ၾကားသိသမွ်

စစ်ကောင်စီယာဉ်တန်းအား မင်းတပ်CDF တိုက်ခိုက်၊မင်းတပ် – မူတူပီလမ်း မိုင်တိုင်(၇၁)တွင် တိုက်ပွဲပြင်းထန်

စစ်ကောင်စီယာဉ်တန်းအား မင်းတပ်CDF တိုက်ခိုက်၊မင်းတပ် – မူတူပီလမ်း မိုင်တိုင်(၇၁)တွင် တိုက်ပွဲပြင်းထန်

မောင်မောင်/People’s Spring

မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းကိုမင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ယနေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းဟာအွမ်ကအသိပေးထားသည်။

ဧပြီ၃၀ရက် မွန်းလွဲ ၂နာရီခွဲတွင် မတူပီ-မင်းတပ်လမ်းမိုင်တိုင် (၇၁)၌ စစ်ကောင်စီယာဉ်တန်းနှင့် CDF မင်းတပ် (မိုးပီတပ်ရင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မင်းတပ် CDFပြောရေးဆိုခွင့်ရှိသူ၏ Ha Om အမည်ရှိ လူမှုကွန် ရက် အသုံးပြုသူက ရေးသားထားသည်။

တိုက်ပွဖြစ်စဉ်အသေးစိတ်အခြေအနေ မသိရသေးကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“CDF-Mindat ကတော့အပြောနဲ့လက်တွေ့ပါပဲ။မင်းတပ်နယ်ဝင်လာတာနဲ့တိုက်ခိုက်နေပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ယခုစစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်နေသည့် မင်းတပ် CDF မိုးပီတပ်ရင်းသည် အင်အား၃၀၀လိုက်ပါလာသည့်စစ်ကောင်စီယာဉ်တန်းကိုမိုင်တိုင် (၇၁)၌ ၄နာရီကြာတိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ဗျူဟာမှူးအဖြစ်တာဝန်ယူခဲ့သည့်နိုင်းတပ်က ၎င်းက ရေးသားထားသည်။

“တိုက်ပွဲသတင်းအသေးစိတ်ကို မသိရသေးပေမယ့် ကိုယ့်လူတွေဖက်က အကျဆုံးမရှိတာတကယ့်သတင်း ကောင်းပါပဲ”ဟု မင်းတပ် CDF ဗျူဟာမှူးဟောင်း နိုင်းတမ်ကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ယာဉ်တန်းသည် မတူပီမှဧပြီ၂၇ရက်တွင် ထွက်ခွာလာရာလမ်းပိုင်း၌ မတူပီ CDFကလည်း မိုင်းဆွဲတိုက်ခိုက်ခြင်း၊ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့၍စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

စစ္ေကာင္စီယာဥ္တန္းအား မင္းတပ္CDF တိုက္ခိုက္၊မင္းတပ္ – မူတူပီလမ္း မိုင္တိုင္(၇၁)တြင္ တိုက္ပြဲျပင္းထန္

ေမာင္ေမာင္/People’s Spring

မတူပီမွ မင္းတပ္ၿမိဳ႕သို႔လာသည့္စစ္ေကာင္စီယာဥ္တန္းကိုမင္းတပ္ခ်င္းေဒသကာကြယ္ေရးတပ္(CDF)က ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ရာ ယေန႔တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း မင္းတပ္ CDF ေျပာေရးဆိုခြင့္ရွိသူဆလိုင္းဟာအြမ္ကအသိေပးထားသည္။

ဧၿပီ၃၀ရက္ မြန္းလြဲ ၂နာရီခြဲတြင္ မတူပီ-မင္းတပ္လမ္းမိုင္တိုင္ (၇၁)၌ စစ္ေကာင္စီယာဥ္တန္းႏွင့္ CDF မင္းတပ္ (မိုးပီတပ္ရင္း)တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု မင္းတပ္ CDFေျပာေရးဆိုခြင့္ရွိသူ၏ Ha Om အမည္ရွိ လူမႈကြန္ ရက္ အသုံးျပဳသူက ေရးသားထားသည္။
တိုက္ပြျဖစ္စဥ္အေသးစိတ္အေျခအေန မသိရေသးေၾကာင္း ဆလိုင္းဟာအြမ္က ေျပာသည္။

“CDF-Mindat ကေတာ့အေျပာနဲ႔လက္ေတြ႕ပါပဲ။မင္းတပ္နယ္ဝင္လာတာနဲ႔တိုက္ခိုက္ေနပါတယ္”ဟု ဆလိုင္းဟာအြမ္က ေျပာသည္။

ယခုစစ္ေကာင္စီယာဥ္တန္းအား တိုက္ခိုက္ေနသည့္ မင္းတပ္ CDF မိုးပီတပ္ရင္းသည္ အင္အား၃၀၀လိုက္ပါလာသည့္စစ္ေကာင္စီယာဥ္တန္းကိုမိုင္တိုင္ (၇၁)၌ ၄နာရီၾကာတိုက္ခိုက္ခဲ့ေၾကာင္း မင္းတပ္ CDF ဗ်ဴဟာမႉးအျဖစ္တာဝန္ယူခဲ့သည့္နိုင္းတပ္က ၎က ေရးသားထားသည္။

“တိုက္ပြဲသတင္းအေသးစိတ္ကို မသိရေသးေပမယ့္ ကိုယ့္လူေတြဖက္က အက်ဆုံးမရွိတာတကယ့္သတင္း ေကာင္းပါပဲ”ဟု မင္းတပ္ CDF ဗ်ဴဟာမႉးေဟာင္း နိုင္းတမ္ကေျပာသည္။

အဆိုပါစစ္ေကာင္စီတပ္ယာဥ္တန္းသည္ မတူပီမွဧၿပီ၂၇ရက္တြင္ ထြက္ခြာလာရာလမ္းပိုင္း၌ မတူပီ CDFကလည္း မိုင္းဆြဲတိုက္ခိုက္ျခင္း၊ျခဳံခိုတိုက္ခိုက္ျခင္းမ်ားျပဳလုပ္ခဲ့၍စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈရွိခဲ့သည္။