ၾကားသိသမွ်

အိန္ဒိယကပေးသည့် စစ်ကိုင်းအတွက် ဆန်အား မပေးရဲတာကြောင့် လူကယ်ပြန်ဝန်ကြီးဒေါ်သက်သက်ခိုင်က ရန်ကုန်တွင် စည်းရုံးရေးဆင်းလိုက်ဝေ

အိန္ဒိယကပေးသည့် စစ်ကိုင်းအတွက် ဆန်အား မပေးရဲတာကြောင့် အကြမ်းဘက်စစ်တပ်ခန့် လူကယ်ပြန်ဝန်ကြီး ရန်ကုန်တွင် စည်းရုံးရေးဆင်းလိုက်ဝေ

2 May 2022

ကုလားတန်မြစ်ဝှမ်း စီမံကိန်းအတွက် စစ်ကိုင်းတိုင်းကို အိန္ဒိယအစိုးရ ထောက်ပံ့ပေးသည့် ဆန်ကို အကြမ်းဖက်စစ်တပ်ခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်က ဧပြီလကုန်ပိုင်းလောက်က ရန်ကုန်တွင် စည်းရုံးရေးဆင်းကာ လိုက်ဝေနေကြောင်း သိရှိရသည်။

တောင်ဒဂုံ၊ လှိုင်သာယာ၊ မြောက်ဒဂုံနှင့် ရွှေပြည်သာမြို့နယ်များတွင် ဆန်များအားလိုက်လံဝေနေခြင်းဖြစ်ပြီး အစောပိုင်းစာရင်းကောက်ခံရာတွင် လူမိုက်(ဇိုး)များကို လက်လံစာရင်းကောက်ခိုင်းကြောင်း အကြမ်းဖက်စစ်တပ်ခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ လက်အောက် အရာရှိတစ်ဦးက MPA သို့ ပြောသည်။

“စည်းရုံးရေးလို့ စကစက ပြောတာပဲ။ ဇိုး(လူမိုက်) တွေကို စာရင်းလုပ်ခိုင်းတာ”ဟု သူက ပြောသည်။ စည်းရုံးရေးဆင်းလိုက်လံပေးဝေရာတွင် အိမ်ပိုင်ရှိသူများ မရဘဲ အိမ်ငှားနေထိုင်သူတချို့သာ ရရှိကြောင်း သူက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံ၏ မူလအစီအစဥ်အရ စစ်ကိုင်းအတွက် ကူညီထောက်ပံ့ထားသော်လည်း အကြမ်းဖက် စစ်တပ်အကျအဆုံးများနေသည့် စစ်ကိုင်းကို မသွားရဲဘဲ ရန်ကုန်တွင်သာ ယခုလို စည်းရုံးရေးဆင်း လိုက်လံဝေငှနေရခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ဆိုသည်။ #MPA

အိႏၵိယကေပးသည့္ စစ္ကိုင္းအတြက္ ဆန္အား မေပးရဲတာေၾကာင့္ အၾကမ္းဘက္စစ္တပ္ခန႔္ လူကယ္ျပန္ဝန္ႀကီး ရန္ကုန္တြင္ စည္း႐ုံးေရးဆင္းလိုက္ေဝ

2 May 2022

ကုလားတန္ျမစ္ဝွမ္း စီမံကိန္းအတြက္ စစ္ကိုင္းတိုင္းကို အိႏၵိယအစိုးရ ေထာက္ပံ့ေပးသည့္ ဆန္ကို အၾကမ္းဖက္စစ္တပ္ခန႔္ လူကယ္ျပန္ဝန္ႀကီး ေဒၚသက္သက္ခိုင္က ဧၿပီလကုန္ပိုင္းေလာက္က ရန္ကုန္တြင္ စည္း႐ုံးေရးဆင္းကာ လိုက္ေဝေနေၾကာင္း သိရွိရသည္။

ေတာင္ဒဂုံ၊ လွိုင္သာယာ၊ ေျမာက္ဒဂုံႏွင့္ ေရႊျပည္သာၿမိဳ႕နယ္မ်ားတြင္ ဆန္မ်ားအားလိုက္လံေဝေနျခင္းျဖစ္ၿပီး အေစာပိုင္းစာရင္းေကာက္ခံရာတြင္ လူမိုက္(ဇိုး)မ်ားကို လက္လံစာရင္းေကာက္ခိုင္းေၾကာင္း အၾကမ္းဖက္စစ္တပ္ခန႔္ လူကယ္ျပန္ဝန္ႀကီး ေဒၚသက္သက္ခိုင္၏ လက္ေအာက္ အရာရွိတစ္ဦးက MPA သို႔ ေျပာသည္။

“စည္း႐ုံးေရးလို႔ စကစက ေျပာတာပဲ။ ဇိုး(လူမိုက္) ေတြကို စာရင္းလုပ္ခိုင္းတာ”ဟု သူက ေျပာသည္။ စည္း႐ုံးေရးဆင္းလိုက္လံေပးေဝရာတြင္ အိမ္ပိုင္ရွိသူမ်ား မရဘဲ အိမ္ငွားေနထိုင္သူတခ်ိဳ႕သာ ရရွိေၾကာင္း သူက ဆက္ေျပာသည္။

အိႏၵိယနိုင္ငံ၏ မူလအစီအစဥ္အရ စစ္ကိုင္းအတြက္ ကူညီေထာက္ပံ့ထားေသာ္လည္း အၾကမ္းဖက္ စစ္တပ္အက်အဆုံးမ်ားေနသည့္ စစ္ကိုင္းကို မသြားရဲဘဲ ရန္ကုန္တြင္သာ ယခုလို စည္း႐ုံးေရးဆင္း လိုက္လံေဝငွေနရျခင္းျဖစ္ေၾကာင္း ၎အရာရွိက ဆိုသည္။#MPA