ၾကားသိသမွ်

မြောင်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်၊ တိုက်ပွဲဝင်ပြီးပြန်လာသည့် ကာကွယ်ရေးတပ်သားများကို ဒေသခံများကြိုဆို

မြောင်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်
●တိုက်ပွဲဝင်ပြီးပြန်လာသည့် ကာကွယ်ရေးတပ်သားများကို ဒေသခံများကြိုဆို

စစ်ကိုင်း၊ မေ ၃

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်အင်အား (၁၀၀) ကျော်နှင့် ဒေသခံတော်လှန်ရေးတပ်များ ကြား မေလ (၂) ရက်နေ့က အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီလက်ပါးစေ (၃၅) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး -CDSOM ထံမှ သိရသည်။


“တိုက်ခိုက်ဖို့အတွက် မနက် (၄) ခွဲလောက်ကတည်းက စစ်ခွေးလမ်းကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာ၊ စခ (စစ် ကောင်စီလက်ပါးစေ) ၃၅ ကောင်ထက်မနည်းသေတယ်“ ဟု CDSOM မှ ပြန်ကြားရေးတာဝန်ခံ ကိုနွေဦး က လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုပြီးနောက် တပ်ပြန်ဆုတ်ချိန်တွင် ရွာ (၉)ရွာမှ ဒေသခံပြည်သူများက တော်လှန်ရေးရဲဘော် များကို သောင်းသောင်းဖြဖြ ကြိုဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။


“ပြည်သူတွေကြိုဆိုတာ အံမခန်းပါဘဲ အောင်သပြေညောင်ရေ အအေး၊ အစုံဝေကမ်းကြတယ် ကြိုဆိုတာ (၉) ရွာလောက်ရှိတယ်။ ပြည်သူ့ခွန်အားတွေရတယ်ဗျ၊ မထင်ထားဘူး ရွာတွေ အဲ့လောက်ကြိုဆိုကြတာ” ဟု ကိုနွေဦး က ထပ်မံပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်စစ်ကောင်စီဖက် မှ မြောင်မြို့နယ်အတွင်းသို့ နယ်မြေထိန်းချုပ်နိုင်ရန် ကြိုး စားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၃၈) ဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ကြောင်း CDSOM က ထုတ်ပြန်ထားသည်။


အကြမ်းဖက်စစ်အုပ်စုဖက်မှ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိခဲ့ ကြောင်း သိရသည်။
ပစ်ခတ်မှုများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ အီနာဂါ (၂)လုံး ၊စနိုက်ဘာ၊ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလုပ်‌ ဆောင်ခဲ့ပြီး နှစ်ဖက်အပြင်းအထန် ပစ်ခတ်မှုမှာ (၃) နာရီကျော် ကြာမြင့်ခဲ့သည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်သား (၂)ဦး တူမီးယမ်းစင်မှုဖြင့် နဖူးကွဲဒဏ်ရာရရှိခဲ့ပြီး အခြားကြီးမားသည့် ထိခိုက်မှုများမရရှိခဲ့ကြောင်းလည်း ကိုနွေဦး ကပြောသည်။


မြောင်မြို့နယ် မဟာမိတ်တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများကိုလည်း အရှိန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

ေျမာင္တြင္ စစ္အုပ္စုႏွင့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား တိုက္ပြဲျပင္းထန္
●တိုက္ပြဲဝင္ၿပီးျပန္လာသည့္ ကာကြယ္ေရးတပ္သားမ်ားကို ေဒသခံမ်ားႀကိဳဆို

စစ္ကိုင္း၊ ေမ ၃

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္အင္အား (၁၀၀) ေက်ာ္ႏွင့္ ေဒသခံေတာ္လွန္ေရးတပ္မ်ား ၾကား ေမလ (၂) ရက္ေန႔က အျပန္လွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့ကာ စစ္ေကာင္စီလက္ပါးေစ (၃၅) ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရး -CDSOM ထံမွ သိရသည္။

“တိုက္ခိုက္ဖို႔အတြက္ မနက္ (၄) ခြဲေလာက္ကတည္းက စစ္ေခြးလမ္းေၾကာင္းကို ျခဳံခိုတိုက္ခိုက္ခဲ့တာ၊ စခ (စစ္ ေကာင္စီလက္ပါးေစ) ၃၅ ေကာင္ထက္မနည္းေသတယ္“ ဟု CDSOM မွ ျပန္ၾကားေရးတာဝန္ခံ ကိုေႏြဦး က လူငယ့္ေခတ္သို႔ ေျပာသည္။

အဆိုပါ တိုက္ခိုက္မႈၿပီးေနာက္ တပ္ျပန္ဆုတ္ခ်ိန္တြင္ ရြာ (၉)ရြာမွ ေဒသခံျပည္သူမ်ားက ေတာ္လွန္ေရးရဲေဘာ္ မ်ားကို ေသာင္းေသာင္းျဖၿဖ ႀကိဳဆိုမႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။

“ျပည္သူေတြႀကိဳဆိုတာ အံမခန္းပါဘဲ ေအာင္သေျပေညာင္ေရ အေအး၊ အစုံေဝကမ္းၾကတယ္ ႀကိဳဆိုတာ (၉) ရြာေလာက္ရွိတယ္။ ျပည္သူ႔ခြန္အားေတြရတယ္ဗ်၊ မထင္ထားဘူး ရြာေတြ အဲ့ေလာက္ႀကိဳဆိုၾကတာ” ဟု ကိုေႏြဦး က ထပ္မံေျပာသည္။

အဆိုပါ တိုက္ခိုက္မႈသည္ အၾကမ္းဖက္စစ္ေကာင္စီဖက္ မွ ေျမာင္ၿမိဳ႕နယ္အတြင္းသို႔ နယ္ေျမထိန္းခ်ဳပ္နိုင္ရန္ ႀကိဳး စားစဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ (၃၈) ဖြဲ႕မွ ပါဝင္တိုက္ခိုက္ခဲ့ျခင္းလည္း ျဖစ္ေၾကာင္း CDSOM က ထုတ္ျပန္ထားသည္။

အၾကမ္းဖက္စစ္အုပ္စုဖက္မွ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေန႔လယ္ပိုင္းတြင္ ထြက္ေျပးတိမ္းေရွာင္မႈမ်ားလည္း ရွိခဲ့ ေၾကာင္း သိရသည္။

ပစ္ခတ္မႈမ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီဖက္မွ အီနာဂါ (၂)လုံး ၊စနိုက္ဘာ၊ ၁၂၀ မမ၊ ၆၀ မမ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈမ်ားလုပ္‌ ေဆာင္ခဲ့ၿပီး ႏွစ္ဖက္အျပင္းအထန္ ပစ္ခတ္မႈမွာ (၃) နာရီေက်ာ္ ၾကာျမင့္ခဲ့သည္။

တိုက္ပြဲတြင္ ျပည္သူ႔ကာကြယ္ေရးတပ္သား (၂)ဦး တူမီးယမ္းစင္မႈျဖင့္ နဖူးကြဲဒဏ္ရာရရွိခဲ့ၿပီး အျခားႀကီးမားသည့္ ထိခိုက္မႈမ်ားမရရွိခဲ့ေၾကာင္းလည္း ကိုေႏြဦး ကေျပာသည္။

ေျမာင္ၿမိဳ႕နယ္ မဟာမိတ္ေတာ္လွန္ေရး အင္အားစုမ်ားအေနျဖင့္လည္း ဖက္ဒရယ္ ဒီမိုကေရစီရရွိေရးႏွင့္ စစ္အာဏာရွင္ အျမစ္ျပတ္က်ဆုံးေရးလုပ္ငန္းမ်ားကိုလည္း အရွိန္ျမင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားထားသည္။