ်းစားဖို့လိုပါတယ် ။

စာရေးသူရဲ့ အမြင်ကတော့ ” ဘယ်လိုမှ မလာပါဘူး ” ။ ကိုယ်တိုက်မှ ကိုယ်နိုင်ပါလိမ့်မယ် ။ ကမ္ဘာ့အရေးဟာ သခွပ်ပင်က မီးတကျီကျီ ဖြစ်နေခဲ့တာ ကြာပါပြီ ။ ကမ္ဘာ့အရေးမှာ မြန်မာ့အချက် လို့ မျှော်လင့်လို့ မရသေးပါဘူး ။ မြန်မာ့နွေဦး အခြေအနေက ကမ္ဘာ့အရေးကို စောင့်နေစရာ မလိုတော့တဲ့ အခြေအနေပါ ။ မြန်မာစစ်တပ်ဟာ ပရုပ်လုံးလို လုံးပါးပါးနေတာပါ ။ မြန်မြန်ပါးပြီး ပျေက်သွားဖို့သာ လိုတာပါ ။

တစ်ခုရှိတာက ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနဲ့ ဂြိုလ်ကြွနေတဲ့ တရုတ်ဟာ စစ်ကောင်စီအားကိုးတဲ့ အရှင်ကြီးတွေပါ ။ ဒီအရှင်ကြီးတွေဟာ သူ့ပြဿနာနဲ့သူ အာရုံစိုက်နေရတဲ့အတွက် မြန်မာစစ်တပ်ကိစ္စဟာ သူတို့အတွက်တော့ အဓိကဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒီတော့ ကိုယ့်ကိစ္စကို ကိုယ်ထူကိုယ်ထရမှာပါ ။ လတ်တလော အခြေအနေအရ မြန်မာပြည်သူတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ကုလအပါအဝင် ဘယ်နိုင်ငံကမှာ အဖျက်သမားလို့ မမြင်သလို ၊ ပြောလည်း မပြောပါဘူး ။ နိုင်ငံတကာရဲ့ အားပေးကူညီမှု့ဟာ လက်ရှိအခြေအနေမှာတော့ ဒီလောက်ပါဘဲ ။ မြန်မာနယ်စပ်အနီး ထိုင်းငံထဲက အမေရိကန် စစ်ကောင်စစ်ဝန်ရုံးကတော့ ပွဲမပြီးခင် မြန်မာမမြင်စေချင်သေးပါဘူး ။

ဘကြီးအောင် LA
2 April, 2022