ၾကားသိသမွ်

လပွတ္တာတွင်စစ်မှုထမ်းဟောင်းများကို နယ်ဝေး ၁ သောင်း မြို့တွင်း ၇ ထောင်ပေးခေါ်နေ

လပွတ္တာတွင် စစ်မှုထမ်းဟောင်းများကို နယ်ဝေး ၁ သောင်း မြို့တွင်း ၇ ထောင်ပေးခေါ်နေ

မင်းမြတ်မောင်/ဧရာ၀တီတိုင်းမ်

လပွတ္တာ၊ မေလ ၁ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဧပြီလဆန်းပိုင်းက စတင်ပြီး စစ်မှုထမ်းဟောင်းတွေကို နေ့စားစရိတ်ပေးပြီး လုံခြုံရေးစောင့်ဖို့ပြန်ခေါ်တာတွေ စစ်ကောင်စီ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လပွတ္တာမြို့နယ်အတွင်းက စစ်မှုထမ်းဟောင်းတွေကို လိုက်လံပြီး နယ်ဝေး ၁ သောင်း မြို့တွင်း ၇၀၀၀ ထောင်ပေးမယ်ဆိုပြီး စည်းရုံးခေါ်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ အဓိကတော့ စစ်မှုထမ်းဟောင်တွေကို ခေါ်တာ ယူနီဖောင်းထုတ်ပေးပြီး လုံခြုံရေးစောင့်ခိုင်းတယ် ကြားတယ် ပိုက်ဆံရတာတော့ဟုတ်တယ် အတည်ကျတော့ မသိဘူး” လို့ မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ပြီး လုံခြုံရေးစောင့်ခိုင်းတဲ့အခါ မြို့တွင်းဂိတ်တွေမှာ စောင့်ပေးတဲ့သူတွေကို ၇ ထောင်ပေးပြီး မြို့ပြင်စစ်ဆေးရေးဂိတ်နဲ့ တခြားနေရာတွေကိုလိုက်ရတဲ့အခါ ၁ သောင်း ပေးလေ့ရှိတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဟောင်းဝန်ထမ်းတွေကို ပြန်ခေါ်အသုံးပြုနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီအင်အားလျော့နည်း လာတာကြောင့် လက်နက်ကိုင်အတွေအကြုံရှိတဲ့သူတွေကို ပြန်ခေါ်ပြီး အသုံးပြုနေတာဖြစ်နိုင်တယ်လို့ စစ်တပ်ကအနားယူလာသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။
ဓာတ်ပုံအဟောင်းအားပြန်လည်အသုံးပြုထားပါသည်။

လပြတၱာတြင္ စစ္မႈထမ္းေဟာင္းမ်ားကို နယ္ေဝး ၁ ေသာင္း ၿမိဳ႕တြင္း ၇ ေထာင္ေပးေခၚေန

မင္းျမတ္ေမာင္/ဧရာ၀တီတိုင္းမ္

လပြတၱာ၊ ေမလ ၁ ရက္။

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္မွာ ဧၿပီလဆန္းပိုင္းက စတင္ၿပီး စစ္မႈထမ္းေဟာင္းေတြကို ေန႔စားစရိတ္ေပးၿပီး လုံျခဳံေရးေစာင့္ဖို႔ျပန္ေခၚတာေတြ စစ္ေကာင္စီ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီက လပြတၱာၿမိဳ႕နယ္အတြင္းက စစ္မႈထမ္းေဟာင္းေတြကို လိုက္လံၿပီး နယ္ေဝး ၁ ေသာင္း ၿမိဳ႕တြင္း ၇၀၀၀ ေထာင္ေပးမယ္ဆိုၿပီး စည္း႐ုံးေခၚယူေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။

“ အဓိကေတာ့ စစ္မႈထမ္းေဟာင္ေတြကို ေခၚတာ ယူနီေဖာင္းထုတ္ေပးၿပီး လုံျခဳံေရးေစာင့္ခိုင္းတယ္ ၾကားတယ္ ပိုက္ဆံရတာေတာ့ဟုတ္တယ္ အတည္က်ေတာ့ မသိဘူး” လို႔ ၿမိဳ႕ခံတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

စစ္ေကာင္စီက စစ္မႈထမ္းေဟာင္းေတြကို ျပန္ေခၚၿပီး လုံျခဳံေရးေစာင့္ခိုင္းတဲ့အခါ ၿမိဳ႕တြင္းဂိတ္ေတြမွာ ေစာင့္ေပးတဲ့သူေတြကို ၇ ေထာင္ေပးၿပီး ၿမိဳ႕ျပင္စစ္ေဆးေရးဂိတ္နဲ႔ တျခားေနရာေတြကိုလိုက္ရတဲ့အခါ ၁ ေသာင္း ေပးေလ့ရွိတယ္လို႔ သိရပါတယ္။

စစ္မႈထမ္းေဟာင္းဝန္ထမ္းေတြကို ျပန္ေခၚအသုံးျပဳေနတာနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီအင္အားေလ်ာ့နည္း လာတာေၾကာင့္ လက္နက္ကိုင္အေတြအၾကဳံရွိတဲ့သူေတြကို ျပန္ေခၚၿပီး အသုံးျပဳေနတာျဖစ္နိုင္တယ္လို႔ စစ္တပ္ကအနားယူလာသူေတြက ေဝဖန္သုံးသပ္ၾကပါတယ္။

ဓာတ္ပုံအေဟာင္းအားျပန္လည္အသုံးျပဳထားပါသည္။