ၾကားသိသမွ်

NLD ပါတီကို ထောက်ခံမှုအားကောင်းတဲ့ဟင်္သာတမြို့မှာ သွေးသောက်အဖွဲ့က မြို့လူထုကို ခြိမ်းခြောက်စာ ဖြန့်ဝေ

ဟင်္သာတ သွေးသောက်အဖွဲ့က မြို့လူထုကို ခြိမ်းခြောက်စာ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီးရဲ့ ခရိုင်မြို့တခုဖြစ်တဲ့ ဟင်္သာတမြို့မှာ ဒီရက်ပိုင်းအတွင်း သွေးသောက်ဆိုတဲ့ အဖွဲ့က လူထုကို ခြိမ်းခြောက်တဲ့ စာရွက်တွေကို မြို့ပြင်လမ်းပေါ်မှာ ဖြန်ကြဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မနေ့က လိပ်ချောင်းက ဈေးလာဝယ်တဲ့သူက မြို့အဝင်လမ်းပေါ်မှာတွေ့လို့ ကောက်လာတာဆိုပြီး အဲဒီစာရွက်ကိုတွေ့ရတာပဲ။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ အဲလိုစာရွက်တွေ ဖြန့်တာ မတွေ့ရဘူး၊ မြို့ပြင်တွေမှာပဲ ဒီတိုင်းကျဲထားခဲ့တာမျိုးပဲ လုပ်ရဲတာ” လို့ DNA ကို ပြောပါတယ်။


ဒီနေ့မှာပဲ အဲဒီလို မြို့ပြင်လမ်းပေါ်မှာ ကျဲထားတဲ့ စာရွက်တရွက်ကို ဟင်္သာတမြို့နဲ့ သက်ဆိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာ group ဖြန့်ဝေထားတာ တွေ့ရပါတယ်။ အဲဒီစာရွက်မှာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းလုံခြုံရေးတပ်ဖွဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို တရားမဲ့ သုတ်သင်ရှင်းလင်း သတ်ဖြတ်လာတာတွေ လုပ်လာရင် ဟင်္သာတမြို့ သွေးသောက်အဖွဲ့က NLD ပါတီဝင်တွေနဲ့ ထောက်ခံဝန်းရံသူတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ NUG ၊ CRPH ၊ PDF အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်တဲ့ မိသားစုဝင်တွေကို တန်ပြန်တိုက်ခိုက် ခြေမှုန်းမယ့် အနီရောင်စစ်ဆင်ရေးအဖြစ် ကြေညာတယ်ဆိုပြီး ရေးသားထားပါတယ်။

“တကယ်က စစ်သားမိသားစုတွေ၊ ရဲမိသားစုတွေ၊ ထွေအုပ်မိသားစုတွေ ကြောက်နေကြပြီ၊ လူထုတော်လှန်ရေး အင်အားစုတွေ အားကောင်းလာပြီး တဖက်မှာ သူတို့အဘက သူတို့ကို ဘာအကာအကွယ်မှ မလုပ်ပေး တာဝန်ယူမပေးတော့ ဒီရက်ထဲ နေပြည်တော်ကို အစုလိုက် အပြုံလိုက်ထွက်ပြေးနေကြရတာ သတင်းတွေမှာ ဖတ်နေရတာပဲ၊ အခု သူ့လူတွေကြောက်နေလို့ မကြောက်အောင် အခုလို သွေးသောက်ဘာညာ ၊ ငါတို့ ရှိတယ်ဆိုတာ သူလူတွေကို စိတ်အင်အားပေးတဲ့ ပုံစံမျိုးလို့ မြင်တယ်” လို့ ဟင်္သာတသားတဦးက သူ့အမြင်ကို ပြောပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ဟင်္သာတခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကွင်းကောက်မြို့၊ တန်းမြှင့်လေ့ကျင့်ရေးကျောင်း အရင် လေ့ကျင့်ရေး ၆ မှာ ပျုစောထီးတွေ၊ အခု သွေးသောက်အဖွဲ့ဝင်တွေကို စစ်သင်တန်းတွေ ရက်တိုပေးနေတယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ လကုန်ပိုင်းကနေ မတ်လ ၂ ရက်နေ့မှာ ဆင်းလာတဲ့ အဲဒီသင်တန်းမှာ ရှားခဲမြို့နယ်ဘက်က လူ ၃၀ နဲ့ မြို့ပေါ်က အလုပ်လက်မဲ့ ၁၀ ယောက် သင်တန်းတက်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဟင်္သာတမြို့ ဟာ NLD ပါတီကို ထောက်ခံမှုအားကောင်းတဲ့ မြို့တမြို့ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် ၄ နေရာစလုံးမှာ NLD ပါတီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။#DNA

ဟသၤာတ ေသြးေသာက္အဖြဲ႕က ၿမိဳ႕လူထုကို ၿခိမ္းေျခာက္စာ ျဖန႔္ေဝ

ဧရာဝတီတိုင္းေဒသႀကီးရဲ့ ခရိုင္ၿမိဳ႕တခုျဖစ္တဲ့ ဟသၤာတၿမိဳ႕မွာ ဒီရက္ပိုင္းအတြင္း ေသြးေသာက္ဆိုတဲ့ အဖြဲ႕က လူထုကို ၿခိမ္းေျခာက္တဲ့ စာရြက္ေတြကို ၿမိဳ႕ျပင္လမ္းေပၚမွာ ျဖန္ၾကဲခဲ့တယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“မေန႔က လိပ္ေခ်ာင္းက ေဈးလာဝယ္တဲ့သူက ၿမိဳ႕အဝင္လမ္းေပၚမွာေတြ႕လို႔ ေကာက္လာတာဆိုၿပီး အဲဒီစာရြက္ကိုေတြ႕ရတာပဲ။ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာေတာ့ အဲလိုစာရြက္ေတြ ျဖန႔္တာ မေတြ႕ရဘူး၊ ၿမိဳ႕ျပင္ေတြမွာပဲ ဒီတိုင္းက်ဲထားခဲ့တာမ်ိဳးပဲ လုပ္ရဲတာ” လို႔ DNA ကို ေျပာပါတယ္။

ဒီေန႔မွာပဲ အဲဒီလို ၿမိဳ႕ျပင္လမ္းေပၚမွာ က်ဲထားတဲ့ စာရြက္တရြက္ကို ဟသၤာတၿမိဳ႕နဲ႔ သက္ဆိုင္တဲ့ လူမႈကြန္ရက္စာမ်က္ႏွာ group ျဖန႔္ေဝထားတာ ေတြ႕ရပါတယ္။ အဲဒီစာရြက္မွာ နိုင္ငံေတာ္တာဝန္ထမ္းေဆာင္ေနတဲ့ နိုင္ငံ့ဝန္ထမ္းလုံျခဳံေရးတပ္ဖြဲ႕ တပ္မေတာ္သားေတြ၊ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ဌာနဆိုင္ရာ ဝန္ထမ္းေတြနဲ႔ သူတို႔ရဲ့ မိသားစုဝင္ေတြ၊ စစ္မႈထမ္းေဟာင္းေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ အျပစ္မဲ့ျပည္သူေတြကို တရားမဲ့ သုတ္သင္ရွင္းလင္း သတ္ျဖတ္လာတာေတြ လုပ္လာရင္ ဟသၤာတၿမိဳ႕ ေသြးေသာက္အဖြဲ႕က NLD ပါတီဝင္ေတြနဲ႔ ေထာက္ခံဝန္းရံသူေတြ၊ အၾကမ္းဖက္အဖြဲ႕အစည္းေတြျဖစ္တဲ့ NUG ၊ CRPH ၊ PDF အဖြဲ႕ဝင္ေတြနဲ႔ ဆက္ႏြယ္တဲ့ မိသားစုဝင္ေတြကို တန္ျပန္တိုက္ခိုက္ ေျခမႈန္းမယ့္ အနီေရာင္စစ္ဆင္ေရးအျဖစ္ ေၾကညာတယ္ဆိုၿပီး ေရးသားထားပါတယ္။

“တကယ္က စစ္သားမိသားစုေတြ၊ ရဲမိသားစုေတြ၊ ေထြအုပ္မိသားစုေတြ ေၾကာက္ေနၾကၿပီ၊ လူထုေတာ္လွန္ေရး အင္အားစုေတြ အားေကာင္းလာၿပီး တဖက္မွာ သူတို႔အဘက သူတို႔ကို ဘာအကာအကြယ္မွ မလုပ္ေပး တာဝန္ယူမေပးေတာ့ ဒီရက္ထဲ ေနျပည္ေတာ္ကို အစုလိုက္ အျပဳံလိုက္ထြက္ေျပးေနၾကရတာ သတင္းေတြမွာ ဖတ္ေနရတာပဲ၊ အခု သူ႔လူေတြေၾကာက္ေနလို႔ မေၾကာက္ေအာင္ အခုလို ေသြးေသာက္ဘာညာ ၊ ငါတို႔ ရွိတယ္ဆိုတာ သူလူေတြကို စိတ္အင္အားေပးတဲ့ ပုံစံမ်ိဳးလို႔ ျမင္တယ္” လို႔ ဟသၤာတသားတဦးက သူ႔အျမင္ကို ေျပာပါတယ္။

အာဏာသိမ္းၿပီး ေနာက္ပိုင္း ဟသၤာတခရိုင္အတြင္းမွာ အၾကမ္းဖက္စစ္တပ္က ကြင္းေကာက္ၿမိဳ႕၊ တန္းျမႇင့္ေလ့က်င့္ေရးေက်ာင္း အရင္ ေလ့က်င့္ေရး ၆ မွာ ပ်ဳေစာထီးေတြ၊ အခု ေသြးေသာက္အဖြဲ႕ဝင္ေတြကို စစ္သင္တန္းေတြ ရက္တိုေပးေနတယ္လို႔ သိရပါတယ္။

ေဖေဖၚဝါရီ လကုန္ပိုင္းကေန မတ္လ ၂ ရက္ေန႔မွာ ဆင္းလာတဲ့ အဲဒီသင္တန္းမွာ ရွားခဲၿမိဳ႕နယ္ဘက္က လူ ၃၀ နဲ႔ ၿမိဳ႕ေပၚက အလုပ္လက္မဲ့ ၁၀ ေယာက္ သင္တန္းတက္ခဲ့တယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ဟသၤာတၿမိဳ႕ ဟာ NLD ပါတီကို ေထာက္ခံမႈအားေကာင္းတဲ့ ၿမိဳ႕တၿမိဳ႕ျဖစ္ၿပီး ၂၀၁၅ ေရြးေကာက္ပြဲနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲေတြမွာ မဲဆႏၵနယ္ ၄ ေနရာစလုံးမွာ NLD ပါတီက အနိုင္ရခဲ့တာ ျဖစ္ပါတယ္။#DNA