ၾကားသိသမွ်

မန္တလေးမြို့မှာ ကမ္ဘောဇဘဏ်က ငွေထုတ်ပြီး ဘဏ်ရှေ့မှာပင် ဓားပြတိုက်ခံရလို့ ကျပ်သိန်း တစ်ထောင်ကျော် ပါသွား ဟုဆို၊

မန္တလေးမြို့မှာ ကမ္ဘောဇဘဏ်က ငွေထုတ်ပြီး ဘဏ်ရှေ့မှာပင် ဓားပြတိုက်ခံရလို့ ကျပ်သိန်း တစ်ထောင်ကျော် ပါသွား ဟုဆို၊

MFP ၊ မေ – ၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်က ကမ္ဘောဇဘဏ်မှာ ဘဏ်ကငွေထုတ်ပြီး ဘဏ်ရှေ့မှာတင် ဓားပြတိုက်ခံရလို့ ကျပ်သိန်း တစ်ထောင်ကျော် ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ မေ(၂)ရက် နေ့လယ်(၂)နာရီဝန်းကျင်က ချမ်းမြသာစည်မြို့နယ်၊ (၆၄)လမ်းနှင့် (၁၁၀) (မနော်ဟရီ)လမ်းဒေါင့်က ကမ္ဘောဇဘဏ်မှာ ဘဏ်က ငွေထုတ်လာတဲ့သူကို မတ်တူးကားအဖြူပေါ်က လက်နက် ကိုင်ဆောင်ထားသူ လေးဦးက သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ်သိန်းတစ်ထောင် ဓားပြတိုက်လုယက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ငွေထုတ်ပြီး လုံခြုံရေးကို အထုပ် ထမ်းခိုင်းတဲ့ အချိန်မှာ အဲ့ဒီ လုံခြုံရေးကို သေနတ်နဲ့ ထောက်ပြီး လုသွားတာတဲ့၊ သိန်းထောင့်ငါးရာလောက် ပါသွားတာတဲ့။ ကပ်စတန်မာရဲ့ ပိုက်ဆံတဲ့၊ ဘဏ်နဲ့ မျက်နှာချင်းဆိုင်က ပိုးထည်တိုက်နားလောက်မှာ ကပ်စတန်မာက ကားထားထားတာ၊ အဲ့ကနေပြီးတော့ လုံခြုံရေးကို ထမ်းခိုင်းပြီး သွင်းဖို့ လုပ်တဲ့အချိန်မှာ အဲ့လုံခြုံရေးကို သေနတ်နဲ့ထောက်ပြီး လုသွားတာတဲ့”လို့ လမ်းသွားလမ်းလာ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဓားပြတိုက်ခံရသူတွေဟာ အသားဖြူဖြူနဲ့ တရုတ်တွေ ဖြစ်နိုင်ပြီး ဓားပြတိုက်ခံရပြီး နောက်ပိုင်းမှာ စစ်အုပ်စု ရောက်လာပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လူတွေ ဘာမှမဖြစ်ဘူး။ ဓားပြတိုက်သူတွေက ကားနဲ့ လာပြီး မနက်ထဲက ဘဏ်နားမှာ စောင့်နေတာတဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်လုယက်တာ၊ မြို့တွင်းလမ်းမတွေပေါ်မှာ လမ်းသွားလမ်းလာတွေကို ဓားထောက်လုယက်တာ၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုကတော့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ဆိုး၊လု၊နှိုက်၊ မူးယစ်၊ မုဒိန်း၊ လူူသတ်မှု စတဲ့ ရာဇဝတ်အကျဉ်းသား သောင်းနှင့်ချီပြီး ထောင်ကနေ လွှတ်ပေးထားပါတယ်။


ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်က ကမ္ဘောဇဘဏ်(Google)

မႏၲေလးၿမိဳ႕မွာ ကေမၻာဇဘဏ္က ေငြထုတ္ၿပီး ဘဏ္ေရွ႕မွာပင္ ဓားျပတိုက္ခံရလို႔ က်ပ္သိန္း တစ္ေထာင္ေက်ာ္ ပါသြား ဟုဆို၊

MFP ၊ ေမ – ၂

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မေနာ္ဟရီလမ္းေပၚက ကေမၻာဇဘဏ္မွာ ဘဏ္ကေငြထုတ္ၿပီး ဘဏ္ေရွ႕မွာတင္ ဓားျပတိုက္ခံရလို႔ က်ပ္သိန္း တစ္ေထာင္ေက်ာ္ ပါသြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒီကေန႔ ေမ(၂)ရက္ ေန႔လယ္(၂)နာရီဝန္းက်င္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၆၄)လမ္းႏွင့္ (၁၁၀) (မေနာ္ဟရီ)လမ္းေဒါင့္က ကေမၻာဇဘဏ္မွာ ဘဏ္က ေငြထုတ္လာတဲ့သူကို မတ္တူးကားအျဖဴေပၚက လက္နက္ ကိုင္ေဆာင္ထားသူ ေလးဦးက ေသနတ္ျပၿခိမ္းေျခာက္ၿပီး ေငြက်ပ္သိန္းတစ္ေထာင္ ဓားျပတိုက္လုယက္ ထြက္ေျပးသြားတာလို႔ ဆိုပါတယ္။

“ေငြထုတ္ၿပီး လုံျခဳံေရးကို အထုပ္ ထမ္းခိုင္းတဲ့ အခ်ိန္မွာ အဲ့ဒီ လုံျခဳံေရးကို ေသနတ္နဲ႔ ေထာက္ၿပီး လုသြားတာတဲ့၊ သိန္းေထာင့္ငါးရာေလာက္ ပါသြားတာတဲ့။ ကပ္စတန္မာရဲ့ ပိုက္ဆံတဲ့၊ ဘဏ္နဲ႔ မ်က္ႏွာခ်င္းဆိုင္က ပိုးထည္တိုက္နားေလာက္မွာ ကပ္စတန္မာက ကားထားထားတာ၊ အဲ့ကေနၿပီးေတာ့ လုံျခဳံေရးကို ထမ္းခိုင္းၿပီး သြင္းဖို႔ လုပ္တဲ့အခ်ိန္မွာ အဲ့လုံျခဳံေရးကို ေသနတ္နဲ႔ေထာက္ၿပီး လုသြားတာတဲ့”လို႔ လမ္းသြားလမ္းလာ ေဒသခံတစ္ဦးက MFP ကို ေျပာပါတယ္။

ဓားျပတိုက္ခံရသူေတြဟာ အသားျဖဴျဖဴနဲ႔ တ႐ုတ္ေတြ ျဖစ္နိုင္ၿပီး ဓားျပတိုက္ခံရၿပီး ေနာက္ပိုင္းမွာ စစ္အုပ္စု ေရာက္လာၿပီး စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

“လူေတြ ဘာမွမျဖစ္ဘူး။ ဓားျပတိုက္သူေတြက ကားနဲ႔ လာၿပီး မနက္ထဲက ဘဏ္နားမွာ ေစာင့္ေနတာတဲ့” လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း မႏၲေလးၿမိဳ႕မွာ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္လုယက္တာ၊ ၿမိဳ႕တြင္းလမ္းမေတြေပၚမွာ လမ္းသြားလမ္းလာေတြကို ဓားေထာက္လုယက္တာ၊ ေနအိမ္ေတြ ေဖာက္ထြင္းခိုးယူတာေတြ ဆက္တိုက္ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္အုပ္စုကေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း နိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ခိုး၊ဆိုး၊လု၊ႏွိုက္၊ မူးယစ္၊ မုဒိန္း၊ လူူသတ္မႈ စတဲ့ ရာဇဝတ္အက်ဥ္းသား ေသာင္းႏွင့္ခ်ီၿပီး ေထာင္ကေန လႊတ္ေပးထားပါတယ္။

ဓားျပတိုက္မႈ ျဖစ္ပြားခဲ့တဲ့ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မေနာ္ဟရီလမ္းေပၚက ကေမၻာဇဘဏ္(Google)