ၾကားသိသမွ်

စကစရဲ့ လုပ်နည်းအမှားတွေကို ထောက်ပြလာတဲ့ ဒေါက်တာနန္ဒာလှမြင့်

စကစရဲ့ လုပ်နည်းအမှားတွေကို ထောက်ပြလာတဲ့ ဒေါက်တာနန္ဒာလှမြင့်။

April လ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ခေါင်းကြီးပိုင်းတွေတွေ့ဆုံပွဲအပြီး Dr.နန္ဒာလှမြင့်ကို တခြားမြို့နယ်ကလာတဲ့ ကြံ့ခေါင်းဆောင်တယောက်ကမေးတယ်။

ဆရာရေ ကျနော်မရှင်းတာတခုလောက်မေးချင်တယ်။

မေး။ ။ခု နောက်ပိုင်းကျ နော်တို့ ပါတီဝင်တွေ PDF ကြောင့် နေထိုင်မှုဘဝအခက်အခဲတွေများလာတယ် အသက်မလုံခြုံတော့သလိုခံစားလာကြရတယ်။ဆရာတို့ ဘယ်လိုများဖြေရှင်းပေးနိုင်မလဲ တချက်လောက်ပြောပြပါအုံး။

ဖြေ။ ။ ခက်တာက ပြောပြရမှာက အများကြီးပဲဗျ။တချိူ့အကြောင်းအရာတွေက မပြောချင်ဘူး။ ဒါပေမယ့်ပြောမှသိမှာဆိုတော့ ပြောမှရမယ်။ဒီပြဿနာစတာက စစ်တပ်ကစတာဗျ။

အာဏာသိမ်းပြီးနောက်ပိုင်း NLDပါတီက အကြီးပိုင်းတွေ ဖမ်းဆီးထိမ်းသိမ်းတာက ထိမ်းပါ ဒါကတော့ ထိမ်းမှရမှာလေ။ဒါလောက်ဆိုရပြီ။
စစ်တပ်က ဒါနဲ့မပြီးသေးဘူး။ Facebookပေါ်မှာ NLD profile တင်သုံးတဲ့သူတွေဖမ်းဆီးတယ် နှိပ်စက်တယ် ငွေတောင်းတယ်။ NLD ဒေါ်စု ပုံတက်တူးထိုးထားတဲ့သူတွေဆို ဖမ်းဆီးပြီး မတရားနှိပ်စက်တယ်။

ဒါက ဒီအချိန်က စစ်တပ်ကအင်အားကြီးတယ် လက်နက်ရှိတယ်။ ဒါကြောင့် NLDပါတီထောက်ခံသူတွေဟာ လူးလှိမ့်ခံကြရတာ။ တကယ်တော့ ဒါကတော့ မတရားဘူးပေါ့ဗျာ ကျူပ်ကအဲအချိန်မှာ ဘာမှ မပြောခဲ့ဘူး။ ပြောလို့လဲ အပိုပဲလေ။ ရွေးကောက်ပွဲကာလမှာ ပါတီတခုကို သူတို့ထောက်ခံချင်တာခံပေါ့။ ဒါက ဖမ်းဆီးနှိပ်စက်စရာမှာမဟုတ်တာ။ အဲကတည်းက စစ်တပ်က အမှားတွေလုပ်လာတာ။

အဲတော့ သူတို့တွေနာကြီးကြတာပေါ့။ အဲဒီနာကြီးစိတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစီမှာ စစ်ပညာသွားသင် ခုနောက်ပိုင်းလက်နက်အင်အားလူအင်အားကောင်းလာတော့ပြန်တိုက်ကုန်ကြပြီ အမှန်ပြောရရင် ကျူပ်တို့တောင်အသက်မလုံခြုံတော့ဘူး။သွားသတိလာသတိနဲ့နေနေရတယ်။ စစ်တပ်ကလုပ်တာ ခံရတော့ ကျူပ်တို့ပါတီဝင်တွေ။

ခု နေပြည်တော်ကိုလဲ PDF ရန်ကြောက်လို့ ရှောင်ပြေးလာကြတဲ့ လူအင်အားမနည်းဘူး။ ကျူပ်တို့လဲဘယ်လို စီစဉ်ပေးရမှန်းကို မသိဘူး။
ရှေ့လျှောက် ဖြစ်လာမယ့်ဟာတွေက မတွေးရဲစရာတွေအများကြီးဗျ။ ဘဘောက ဗျာ ခု PDF အင်အားက စစ်တပ်ထက် ၂ဆများတယ်။ ဒါတောင်တိုင်းရင်းသားလက်နက်ကိုင်တွေ မပါသေးဘူး။ အကုန်ပေါင်းတွက်ရင် ခင်ဗျားပဲစဉ်းစားကြည့်ပေါ့ဗျာ။

သူတို့က ခု လက်နက်တပ်ဆင်နိုင်တာ ၃ ပုံ ၁ပုံပဲရှိသေးတယ်။ အကုန်တပ်ဆင်ပြီးသွားရင် ခင်ဗျားတို့ကျူပ်တို့ဘယ်လိုလုပ်မလဲ ဘယ်သူကကာကွယ်ပေးမလဲ။ ဒါက ကျူပ်လဲတွေးတယ် ဥက္ကဌကြီးလဲ တွေးနေတာပဲ။ အစကတည်းက လုပ်နည်းလုပ်ဟန်အမှားတွေနဲ့ စခဲ့တာလေဗျာ။ NUG PDF ကို ပြည်ပနိုင်ငံရောက်မြန်မာတွေကလဲ ကူညီတယ် တခြားနိုင်ငံကြီးတွေကလဲ supportလုပ်တယ်။ ကျူပ်တို့ကြ ဘယ်သူကကူညီမလဲ။ ခင်ဗျားတို့အောက်ခြေတွေကို အပြစ်မပြောပါဘူး။ ခုဟာက ဒီပုံ အတိုင်းကြာလာရင် ပါတီဝင်ရော စစ်တပ်မိသားစုရောထန်းလျှက်ခဲခွေးယက်သလို လုံးပါးပါးတော့မယ်။

ခုလဲကြည့် သွေးသောက်အဖွဲ့ဆို လုပ်ပြန်ပြီ ဒါက ဦးနှောက်မဲ့လို့လုပ်တာ ပြန်ခံရမှာက ကျူပ်တို့ပါတီဝင်တွေပဲ။ခင်ဗျားမယုံရင်ကြည့်။
ခင်ဗျား ဗျာ စစ်တပ်ရှိတယ် ရဲတပ်ဖွဲ့ရှိတယ် ဒါတွေက ကိုယ့်ကိုယ်ကို အစိုးတရပ်လို့ခံယူထားရင် ဒါမျိူးတွေမလုပ်သင့်ဘူး။ အထက်ပိုင်းကတော့ လုံခြုံတာပေါ့၊ ဒီလို ပြည်သူချင်းရန်တိုက်ပေးတာဟာ မကောင်းဘူး။ ဘယ်သူကအင်အားများတယ်ဆိုတာခင်ဗျားတို့လဲ အသိပဲလေ။

ခင်ဗျားတို့ကို စိတ်ဓာတ်ကျဖို့ပြောတာမဟုတ်ဘူး ခုပကတိ အခြေအနေတွေရိပ်စားမိအောင်ပြောတာ။နေပြည်တော် ကိုတော့ အကုန်လုံးပြေးမလာကြပါနဲ့အုံးဗျာ။

ကျူပ်ခံစားချက်အရပြောရရင် ခု အရေးအခင်း ကနေ ဘေးထွက်နေသင့်တယ်လို့ထင်တယ်ဗျာ။

Crd fb

Zawgyi

စကစရဲ့ လုပ္နည္းအမွားေတြကို ေထာက္ျပလာတဲ့ ေဒါက္တာနႏၵာလွျမင့္။

April လ ႀကံ့ခိုင္ဖြံ့ၿဖိဳးေရးအသင္း ေခါင္းႀကီးပိုင္းေတြေတြ႕ဆုံပြဲအၿပီး Dr.နႏၵာလွျမင့္ကို တျခားၿမိဳ႕နယ္ကလာတဲ့ ႀကံ့ေခါင္းေဆာင္တေယာက္ကေမးတယ္။

ဆရာေရ က်ေနာ္မရွင္းတာတခုေလာက္ေမးခ်င္တယ္။

ေမး။ ။ခု ေနာက္ပိုင္းက် ေနာ္တို႔ ပါတီဝင္ေတြ PDF ေၾကာင့္ ေနထိုင္မႈဘဝအခက္အခဲေတြမ်ားလာတယ္ အသက္မလုံျခဳံေတာ့သလိုခံစားလာၾကရတယ္။ဆရာတို႔ ဘယ္လိုမ်ားေျဖရွင္းေပးနိုင္မလဲ တခ်က္ေလာက္ေျပာျပပါအုံး။

ေျဖ။ ။ ခက္တာက ေျပာျပရမွာက အမ်ားႀကီးပဲဗ်။တခ်ိဴ႕အေၾကာင္းအရာေတြက မေျပာခ်င္ဘူး။ ဒါေပမယ့္ေျပာမွသိမွာဆိုေတာ့ ေျပာမွရမယ္။ဒီျပႆနာစတာက စစ္တပ္ကစတာဗ်။

အာဏာသိမ္းၿပီးေနာက္ပိုင္း NLDပါတီက အႀကီးပိုင္းေတြ ဖမ္းဆီးထိမ္းသိမ္းတာက ထိမ္းပါ ဒါကေတာ့ ထိမ္းမွရမွာေလ။ဒါေလာက္ဆိုရၿပီ။

စစ္တပ္က ဒါနဲ႔မၿပီးေသးဘူး။ Facebookေပၚမွာ NLD profile တင္သုံးတဲ့သူေတြဖမ္းဆီးတယ္ ႏွိပ္စက္တယ္ ေငြေတာင္းတယ္။ NLD ေဒၚစု ပုံတက္တူးထိုးထားတဲ့သူေတြဆို ဖမ္းဆီးၿပီး မတရားႏွိပ္စက္တယ္။

ဒါက ဒီအခ်ိန္က စစ္တပ္ကအင္အားႀကီးတယ္ လက္နက္ရွိတယ္။ ဒါေၾကာင့္ NLDပါတီေထာက္ခံသူေတြဟာ လူးလွိမ့္ခံၾကရတာ။ တကယ္ေတာ့ ဒါကေတာ့ မတရားဘူးေပါ့ဗ်ာ က်ဴပ္ကအဲအခ်ိန္မွာ ဘာမွ မေျပာခဲ့ဘူး။ ေျပာလို႔လဲ အပိုပဲေလ။ ေရြးေကာက္ပြဲကာလမွာ ပါတီတခုကို သူတို႔ေထာက္ခံခ်င္တာခံေပါ့။ ဒါက ဖမ္းဆီးႏွိပ္စက္စရာမွာမဟုတ္တာ။ အဲကတည္းက စစ္တပ္က အမွားေတြလုပ္လာတာ။

အဲေတာ့ သူတို႔ေတြနာႀကီးၾကတာေပါ့။ အဲဒီနာႀကီးစိတ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြစီမွာ စစ္ပညာသြားသင္ ခုေနာက္ပိုင္းလက္နက္အင္အားလူအင္အားေကာင္းလာေတာ့ျပန္တိုက္ကုန္ၾကၿပီ အမွန္ေျပာရရင္ က်ဴပ္တို႔ေတာင္အသက္မလုံျခဳံေတာ့ဘူး။သြားသတိလာသတိနဲ႔ေနေနရတယ္။ စစ္တပ္ကလုပ္တာ ခံရေတာ့ က်ဴပ္တို႔ပါတီဝင္ေတြ။

ခု ေနျပည္ေတာ္ကိုလဲ PDF ရန္ေၾကာက္လို႔ ေရွာင္ေျပးလာၾကတဲ့ လူအင္အားမနည္းဘူး။ က်ဴပ္တို႔လဲဘယ္လို စီစဥ္ေပးရမွန္းကို မသိဘူး။

ေရွ႕ေလၽွာက္ ျဖစ္လာမယ့္ဟာေတြက မေတြးရဲစရာေတြအမ်ားႀကီးဗ်။ ဘေဘာက ဗ်ာ ခု PDF အင္အားက စစ္တပ္ထက္ ၂ဆမ်ားတယ္။ ဒါေတာင္တိုင္းရင္းသားလက္နက္ကိုင္ေတြ မပါေသးဘူး။ အကုန္ေပါင္းတြက္ရင္ ခင္ဗ်ားပဲစဥ္းစားၾကည့္ေပါ့ဗ်ာ။

သူတို႔က ခု လက္နက္တပ္ဆင္နိုင္တာ ၃ ပုံ ၁ပုံပဲရွိေသးတယ္။ အကုန္တပ္ဆင္ၿပီးသြားရင္ ခင္ဗ်ားတို႔က်ဴပ္တို႔ဘယ္လိုလုပ္မလဲ ဘယ္သူကကာကြယ္ေပးမလဲ။ ဒါက က်ဴပ္လဲေတြးတယ္ ဥကၠဌႀကီးလဲ ေတြးေနတာပဲ။ အစကတည္းက လုပ္နည္းလုပ္ဟန္အမွားေတြနဲ႔ စခဲ့တာေလဗ်ာ။ NUG PDF ကို ျပည္ပနိုင္ငံေရာက္ျမန္မာေတြကလဲ ကူညီတယ္ တျခားနိုင္ငံႀကီးေတြကလဲ supportလုပ္တယ္။ က်ဴပ္တို႔ၾက ဘယ္သူကကူညီမလဲ။ ခင္ဗ်ားတို႔ေအာက္ေျခေတြကို အျပစ္မေျပာပါဘူး။ ခုဟာက ဒီပုံ အတိုင္းၾကာလာရင္ ပါတီဝင္ေရာ စစ္တပ္မိသားစုေရာထန္းလၽွက္ခဲေခြးယက္သလို လုံးပါးပါးေတာ့မယ္။

ခုလဲၾကည့္ ေသြးေသာက္အဖြဲ႕ဆို လုပ္ျပန္ၿပီ ဒါက ဦးေႏွာက္မဲ့လို႔လုပ္တာ ျပန္ခံရမွာက က်ဴပ္တို႔ပါတီဝင္ေတြပဲ။ခင္ဗ်ားမယုံရင္ၾကည့္။

ခင္ဗ်ား ဗ်ာ စစ္တပ္ရွိတယ္ ရဲတပ္ဖြဲ႕ရွိတယ္ ဒါေတြက ကိုယ့္ကိုယ္ကို အစိုးတရပ္လို႔ခံယူထားရင္ ဒါမ်ိဴးေတြမလုပ္သင့္ဘူး။ အထက္ပိုင္းကေတာ့ လုံျခဳံတာေပါ့၊ ဒီလို ျပည္သူခ်င္းရန္တိုက္ေပးတာဟာ မေကာင္းဘူး။ ဘယ္သူကအင္အားမ်ားတယ္ဆိုတာခင္ဗ်ားတို႔လဲ အသိပဲေလ။

ခင္ဗ်ားတို႔ကို စိတ္ဓာတ္က်ဖို႔ေျပာတာမဟုတ္ဘူး ခုပကတိ အေျခအေနေတြရိပ္စားမိေအာင္ေျပာတာ။ေနျပည္ေတာ္ ကိုေတာ့ အကုန္လုံးေျပးမလာၾကပါနဲ႔အုံးဗ်ာ။

က်ဴပ္ခံစားခ်က္အရေျပာရရင္ ခု အေရးအခင္း ကေန ေဘးထြက္ေနသင့္တယ္လို႔ထင္တယ္ဗ်ာ။

Crd fb