ၾကားသိသမွ်

ကျောက်ညပ်စခန်းသိမ်း မှတ်တမ်းဗီဒီယိုကို BPLA ထုတ်ပြန်၊ KNLA တပ်မဟာ ၅ ဗျူဟာမှူး ကျဆုံးပြီး BPLA ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ မေ ၂

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကျောက်ညပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဗီဒီယိုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ယနေ့ မေလ ၂ ရက်နေ့တွင်ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းရှိ စစ်ဗျူဟာအရ အရေးပါသည့် အကြမ်းဖက် စစ်ကောင်စီ၏ ကျောက်ညပ်ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဧပြီလ ၂၈ ရက် နံနက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှော ကျဆုံးခဲ့ပြီး BPLA ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ ကျောက်ညပ်စခန်းတွင် ခမရ ၄၃၄ တပ်ရင်းမှ စစ်သားများက တပ်စွဲကြောင်း သိရှိရသည်။

ကျောက်ညပ်စခန်း ကျသွားပြီးနောက် စစ်ကောင်စီသည် လေကြောင်းမှတဆင့် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ မယ်နူထာ၊ ဒေပူနိုကျေးရွာများသို့ ဧပြီလ ၂၈ ရက်နေ့တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်သလို ယမန်နေ့ မေလ ၁ ရက်နေ့တွင်လည်း ဒေပူနိုကျေးရွာသို့ လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။

“အဲဒီသံလွင်မြစ်ကမ်း တကျောမှာ စခန်းပေါင်း ၃၂ ခုရှိတယ်။ အဲဒီနားမှာ စခန်းကြီးတွေက သော်လဲထ၊ အီးသူထ၊ ကျောက်ညပ်၊ သီးမူထ တို့ရှိတယ်။ အောက်ဘက်မှာဆို မယ်ပေါ်တို့ သူမွဲထ ရှိမယ်။ ကျန်တဲ့ စခန်းသေးတွေ နာမည်တော့ မမှတ်မိဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သံလွင်မြစ်ကမ်းရှိ စစ်ကောင်စီရှေ့တန်းစခန်းကြီးများဖြစ်သော သီးမူထစခန်းကို ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင်လည်းကောင်း၊ သော်လဲထစခန်းကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင်လည်းကောင်း၊ ကျောက်ညပ်စခန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်တွင်လည်းကောင်း KNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

ေက်ာက္ညပ္စခန္းသိမ္း မွတ္တမ္းဗီဒီယိုကို BPLA ထုတ္ျပန္၊ KNLA တပ္မဟာ ၅ ဗ်ဴဟာမႉး က်ဆုံးၿပီး BPLA ရဲေဘာ္ ၃ ဦး ဒဏ္ရာရ (႐ုပ္/သံ)

ရန္ကုန္၊ ေမ ၂

ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၅ နယ္ေျမအတြင္းရွိ ေက်ာက္ညပ္စခန္းကို တိုက္ခိုက္သိမ္းပိုက္ခဲ့သည့္ မွတ္တမ္းဗီဒီယိုကို ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA) က ယေန႔ ေမလ ၂ ရက္ေန႔တြင္ထုတ္ျပန္သည္။

ကရင္ျပည္နယ္၊ သံလြင္ျမစ္ကမ္းရွိ စစ္ဗ်ဴဟာအရ အေရးပါသည့္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေက်ာက္ညပ္ေရွ႕တန္းစခန္းကို တိုက္ခိုက္သိမ္းပိုက္စဥ္ ဧၿပီလ ၂၈ ရက္ နံနက္တြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ မွ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ေစာထူးကေရွာ က်ဆုံးခဲ့ၿပီး BPLA ရဲေဘာ္ ၃ ဦး ဒဏ္ရာရခဲ့သည္။

အဆိုပါ ေက်ာက္ညပ္စခန္းတြင္ ခမရ ၄၃၄ တပ္ရင္းမွ စစ္သားမ်ားက တပ္စြဲေၾကာင္း သိရွိရသည္။

ေက်ာက္ညပ္စခန္း က်သြားၿပီးေနာက္ စစ္ေကာင္စီသည္ ေလေၾကာင္းမွတဆင့္ KNU တပ္မဟာ ၅ နယ္ေျမအတြင္းရွိ မယ္ႏူထာ၊ ေဒပူနိုေက်းရြာမ်ားသို႔ ဧၿပီလ ၂၈ ရက္ေန႔တြင္ ဗုံးက်ဲပစ္ခတ္တိုက္ခိုက္သလို ယမန္ေန႔ ေမလ ၁ ရက္ေန႔တြင္လည္း ေဒပူနိုေက်းရြာသို႔ ေလေၾကာင္းမွတဆင့္ တိုက္ခိုက္ခဲ့ေသးေၾကာင္း သိရွိရသည္။

“အဲဒီသံလြင္ျမစ္ကမ္း တေက်ာမွာ စခန္းေပါင္း ၃၂ ခုရွိတယ္။ အဲဒီနားမွာ စခန္းႀကီးေတြက ေသာ္လဲထ၊ အီးသူထ၊ ေက်ာက္ညပ္၊ သီးမူထ တို႔ရွိတယ္။ ေအာက္ဘက္မွာဆို မယ္ေပၚတို႔ သူမြဲထ ရွိမယ္။ က်န္တဲ့ စခန္းေသးေတြ နာမည္ေတာ့ မမွတ္မိဘူး” ဟု CDM ဗိုလ္ႀကီး ညီသုတက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

သံလြင္ျမစ္ကမ္းရွိ စစ္ေကာင္စီေရွ႕တန္းစခန္းႀကီးမ်ားျဖစ္ေသာ သီးမူထစခန္းကို ၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္တြင္လည္းေကာင္း၊ ေသာ္လဲထစခန္းကို ၂၀၂၁ ခုႏွစ္ ဧၿပီလ ၂၇ ရက္ေန႔တြင္လည္းေကာင္း၊ ေက်ာက္ညပ္စခန္းကို ၂၀၂၂ ခုႏွစ္ ဧၿပီလ ၂၈ ရက္တြင္လည္းေကာင္း KNLA က တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီး အဆိုပါ စခန္းသိမ္းတိုက္ပြဲမ်ားတြင္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ဘက္မွ ထိခိုက္က်ဆုံးမႈမ်ား ရွိခဲ့သည္။