ၾကားသိသမွ်
မမှန်ခဲ့ရင် ညာဘက်လက်အဖြတ်ခံမယ်ဆိုပြီး စိန်ခေါ်တဲ့ ဗေဒင်ဆရာရဲ့ မြန်မာနိုင်ငံအနာဂတ် ဟောကိန်း
#အဓမ္မသမားတွေတော့နမိတ်ဆိုးပဲ
#ကောက်ရိုးမျှင်လေးပဲဖြစ်ဖြစ်ဆွဲမိတယ်
ကိုယ့် Personal ဘဝအတွက်ဆိုဗေဒင်ယတြာတွေ နတ်တွေ ရိုးရာတွေကိုယုံလေ့မရှိဘူး ။ အခုသူက တိုင်းပြည်အတွက်ဆိုပြီး ပြောလာလို့ တွေ့တာလေးတင်ပေးတာ….။#Credit
မမှန်ခဲ့ရင် ညာဘက်လက်အဖြတ်ခံမယ်ဆိုပြီး စိန်ခေါ်ခဲ့တဲ့ဗေဒင်ဆရာရဲ့ မြန်မာနိုင်ငံအနာဂတ် ဟောကိန်းကျနော် စိတ်ဝင်စားတာက ကမ္ဘာကြီး တစ်ခုလုံးမှာ ရှိနေတဲ့ လူသား တစ်ဦးချင်းစီ ရဲ့ Individual, Specific Ideas တွေက 2019 – 2020 – 2021 – 2022 ကာလတွေမှာရုတ်တရက် ဘာ့ကြောင့် ပြောင်းလဲသွားသလို ဖြစ်ရတာလဲ ဆိုတာပါ။
မြန်မာပြည်က လူတွေက ကိုဗစ်၊ စစ်အာဏာသိမ်း စသဖြင့် ဒါ့ကြောင့် လို့ ယူဆကြတယ်၊ကျနော့်အမြင်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။ နေစကြာဝဠာရဲ့ ဖောက်ပြန်မှု ကို ကမ္ဘာဂြိုဟ် ခံစားနေရတယ်။ အခုထိ မပြီးသေးဘူး။
အာဏာရှင်၊ ပညာရှင်ဆိုတဲ့လူတွေကိုပါ သွက်သွက်ခါ ရူးမတတ်၊ ရူးအောင် လုပ်မယ့် သဘော။ ဝမ်းနည်းစရာ ကောင်းတာက စကားလုံးတွေ ပလုံစီခပ်၊ လိုရင်း မရောက်ပဲ၊ ဘုရင့် အလိုတော်ကျအသုံးတော်ခံနေတဲ့ ပညာရှင်အတုအယောင်တွေပါ။
မြန်မာပြည်က ဘာလို့ ဒီလောက် ဆိုးနေရတာလဲ ဆိုတာ လေ့လာကြည့်တော့ သန်းခေါင်အကျော် အမိုက်ဆုံးအချိန် လို့ ဥပမာ ပေးလို့ ရတယ်။
ဇွန်လ မတိုင်ခင် ပြည်သူတွေနဲ့အတူ တတ်နိုင်သမျှ နေဖို့ ပညာရှင်များလုပ်ကြပါ။ 2022 ဇွန်လ နောက်ပိုင်း မြန်မာပြည်ရဲ့ ကံဇာတာက ပြန်ထပြီ။
2022 နှစ်ကုန် အာဏာရှင်စိတ်ရှိသူ မှန်သမျှ ကျဆုံးပြီ။2023-2024က ပြန်လည်ထူထောင်ရေးလုပ်ကြရလိမ့်မယ်။
2025 မှာ မြန်မာ့ဖက်ဒရယ်ပြည်ထောင်စုကြှီးရဲ့ Foundation က အရှေ့တောင် အာရှမှာ တခမ်းတနား ပေါ်ထွက်လာလိမ့်မယ်။
ကမ္ဘာကြီး နာလံထမှာလည်း အဲဒိအချိန်ပဲ။
Astrological Prediction ဆိုတာ ကမ္ဘာမှာ ရမ်းသမ်း ခန့်မှန်း ဝါးချ၊ ငွေယူ၊ လွယ်ပါတယ်။ကျနော် ဒဲ့ ဟောမယ်။ (2022 – 2025) အတွင်း အခုပြောသလို ဖြစ်မဖြစ်။
ဆန့်ကျင်နိုင်သူ ရှိရင် ညာ ဘက်လက်ဖြတ်ကြေး စိန်ခေါ်ပါတယ်။ ကျနော် ရှုံးရင် ညာလက်ဖြတ်မယ်။ကျနော်နိုင်ရင် အမေရိကန် ဒေါ်လာ ဆယ်သန်းနဲ့ ညီမျှတဲ့ ငွေ ကျနော် လိုချင်တယ်။
ကျနော် နိုင်တဲ့ အဲဒိငွေကို အာဏာရှင်လက်အောက် နိမ့်ပါး ခံစားခဲ့ရတဲ့ မိသားစုနဲ့ ကလေးလေးတွေ အကုန်လှူမယ်။မြန်မာက အနှေးနဲ့ အမြန်အမေရိကန် ပြည်ထောင်စုလို ဖြစ်ကို ဖြစ်လာလိမ့်မယ်။
အရှေ့တောင်အာရှနဲ့ အာရှတိုက် က မနာလိုလောက်အောင် ဒီပြည်ထောင်စုကြီး ဖြစ်လာလိမ့်မယ်။ အဲဒိအတိုင်း ဖြစ်ကို ဖြစ်မယ်။
မင်းဟန်(မန်းတက္ကသိုလ်)
Crd:
Crd:
ကူးယူတင်ပြပါသည်။