ၾကားသိသမွ်

အာဆီယံနှင့် NUG အစိုးရကြား အလွတ်သဘောဆွေးနွေးညှိနှိုင်းနိုင်ရန် မလေးရှားအဆိုပြုမည်

အာဆီယံနှင့် NUG အစိုးရကြား အလွတ်သဘောဆွေးနွေးညှိနှိုင်းနိုင်ရန် မလေးရှားအဆိုပြုမည်

ကွာလာလမ်ပူ၊ မေ ၁

မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလွတ်သဘောဆွေးနွေးညှိနှိုင်းရန် မလေးရှားနိုင်ငံက အဆိုပြုရန်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များသဘောတူခဲ့သော သဘောတူညီချက် ၅ ချက် တိုးတက်မှုရှိမလာသဖြင့် အဆိုပြုထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဆိုင်ဖူဒင် အဗ္ဗဒူလာကပြောသည်။

“တခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ အာဆီယံကို အဆိုပြုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအလွတ်သဘောဆွေးနွေးညှိနှိုင်းမှုတွေက မြန်မာနိုင်ငံထဲမှာကျန်နေသေးတဲ့လူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဘယ်လိုပေးမလဲဆိုတာမျိုးတွေအတွက် စိတ်ကူးလို့ရတဲ့အရာမျိုးပါ” ဟု သူကပြောသည်။

၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနှင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့က အထူးကိုယ်စားလှယ် တစ်ယောက်စီခန့်အပ်ခဲ့သော်လည်း သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် အာဏာသိမ်းစစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် တိုးတက်မှုများရှိမလာကြောင်းလည်း ပြောသည်။

မေ ၅ ရက် အွန်လိုင်းမှပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် မလေးရှားနိုင်ငံက ယခုအဆိုပြုချက် အပါအဝင် အဆိုပြုချက် ၃ ချက် တင်သွင်းမည်ဖြစ်သည်။

အခြား ၂ ခုမှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂ ဆတိုးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်၏ ရာထူးနေရာနှင့်လုပ်ငန်းဆောင်ရွက်မှုများ အားကောင်းစေရန် တို့ဖြစ်သည်။

သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အပြုသဘောဆွေးနွေးမှုများပြုလုပ်ရန်၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်၊ ဆွေးနွေးညှိနှိုင်းမှုများအတွက် အာဆီယံအထူးကိုယ်စားလှယ်တယောက် ခန့်အပ်ရန်နှင့် ထိုကိုယ်စားလှယ်ကို မြန်မာနိုင်ငံက ဝင်ခွင့်ပြုရန်တို့ဖြစ်သည်။

Source – Benarma

အာဆီယံႏွင့္ NUG အစိုးရၾကား အလြတ္သေဘာေဆြးေႏြးညႇိႏွိုင္းနိုင္ရန္ မေလးရွားအဆိုျပဳမည္

ကြာလာလမ္ပူ၊ ေမ ၁

ျမန္မာနိုင္ငံ၏ အမ်ိဳးသားညီညြတ္ေရးအစိုးရႏွင့္ အလြတ္သေဘာေဆြးေႏြးညႇိႏွိုင္းရန္ မေလးရွားနိုင္ငံက အဆိုျပဳရန္ရွိေနသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္တြင္ အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လွိုင္ႏွင့္ အာဆီယံေခါင္းေဆာင္မ်ားသေဘာတူခဲ့ေသာ သေဘာတူညီခ်က္ ၅ ခ်က္ တိုးတက္မႈရွိမလာသျဖင့္ အဆိုျပဳထားေၾကာင္း မေလးရွားနိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ ဆရီ ဆိုင္ဖူဒင္ အဗၺဒူလာကေျပာသည္။

“တျခားအစိုးရေတြကို အသိအမွတ္ျပဳဖို႔ အာဆီယံကို အဆိုျပဳတာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလိုအလြတ္သေဘာေဆြးေႏြးညႇိႏွိုင္းမႈေတြက ျမန္မာနိုင္ငံထဲမွာက်န္ေနေသးတဲ့လူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြဘယ္လိုေပးမလဲဆိုတာမ်ိဳးေတြအတြက္ စိတ္ကူးလို႔ရတဲ့အရာမ်ိဳးပါ” ဟု သူကေျပာသည္။

၂၀၂၁ ခုႏွစ္ အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူနိုင္းနိုင္ငံႏွင့္ ယခုႏွစ္ အာဆီယံအလွည့္က်ဥကၠ႒ ကေမၻာဒီးယားနိုင္ငံတို႔က အထူးကိုယ္စားလွယ္ တစ္ေယာက္စီခန႔္အပ္ခဲ့ေသာ္လည္း သေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ရန္ အာဏာသိမ္းစစ္တပ္ဘက္က ပူးေပါင္းေဆာင္ရြက္မႈ မရွိသျဖင့္ တိုးတက္မႈမ်ားရွိမလာေၾကာင္းလည္း ေျပာသည္။

ေမ ၅ ရက္ အြန္လိုင္းမွျပဳလုပ္မည့္ အာဆီယံနိုင္ငံျခားေရးေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးတြင္ မေလးရွားနိုင္ငံက ယခုအဆိုျပဳခ်က္ အပါအဝင္ အဆိုျပဳခ်က္ ၃ ခ်က္ တင္သြင္းမည္ျဖစ္သည္။

အျခား ၂ ခုမွာ ျမန္မာနိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ၂ ဆတိုးရန္ႏွင့္ ျမန္မာနိုင္ငံဆိုင္ရာအာဆီယံအထူးကိုယ္စားလွယ္၏ ရာထူးေနရာႏွင့္လုပ္ငန္းေဆာင္ရြက္မႈမ်ား အားေကာင္းေစရန္ တို႔ျဖစ္သည္။

သေဘာတူညီခ်က္ ၅ ခ်က္မွာ အၾကမ္းဖက္မႈမ်ားရပ္တန႔္ရန္၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ အျပဳသေဘာေဆြးေႏြးမႈမ်ားျပဳလုပ္ရန္၊ ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားေပးရန္၊ ေဆြးေႏြးညႇိႏွိုင္းမႈမ်ားအတြက္ အာဆီယံအထူးကိုယ္စားလွယ္တေယာက္ ခန႔္အပ္ရန္ႏွင့္ ထိုကိုယ္စားလွယ္ကို ျမန္မာနိုင္ငံက ဝင္ခြင့္ျပဳရန္တို႔ျဖစ္သည္။

Source – Benarma