ၾကားသိသမွ်

စစ်အုပ်စုက ကျောက်ဆည်နယ်ထဲ တစ်ရွာ လူ(၂၀)စုပြီး အကြမ်းဖက်နည်း သင်တန်းပေးဖို့ စီစဉ်နေ၊ လူစုပေးတဲ့ အုပ်ကြီးတွေကို အသက် အာမ မခံဘူးလို့ ကျောက်ဆည် နဂါးနီပြောက်ကျားတပ် သတိပေး၊

စစ်အုပ်စုက ကျောက်ဆည်နယ်ထဲ တစ်ရွာ လူ(၂၀)စုပြီး အကြမ်းဖက်နည်း သင်တန်းပေးဖို့ စီစဉ်နေ၊

လူစုပေးတဲ့ အုပ်ကြီးတွေကို အသက် အာမ မခံဘူးလို့ ကျောက်ဆည် နဂါးနီပြောက်ကျားတပ် သတိပေး၊

MFP ၊ မေ – ၂

အကြမ်းဖက် စစ်အုပ်စုက ကျောက်ဆည်ခရိုင်ထဲက ကျေးရွာတွေကို တစ်ရွာ လူ(၂၀)နှုန်း စုပြီး ရပ်ရွာလုံခြုံရေး သင်တန်း အမည်ခံ အကြမ်းဖက်နည်း သင်တန်းတွေ ပို့ချပေးဖို့ စီစဉ်နေတာကြောင့် အများပြည်သူအနေနဲ့ သတိထားကြဖို့ ကျောက်ဆည် နဂါးနီ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


စစ်အုပ်စုက ဧပြီ(၂၉)ရက်မှာ ကျောက်ဆည်ခရိုင်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ကာ အစည်းအဝေး လုပ်ခဲ့ပြီး တစ်ရွာလျှင် လူ(၂၀)စုပေးကြဖို့နဲ့ မေ(၅)ရက် နောက်ဆုံးထားကာ လူစာရင်းပေးကြဖို့ ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။

“ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာ အားလုံးတွင် ပြည်သူများ ထင်ရောင်ထင်မှား ဖြစ်ရန် ရပ်ရွာလုံခြုံရေး အတွက်ဆိုကာ တစ်ရွာလျှင် လူဦးရေ(၂၀)နှုန်း သင်တန်းတက်ရမည်ဟု ဆိုကာ သင်တန်းကို ရွာတွေမှာ လာရောက်ပို့ချပေးပြီး လစာပေးမည်၊ လက်နက်ပေးမည်၊ သူတို့လိုအပ်လျှင် ရှေ့တန်းကို ခေါ်မည်ဟုဆိုကာ ဧပြီ(၂၉)ရက် မနက်(၁၀)နာရီ အစည်းဝေးမှာ အုပ်ချုပ်ရေးမှုးတွေကို ပြောကြားခဲ့သည်ဟု သိရပါသည်။ ပြည်သူတွေ ထင်ရောင်ထင်မှား ဖြစ်စေရန် ရပ်ရွာလုံခြုံရေးဟု ဆိုကာ အမှန်မှာ ပျူစောထီး ဖွဲ့ပေးခြင်းဖြစ်ပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးခြင်းသာ ဖြစ်ပါကြောင်းနဲ့ မေ(၅)ရက်တွင် စာရင်းအပြီးတင်ရန် ညွှန်ကြားထားသည်ဟု သိရပါသည်။ မိဘပြည်သူများ အနေနဲ့ စစ်ကောင်စီရဲ့ ယုက်မာမှုတွေမှ ရှောင်ရှားနှိုင်ရန် ကြိုတင်အသိပေး တင်ပြလိုက်ပါတယ်” လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျားတပ်က ဖော်ပြပါတယ်။


အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတဝန်း ရပ်ရွာလုံခြုံရေး အဖွဲ့တွေ ဖွဲ့စည်းမယ်လို့ ပြောဆိုထားပြီး မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ အခုလို လစာပေးမယ်ဆိုပြီး လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။ မိတ္ထီလာနယ်မှာ စစ်အုပ်စုက မကြာခဏ အကြမ်းဖက်နည်း သင်တန်းတွေပေးသလို လက်ရှိမှာလည်း အဲ့ဒီလို သင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုက ရပ်ရွာလုံခြုံရေး အမည်ခံ ပျူစောထီး သင်တန်းပေးဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး လူစုပေးတဲ့ အုပ်ကြီးတွေကို အသက်အာမခံမှာ မဟုတ်ဘူးလို့ ကျောက်ဆည် နဂါးနီ ပြောက်ကျားတပ်က သတိပေးပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက သောင်းချီတဲ့ လူသတ်၊ ဖောက်ထွင်းခိုးယူ၊ ဓားပြတိုက်လုယက် စတဲ့ ရာဇဝတ် အကျဉ်းသားတွေကို ထောင်က လွတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် စစ်အုပ်စုကို အားပေးထောက်ခံသူတွေကို သင်တန်းပေး၊ လက်နက် တပ်ဆင်ပေးကာ ပျူစောထီးအဖြစ် လက်သပ်မွေးပြီး ဒေသခံ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနှင့် ကျေးရွာတွေကို ဝင်မွှေလုယက် မီးရှို့ရာမှာ အသုံးချနေပါတယ်။

မိတ္ထီလာမှာ စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူတွေကို အကြမ်းဖက်နည်း သင်တန်းတွေ ပို့ချနေစဉ်/Photo – S

စစ္အုပ္စုက ေက်ာက္ဆည္နယ္ထဲ တစ္ရြာ လူ(၂၀)စုၿပီး အၾကမ္းဖက္နည္း သင္တန္းေပးဖို႔ စီစဥ္ေန၊

လူစုေပးတဲ့ အုပ္ႀကီးေတြကို အသက္ အာမ မခံဘူးလို႔ ေက်ာက္ဆည္ နဂါးနီေျပာက္က်ားတပ္ သတိေပး၊

MFP ၊ ေမ – ၂

အၾကမ္းဖက္ စစ္အုပ္စုက ေက်ာက္ဆည္ခရိုင္ထဲက ေက်းရြာေတြကို တစ္ရြာ လူ(၂၀)ႏႈန္း စုၿပီး ရပ္ရြာလုံျခဳံေရး သင္တန္း အမည္ခံ အၾကမ္းဖက္နည္း သင္တန္းေတြ ပို႔ခ်ေပးဖို႔ စီစဥ္ေနတာေၾကာင့္ အမ်ားျပည္သူအေနနဲ႔ သတိထားၾကဖို႔ ေက်ာက္ဆည္ နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

စစ္အုပ္စုက ဧၿပီ(၂၉)ရက္မွာ ေက်ာက္ဆည္ခရိုင္ထဲက ေက်းရြာအုပ္ခ်ဳပ္ေရးမႉးေတြကို ေခၚကာ အစည္းအေဝး လုပ္ခဲ့ၿပီး တစ္ရြာလၽွင္ လူ(၂၀)စုေပးၾကဖို႔နဲ႔ ေမ(၅)ရက္ ေနာက္ဆုံးထားကာ လူစာရင္းေပးၾကဖို႔ ခိုင္းေစခဲ့တာလို႔ ဆိုပါတယ္။

“ေက်ာက္ဆည္ခရိုင္ အတြင္းရွိ ေက်းရြာ အားလုံးတြင္ ျပည္သူမ်ား ထင္ေရာင္ထင္မွား ျဖစ္ရန္ ရပ္ရြာလုံျခဳံေရး အတြက္ဆိုကာ တစ္ရြာလၽွင္ လူဦးေရ(၂၀)ႏႈန္း သင္တန္းတက္ရမည္ဟု ဆိုကာ သင္တန္းကို ရြာေတြမွာ လာေရာက္ပို႔ခ်ေပးၿပီး လစာေပးမည္၊ လက္နက္ေပးမည္၊ သူတို႔လိုအပ္လၽွင္ ေရွ႕တန္းကို ေခၚမည္ဟုဆိုကာ ဧၿပီ(၂၉)ရက္ မနက္(၁၀)နာရီ အစည္းေဝးမွာ အုပ္ခ်ဳပ္ေရးမႈးေတြကို ေျပာၾကားခဲ့သည္ဟု သိရပါသည္။ ျပည္သူေတြ ထင္ေရာင္ထင္မွား ျဖစ္ေစရန္ ရပ္ရြာလုံျခဳံေရးဟု ဆိုကာ အမွန္မွာ ပ်ဴေစာထီး ဖြဲ႕ေပးျခင္းျဖစ္ၿပီး ျပည္သူအခ်င္းခ်င္း ရန္တိုက္ေပးျခင္းသာ ျဖစ္ပါေၾကာင္းနဲ႔ ေမ(၅)ရက္တြင္ စာရင္းအၿပီးတင္ရန္ ညႊန္ၾကားထားသည္ဟု သိရပါသည္။ မိဘျပည္သူမ်ား အေနနဲ႔ စစ္ေကာင္စီရဲ့ ယုက္မာမႈေတြမွ ေရွာင္ရွားႏွိုင္ရန္ ႀကိဳတင္အသိေပး တင္ျပလိုက္ပါတယ္” လို႔ ေက်ာက္ဆည္ နဂါးနီ ေျပာက္က်ားတပ္က ေဖာ္ျပပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုက နိုင္ငံတဝန္း ရပ္ရြာလုံျခဳံေရး အဖြဲ႕ေတြ ဖြဲ႕စည္းမယ္လို႔ ေျပာဆိုထားၿပီး မႏၲေလးတိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ အခုလို လစာေပးမယ္ဆိုၿပီး လူသစ္စုေဆာင္းေနတာ ျဖစ္ပါတယ္။ မိတၳီလာနယ္မွာ စစ္အုပ္စုက မၾကာခဏ အၾကမ္းဖက္နည္း သင္တန္းေတြေပးသလို လက္ရွိမွာလည္း အဲ့ဒီလို သင္တန္းေတြ ေပးေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုက ရပ္ရြာလုံျခဳံေရး အမည္ခံ ပ်ဴေစာထီး သင္တန္းေပးဖို႔ စီစဥ္ေနတာနဲ႔ ပတ္သက္ၿပီး လူစုေပးတဲ့ အုပ္ႀကီးေတြကို အသက္အာမခံမွာ မဟုတ္ဘူးလို႔ ေက်ာက္ဆည္ နဂါးနီ ေျပာက္က်ားတပ္က သတိေပးပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း နိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ေသာင္းခ်ီတဲ့ လူသတ္၊ ေဖာက္ထြင္းခိုးယူ၊ ဓားျပတိုက္လုယက္ စတဲ့ ရာဇဝတ္ အက်ဥ္းသားေတြကို ေထာင္က လြတ္ေပးခဲ့ပါတယ္။ ဒါ့အျပင္ စစ္အုပ္စုကို အားေပးေထာက္ခံသူေတြကို သင္တန္းေပး၊ လက္နက္ တပ္ဆင္ေပးကာ ပ်ဴေစာထီးအျဖစ္ လက္သပ္ေမြးၿပီး ေဒသခံ အရပ္သားျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္တာႏွင့္ ေက်းရြာေတြကို ဝင္ေမႊလုယက္ မီးရွို႔ရာမွာ အသုံးခ်ေနပါတယ္။

မိတၳီလာမွာ စစ္အုပ္စုက ေဒသခံ အရပ္သားျပည္သူေတြကို အၾကမ္းဖက္နည္း သင္တန္းေတြ ပို႔ခ်ေနစဥ္/Photo – S