ၾကားသိသမွ်

မင်းအောင်လှိုင် စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ အောက်ခြေမှာ စတင်လုပ်ဆောင်၊ လိုအပ်တဲ့ လက်နက်တွေ တပ်ဆင်မယ်လို့ ဇော်မင်းထွန်းကပြော

မင်းအောင်လှိုင် စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ အောက်ခြေမှာ စတင်လုပ်ဆောင်၊ လိုအပ်တဲ့ လက်နက်တွေ တပ်ဆင်မယ်လို့ ဇော်မင်းထွန်းကပြော

ရန်ကုန်၊ ဧပြီ ၃၀

မင်းအောင်လှိုင်စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ မြို့နယ်၊ ရပ်ကွက်တွေမှာ စတင် လူစုနေပြီး ဖွဲ့စည်းမှုတွေ လည်း စတင်လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။


မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်းဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့တွေ စမ်းသပ် ဖွဲ့စည်းဖို့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီ လုံခြုံရေးအစည်း အဝေးတွေမှာ လျှို့ဝှက်ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့ အဲဒီညွှန်ကြားချက်အတိုင်း ရပ်ကွက်တိုင်းမှာ လူ ၂၀ ဦးပါဝင်တဲ့ လုံခြုံရေးအဖွဲ့စာရင်းတွေကို စစ်တပ်က ဧပြီလ ၂၈ ရက်နေ့မှာ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။


လူစာရင်းကို ရပ်ကွက်အလိုက် မဖြစ်မနေ ပေးရမယ်လို့ သိရှိရပြီး လူ ၂၀ မှာ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်းဟောင်း၊ ပြည်သူ့စစ်၊ ရပ်ရွာအကျိုးလိုလားသူ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ဘာသာရေးအဖွဲ့တွေ၊ အရန်မီးသတ်၊ ကြက်ခြေနီတွေ ပါဝင်ရမယ်လို့ အမိန့်ထုတ်နေပါတယ်။

အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ပြည်သူတွေပါဝင်မယ့် ပြည်သူ့လုံခြုံရေးစနစ် အကောင် အထည်ဖော်နေပြီး ဒီစနစ်ကြောင့် အကြမ်းဖက်မှုတွေ လျှင်မြန်စွာချုပ်ငြိမ်းသွားမှာဖြစ်တဲ့အကြောင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လက်နက်နဲ့ လိုအပ်တာတွေ တပ်ဆင်ပေးမယ်လို့ ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

မင္းေအာင္လွိုင္ စီမံခ်က္ျဖစ္တဲ့ ျပည္သူ႔လုံျခဳံေရးအဖြဲ႕ေတြ ဖြဲ႕ဖို႔ ေအာက္ေျခမွာ စတင္လုပ္ေဆာင္၊ လိုအပ္တဲ့ လက္နက္ေတြ တပ္ဆင္မယ္လို႔ ေဇာ္မင္းထြန္းကေျပာ

ရန္ကုန္၊ ဧၿပီ ၃၀

မင္းေအာင္လွိုင္စီမံခ်က္ျဖစ္တဲ့ ျပည္သူ႔လုံျခဳံေရးအဖြဲ႕ေတြ ဖြဲ႕ဖို႔ ၿမိဳ႕နယ္၊ ရပ္ကြက္ေတြမွာ စတင္ လူစုေနၿပီး ဖြဲ႕စည္းမႈေတြ လည္း စတင္လုပ္ေဆာင္လာေနၿပီျဖစ္ပါတယ္။

မဘသ၊ YMBA ၊ ျပည္သူ႔စစ္၊ ရဲ၊ စစ္မႈထမ္းေဟာင္း ၊ ၾကက္ေျခနီ၊ မီးသတ္ အပါအဝင္ စစ္တပ္ေထာက္ ခံသူေတြ ပါဝင္တဲ့ ျပည္သူ႔လုံျခဳံေရး အမည္ခံအဖြဲ႕ေတြ စမ္းသပ္ ဖြဲ႕စည္းဖို႔ အၾကမ္းဖက္ ေခါင္းေဆာင္ မင္းေအာင္လွိုင္က မတ္လ ၃ ရက္ေန႔ က်င္းပျပဳလုပ္တဲ့ စစ္ေကာင္စီ လုံျခဳံေရးအစည္း အေဝးေတြမွာ လၽွို႔ဝွက္ညႊန္ၾကားခဲ့တာလည္းျဖစ္ပါတယ္။

အခုေတာ့ အဲဒီညႊန္ၾကားခ်က္အတိုင္း ရပ္ကြက္တိုင္းမွာ လူ ၂၀ ဦးပါဝင္တဲ့ လုံျခဳံေရးအဖြဲ႕စာရင္းေတြကို စစ္တပ္က ဧၿပီလ ၂၈ ရက္ေန႔မွာ စတင္ေကာက္ခံေနၿပီျဖစ္ပါတယ္။

လူစာရင္းကို ရပ္ကြက္အလိုက္ မျဖစ္မေန ေပးရမယ္လို႔ သိရွိရၿပီး လူ ၂၀ မွာ စစ္မႈထမ္းေဟာင္း၊ ရဲမႈထမ္းေဟာင္း၊ ဌာနဆိုင္ရာဝန္ထမ္းေဟာင္း၊ ျပည္သူ႔စစ္၊ ရပ္ရြာအက်ိဳးလိုလားသူ၊ ပရဟိတအဖြဲ႕ဝင္ေတြ၊ ဘာသာေရးအဖြဲ႕ေတြ၊ အရန္မီးသတ္၊ ၾကက္ေျခနီေတြ ပါဝင္ရမယ္လို႔ အမိန႔္ထုတ္ေနပါတယ္။

အၾကမ္းဖက္စစ္တပ္ ေျပာခြင့္ရ ေဇာ္မင္းထြန္းကေတာ့ ျပည္သူေတြပါဝင္မယ့္ ျပည္သူ႔လုံျခဳံေရးစနစ္ အေကာင္ အထည္ေဖာ္ေနၿပီး ဒီစနစ္ေၾကာင့္ အၾကမ္းဖက္မႈေတြ လၽွင္ျမန္စြာခ်ဳပ္ၿငိမ္းသြားမွာျဖစ္တဲ့အေၾကာင္း၊ ျပည္သူ႔လုံျခဳံေရးအဖြဲ႕ေတြကို လက္နက္နဲ႔ လိုအပ္တာေတြ တပ္ဆင္ေပးမယ္လို႔ ဧၿပီလ ၂၇ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုပါတယ္။