ၾကားသိသမွ်

အန္တရာယ်များအကြားက ရန်ကုန်ပြည်သူများရဲ့ ကြက်သီးထလောက်တဲ့ ကြွေးကြော်သံများ(ရုပ်သံ)

အန္တရာယ်များအကြားက ရန်ကုန်ပြည်သူများရဲ့ ကြွေးကြော်သံ

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများ ရှိနေသည့် ရန်ကုန်တွင် “တပ်ပျက်နေပြီဟေ့” ဗီနိုင်းကို ကိုင်စွဲပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုပ်ပုံပါသည့် ဗီနိုင်း သပိတ်ချီတက်လာရာ လမ်းကြောင်းတွင် ကော်ဇော်နီတစ်ခုသဖွယ် ဖြန့်ခင်း နင်းချကာ ယနေ့ ၂၀၂၂ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။

အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သတင်းထုတ်ပြန်ရေး၊ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး အစရှိသည့် ကိစ္စများတွင် အရေးနိမ့်နေရုံသာမက စစ်ရေးတွင်ပါ ဆိုးရွားစွာ အရေးနိမ့်လာသည်ကို မျက်မြင်တွေ့နေကြရမည်ဖြစ်သည်။ မြန်မာပြည်အသာထား ၊ တပ်တွင်းမတည်ငြိမ်မှုများကိုပင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့သည့် ဖက်ဆစ်တပ်တစ်ခုလုံး ပျက်သုဉ်းရန် အချိန်နီးကပ်နေပြီဟူ၍ ထုတ်ဖော်ပြသခဲ့ကြသည်။ ပြည်သူများအနေဖြင့်လည်း အဖက်ဖက်တွင် ယိုင်နဲ့ကျဆုံးနေသော စစ်ကောင်စီထံသို့ ရရှိနေသည့်သွေးစွန်းငွေများအား ဖြတ်ချရန် လုပ်ဆောင်သည့်လှုပ်ရှားမှုများတွင် ပါဝင်ရန်ထပ်မံတိုက်တွန်းလိုက်ရသည်။ “ဟု ရန်ကုန်တော်လှန်ရေးအင်အားစု က အသိပေးပြောဆိုထားသည်။

ပြောက်ကျားသပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community ) ၊ အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အ•က•ရ) ၊ Yangon’s Rebels Strike Committee (YRSC) နှင့် Revolution Force – RF အဖွဲ့ဝင် တော်လှန်လူငယ်များမှ ပူပေါင်း ချီတက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်.

အႏၲရာယ္မ်ားအၾကားက ရန္ကုန္ျပည္သူမ်ားရဲ့ ေႂကြးေၾကာ္သံ

စစ္ေကာင္စီတပ္၏ အၾကမ္းဖက္မႈမ်ား ရွိေနသည့္ ရန္ကုန္တြင္ “တပ္ပ်က္ေနၿပီေဟ့” ဗီနိုင္းကို ကိုင္စြဲၿပီး အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ႐ုပ္ပုံပါသည့္ ဗီနိုင္း သပိတ္ခ်ီတက္လာရာ လမ္းေၾကာင္းတြင္ ေကာ္ေဇာ္နီတစ္ခုသဖြယ္ ျဖန႔္ခင္း နင္းခ်ကာ ယေန႔ ၂၀၂၂ခုႏွစ္ ေမလ(၁)ရက္ေန႔ နံနက္ပိုင္းက ခ်ီတက္ဆႏၵျပခဲ့ၾကသည္။

အၾကမ္းဖက္စစ္တပ္သည္ အုပ္ခ်ဳပ္ေရး၊ စီမံခန႔္ခြဲေရး၊ သတင္းထုတ္ျပန္ေရး၊ စည္းလုံးညီညြတ္မႈတည္ေဆာက္ေရး အစရွိသည့္ ကိစၥမ်ားတြင္ အေရးနိမ့္ေန႐ုံသာမက စစ္ေရးတြင္ပါ ဆိုးရြားစြာ အေရးနိမ့္လာသည္ကို မ်က္ျမင္ေတြ႕ေနၾကရမည္ျဖစ္သည္။ ျမန္မာျပည္အသာထား ၊ တပ္တြင္းမတည္ၿငိမ္မႈမ်ားကိုပင္ ထိန္းသိမ္းနိုင္စြမ္းမရွိေတာ့သည့္ ဖက္ဆစ္တပ္တစ္ခုလုံး ပ်က္သုဥ္းရန္ အခ်ိန္နီးကပ္ေနၿပီဟူ၍ ထုတ္ေဖာ္ျပသခဲ့ၾကသည္။ ျပည္သူမ်ားအေနျဖင့္လည္း အဖက္ဖက္တြင္ ယိုင္နဲ႔က်ဆုံးေနေသာ စစ္ေကာင္စီထံသို႔ ရရွိေနသည့္ေသြးစြန္းေငြမ်ားအား ျဖတ္ခ်ရန္ လုပ္ေဆာင္သည့္လႈပ္ရွားမႈမ်ားတြင္ ပါဝင္ရန္ထပ္မံတိုက္တြန္းလိုက္ရသည္။ “ဟု ရန္ကုန္ေတာ္လွန္ေရးအင္အားစု က အသိေပးေျပာဆိုထားသည္။

ေျပာက္က်ားသပိတ္စစ္ေၾကာင္းအား Yangon Revolution Force – YRF (Soft Strike Community ) ၊ အေျခခံေက်ာင္းသားမ်ားေရးရာအဖြဲ႕ ( အ•က•ရ) ၊ Yangon’s Rebels Strike Committee (YRSC) ႏွင့္ Revolution Force – RF အဖြဲ႕ဝင္ ေတာ္လွန္လူငယ္မ်ားမွ ပူေပါင္း ခ်ီတက္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္.