ၾကားသိသမွ်

မြန်မာ့ဒီမိုကရေစီရေး NUG နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဌ ပြော

မြန်မာ့ဒီမိုကရေစီရေး NUG နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဌ ပြော

မြန်မာပြည်သူတွေ တောင့်တတဲ့ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးအတွက် NUG အစိုးရနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဌက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂတို့ ဧပြီ ၂၇ ရက်က ဗွီဒီယိုကွန်ဖရင့်နဲ့ ကျင်းပခဲ့တဲ့ ၅ ကြိမ်မြောက် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌ ကအဲဒီလိုပြောကြားခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်လွှတ် တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌရဲ့ ပူးပေါင်းဆောင်ရွက်မူတွေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း နဲ့NUG နဲ့အတူ ပူးပေါင်းဆောင်ရွက်တာ ရလဒ်ကောင်းတွေ ရရှိမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ဂျပန် National Defense Academy နဲ့ စစ်အုပ်စု တို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆွေးနွေးခဲ့ရာ ဂျပန် လွှတ်တော်အမတ်များသမဂ္ဂက အထူး အ ရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာအဖွဲ့ဝင်တွေက နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်တွေ၊ လူသားချင်းစာနာမှုအကူအညီနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းအောင်မြင်မှုရလဒ်တွေ ပိုမိုပေါ်ထွက်လာရေးအတွက် စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။#DNA

ျမန္မာ့ဒီမိုကေရစီေရး NUG နဲ႔ ဆက္လက္ပူးေပါင္းမယ္လို႔ ဂ်ပန္လႊတ္ေတာ္အမတ္မ်ား သမဂၢဥကၠဌ ေျပာ

ျမန္မာျပည္သူေတြ ေတာင့္တတဲ့ ဒီမိုကေရစီ နဲ႔ ၿငိမ္းခ်မ္းေရးအတြက္ NUG အစိုးရနဲ႔ ဆက္လက္ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားသမဂၢ ဥကၠဌက ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ နိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္တဲ့အဖြဲ႕နဲ႔ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားသမဂၢတို႔ ဧၿပီ ၂၇ ရက္က ဗြီဒီယိုကြန္ဖရင့္နဲ႔ က်င္းပခဲ့တဲ့ ၅ ႀကိမ္ေျမာက္ လုပ္ငန္းပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ဂ်ပန္လႊတ္ေတာ္အမတ္မ်ားသမဂၢ ဥကၠ႒ ကအဲဒီလိုေျပာၾကားခဲ့တာပါ။

နိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ဂ်ပန္လႊတ္ ေတာ္အမတ္မ်ားသမဂၢ ဥကၠ႒ရဲ့ ပူးေပါင္းေဆာင္ရြက္မူေတြနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေပးမႈေတြအတြက္ ေက်းဇူးတင္ေၾကာင္း နဲ႔NUG နဲ႔အတူ ပူးေပါင္းေဆာင္ရြက္တာ ရလဒ္ေကာင္းေတြ ရရွိမွာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ျမန္မာကိုယ္စားလွယ္အဖြဲ႕က ဂ်ပန္ National Defense Academy နဲ႔ စစ္အုပ္စု တို႔ ပူးေပါင္းလုပ္ေဆာင္မႈေတြ ကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်တယ္လို႔ ေဆြးေႏြးခဲ့ရာ ဂ်ပန္ လႊတ္ေတာ္အမတ္မ်ားသမဂၢက အထူး အ ေရးယူေဆာင္ရြက္နိုင္ေရး လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျမန္မာအဖြဲ႕ဝင္ေတြက နယ္ေျမထိန္းခ်ဳပ္နိုင္မႈအေျခအေန၊ နိုင္ငံတကာေရးရာ ကိစၥရပ္ေတြ၊ စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္ ရြက္ေတြ၊ လူသားခ်င္းစာနာမႈအကူအညီနဲ႔ ဖြံ့ၿဖိဳးေရး ဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္ၿပီး လုပ္ငန္းေအာင္ျမင္မႈရလဒ္ေတြ ပိုမိုေပၚထြက္လာေရးအတြက္ စီမံကိန္းေတြ ခ်မွတ္လုပ္ေဆာင္ေနမႈေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။#DNA