ၾကားသိသမွ်

ကမ္ဘာ့စာနယ်ဇင်းနေ့ မတိုင်မီ စစ်တပ်က နေပြည်တော် လူစည်ကားရာနေရာတွေမှာ သတင်းမီဒီသမားတွေကို ပုတ်ခတ်ဝါဒဖြန့်

ကမ္ဘာ့စာနယ်ဇင်းနေ့ မတိုင်မီ စစ်တပ်က နေပြည်တော်မှာ သတင်းမီဒီသမားတွေကို ပုတ်ခတ်ဝါဒဖြန့်

အကြမ်းဖက်စစ်တပ်ရဲ့ ဌာနချုပ်ရှိတဲ့ နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်းက “နိုင်ငံရေးလုပ်စားများနဲ့ ပြည်ဖျက်မီဒီယာလိမ်ညာတို့ပေါင်းပြီး တိုက်ပွဲသတင်းအတု လုပ်ကြံသတင်းအမှားတွေဖန်တီးကာ ပြည်သူ့ထံမှ မျက်ရည်ချူအလှူခံစားနေ” ဆိုတဲ့ စာရွက်တွေကို စစ်သား နဲ့ ရဲတွေ ဦးဆောင်ပြီး လူစည်ကားရာ နေရာတွေမှာ လိုက်ဝေနေတယ်လို့ သိရပါတယ် ။

မနေ့ဖြန် မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး ၊ အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူခံရပြီး နောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာသတင်းလွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေတာပါ ။ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း သတင်းမီဒီယာတွေကို ညစ်ညမ်းတဲ့စကားလုံးတွေသုံးပြီး ပေါ်ပေါ်ထင်ထင် ပုတ်ခတ်ဝေဖန်ခဲ့သေးတာ ဖြစ်ပါတယ် ။

နေပြည်တော်မှာ အခုလို စာရွက်တွေလိုက်ဝေပြီး ဝါဒဖြန့်တာ ၊ မီဒီယာတွေကို ပုတ်ခတ်တာနဲ့ ပတ်သက်ပြီး “စစ်တပ်အတွက် အလုံခြုံးဆုံးနောက်ဆုံးခံတပ်နယ်မြေအဖြစ် သူတို့သတ်မှတ်ထားတော့ ဒီလိုမဟုတ်တာတွေဝါဒဖြန့်တာပေါ့။ ဒီလို အလိမ်ညာတွေက တပ်ထဲ ဝါဒမှိုင်းမိပြီး ဆိုရှယ်မီဒီယာသုံးလို့မရတဲ့သူတွေအတွက်ပဲရမယ်။ လူမှုကွန်ယက်သုံးပြီး သတင်းအမှန်သိနေတဲ့ ပြည်သူတွေကိုတော့ ဝါဒမှိုင်းတွေဖြန့်လည်း မအောင်မြင်ပါဘူးလို့” နေပြည်တော်ဒေသခံတဦးက DNA ကို မှတ်ချက်ပေးပါတယ် ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး ၊ ၂၀၂၂ခုနှစ် ဇန်နဝါရီလအထိ တနှစ်အတွင်း သတင်းသမား ၁၁၅ဦးဖမ်းဆီးခံခဲ့ရပြီး ၊ ၃ဦး သေဆုံးခဲ့ပြီလို့ အာဆီယံကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ် ။ #DNA

ကမၻာ့စာနယ္ဇင္းေန႔ မတိုင္မီ စစ္တပ္က ေနျပည္ေတာ္မွာ သတင္းမီဒီသမားေတြကို ပုတ္ခတ္ဝါဒျဖန႔္

အၾကမ္းဖက္စစ္တပ္ရဲ့ ဌာနခ်ဳပ္ရွိတဲ့ ေနျပည္ေတာ္မွာ ဒီေန႔ ေန႔လည္ပိုင္းက “နိုင္ငံေရးလုပ္စားမ်ားနဲ႔ ျပည္ဖ်က္မီဒီယာလိမ္ညာတို႔ေပါင္းၿပီး တိုက္ပြဲသတင္းအတု လုပ္ႀကံသတင္းအမွားေတြဖန္တီးကာ ျပည္သူ႔ထံမွ မ်က္ရည္ခ်ဴအလႉခံစားေန” ဆိုတဲ့ စာရြက္ေတြကို စစ္သား နဲ႔ ရဲေတြ ဦးေဆာင္ၿပီး လူစည္ကားရာ ေနရာေတြမွာ လိုက္ေဝေနတယ္လို႔ သိရပါတယ္ ။

မေန႔ျဖန္ ေမလ ၃ ရက္ေန႔ဟာ ကမၻာ့စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ျဖစ္ၿပီး ၊ အၾကမ္းဖက္စစ္တပ္ အာဏာသိမ္းယူခံရၿပီး ေနာက္ပိုင္း ျမန္မာနိုင္ငံဟာ ကမၻာသတင္းလြတ္လပ္ခြင့္ အနည္းဆုံးနိုင္ငံေတြထဲမွာ တနိုင္ငံအျဖစ္ ပါဝင္ေနတာပါ ။ ဒီရက္ပိုင္းအတြင္း အၾကမ္းဖက္စစ္အုပ္စုရဲ့ သတင္းစာရွင္းလင္းပြဲမွာလည္း သတင္းမီဒီယာေတြကို ညစ္ညမ္းတဲ့စကားလုံးေတြသုံးၿပီး ေပၚေပၚထင္ထင္ ပုတ္ခတ္ေဝဖန္ခဲ့ေသးတာ ျဖစ္ပါတယ္ ။

ေနျပည္ေတာ္မွာ အခုလို စာရြက္ေတြလိုက္ေဝၿပီး ဝါဒျဖန္႔တာ ၊ မီဒီယာေတြကို ပုတ္ခတ္တာနဲ႔ ပတ္သက္ၿပီး “စစ္တပ္အတြက္ အလုံျခဳံးဆုံးေနာက္ဆုံးခံတပ္နယ္ေျမအျဖစ္ သူတို႔သတ္မွတ္ထားေတာ့ ဒီလိုမဟုတ္တာေတြဝါဒျဖန္႔တာေပါ့။ ဒီလို အလိမ္ညာေတြက တပ္ထဲ ဝါဒမွိုင္းမိၿပီး ဆိုရွယ္မီဒီယာသုံးလို႔မရတဲ့သူေတြအတြက္ပဲရမယ္။ လူမႈကြန္ယက္သုံးၿပီး သတင္းအမွန္သိေနတဲ့ ျပည္သူေတြကိုေတာ့ ဝါဒမွိုင္းေတြျဖန္႔လည္း မေအာင္ျမင္ပါဘူးလို႔” ေနျပည္ေတာ္ေဒသခံတဦးက DNA ကို မွတ္ခ်က္ေပးပါတယ္ ။

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ ၂၀၂၁ ေဖေဖၚဝါရီလကစၿပီး ၊ ၂၀၂၂ခုႏွစ္ ဇန္နဝါရီလအထိ တႏွစ္အတြင္း သတင္းသမား ၁၁၅ဦးဖမ္းဆီးခံခဲ့ရၿပီး ၊ ၃ဦး ေသဆုံးခဲ့ၿပီလို႔ အာဆီယံကထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္ ။#DNA