ၾကားသိသမွ်

CDM ပြုလုပ်သည့် စစ်သားနှင့်ရဲများအား လွတ်မြောက်နယ်မြေတွင် NUG တွေ့ဆုံ

CDM ပြုလုပ်သည့် စစ်သားနှင့်ရဲများအား လွတ်မြောက်နယ်မြေတွင် NUG တွေ့ဆုံ

မဲခေါင်၊ မေ ၂

လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် ဧပြီ ၁၂ တွင် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်ဟု NUG က ယနေ့ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့်၄င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြသည်။


တွေ့ဆုံပွဲတွင် အမျိူးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့မှ ပေးပို့သော အားပေးစကားနှင့်ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်မှု ကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် ပြည်သူ့သားကောင်းများနှင့်အတူ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခဲ့သည်။


ဧပြီလ(၁၃)ရက်နေ့တွင် ပြည်သူ့သားကောင်းများဖလား ဘောလုံးပြိုင်ပွဲနှင့်ခြင်းပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး အတာသင်္ကြန်အမှတ်တရ သပြေခက်များနှင့်ရေပတ်ခြင်း၊ မုန့်လုံးရေပေါ်လုံးခြင်းများကို ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။

CDM ျပဳလုပ္သည့္ စစ္သားႏွင့္ရဲမ်ားအား လြတ္ေျမာက္နယ္ေျမတြင္ NUG ေတြ႕ဆုံ

မဲေခါင္၊ ေမ ၂

လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရတာဝန္ရွိသူမ်ားႏွင့္ ျပည္သူ႔ရင္ခြင္ခိုလႈံလာေသာ ျပည္သူ႔သားေကာင္း တပ္သား၊ရဲမ်ားႏွင့္ ဧၿပီ ၁၂ တြင္ ေတြ႕ဆုံပြဲျပဳလုပ္ခဲ့သည္ဟု NUG က ယေန႔ထုတ္ျပန္သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရတာဝန္ရွိသူမ်ား၊ ျပည္သူ႔ရင္ခြင္ခိုလႈံေရးအစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္မႈေကာ္မတီဝင္မ်ား၊ မဟာမိတ္ေတာ္လွန္ေရးအဖြဲ႕အစည္းမွ စစ္ဘက္၊အရပ္ဘက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ ျပည္သူ႔ရင္ခြင္ခိုလႈံလာေသာ တပ္သား၊ရဲသားမ်ားႏွင့္၄င္းတို႔၏ မိသားစုဝင္မ်ားတက္ေရာက္ခဲ့ၾကသည္။

ေတြ႕ဆုံပြဲတြင္ အမ်ိဴးသားညီညြတ္ေရးအစိုးရ ယာယီသမၼတႀကီးဒူဝါလရွီးလႏွင့္ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္တို႔မွ ေပးပို႔ေသာ အားေပးစကားႏွင့္ဂုဏ္ျပဳသဝဏ္လႊာမ်ားကို ဖတ္ၾကားခဲ့ၿပီး က်န္းမာေရးဝန္ႀကီးဌာနႏွင့္ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ားက လက္ရွိအမ်ိဳးသားညီညြတ္ေရးအစိုးရ၏ လုပ္ငန္းမ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။

ျပည္သူ႔ရင္ခြင္ခိုလႈံေရး အစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္မႈ ေကာ္မတီမွ တာဝန္ရွိသူမ်ားကလည္း ေကာ္မတီ၏ လက္ရွိလုပ္ေဆာင္ေနေသာ လုပ္ငန္းတာဝန္မ်ားႏွင့္ ေရွ႕ဆက္ လုပ္ေဆာင္မည့္ လုပ္ငန္းမ်ားကို ျပည္သူ႔သားေကာင္း တပ္သား၊ရဲမ်ားႏွင့္ အျပန္အလွန္ ပြင့္ပြင့္လင္းလင္း ရွင္းလင္းေဆြးေႏြးခဲ့ၾကၿပီး ညေနပိုင္းတြင္ ျပည္သူ႔သားေကာင္းမ်ားႏွင့္အတူ ဂုဏ္ျပဳညစာစားပြဲ ျပဳလုပ္ခဲ့သည္။

ဧၿပီလ(၁၃)ရက္ေန႔တြင္ ျပည္သူ႔သားေကာင္းမ်ားဖလား ေဘာလုံးၿပိဳင္ပြဲႏွင့္ျခင္းၿပိဳင္ပြဲမ်ားကို ဆက္လက္ျပဳလုပ္ခဲ့ၾကၿပီး အတာသၾကၤန္အမွတ္တရ သေျပခက္မ်ားႏွင့္ေရပတ္ျခင္း၊ မုန႔္လုံးေရေပၚလုံးျခင္းမ်ားကို ေပ်ာ္ရႊင္စြာက်င္းပျပဳလုပ္ခဲ့ၾကသည္။