ၾကားသိသမွ်

ပြည်သူနှင့်အတူ ပူးပေါင်းနိုင်ဖို့ လပေါင်းများစွာ ကြိုးစားပြင်ဆင်ခဲ့ရတဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း

ပြည်သူနှင့်အတူ ပူးပေါင်းနိုင်ဖို့ လပေါင်းများစွာ ကြိုးစားပြင်ဆင်ခဲ့ရတဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း
===========================

တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်တန်းကျောင်း(မှော်ဘီ)၏ သင်ကြားရေးဆိုင်ရာ တာဝန်ခံဗိုလ်ကြီးခင်ပပထွန်းသည် ဧပြီလ ၁၁ရက်နေ့တွင် CDM ပြုလုပ်၍ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို မနှစ်သက်သည့်အတွက် ယခုကဲ့သို့ CDM ပြုလုပ်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာမှ စတင်၍ လပေါင်းများစွာပြင်ဆင်ခဲ့ရသည်။ ဧပြီလ ၁၁ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ထွက်ခွာ၍ လွတ်မြောက် နယ်မြေ သို့ရောက်ရှိခဲ့ခြင်းဖြစ်သည် ဟု ဗိုလ်ကြီး ခင်ပပထွန်းက ဆိုသည်။


“ တစ်ယောက်တည်းမဟုတ်ဘဲ မိသားစုနဲ့ဆိုတော့ အဖက်ဖက်ကနေ စဉ်းစားရပါတယ်။ မကျေနပ်တာတော့ မကျေနပ်ဘူး။ ပြည်သူတွေဘက်ကနေ ရပ်တည်ချင်တယ်။ ဒါပေမယ့် မိသားစုအတွက်လည်း စဉ်းစားရတယ်။ အမျိုးသားနဲ့ အမျိုးမျိုးတိုင်ပင်ရတယ်။ အပေါ်လမ်းကပဲ ထွက်မလား။ CDMပဲလုပ်မလားဆိုတာကို” ဟု ဗိုလ်ကြီး ခင်ပပထွန်းက ပြောသည်။

ဗိုလ်ကြီးခင်ပပထွန်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဦးတို့လည်းပါဝင်သည်။ ဗိုလ်ကြီးခင်ပပထွန်း၏ အမျိုးသားဖြစ်သူ ဗိုလ်ကြီး သင်းအောင်ထွေးသည် စစ်တပ်ကိုမနှစ်သက်သည့်အတွက် လွန်ခဲ့သည့် ၁၀နှစ်ဝန်းကျင် ကတည်းက စစ်တပ်မှ ထွက်လာခဲ့သည့် ဆရာဝန်ဗိုလ်ကြီး တစ်ဦးလည်းဖြစ်သည်။


လက်ရှိအချိန်တွင် စစ်တပ်၏ ရက်စက်မှုများကြောင့် တပ်တွင်းမနေလိုကြဘဲ ဗိုလ်ကြီးခင်ပပထွန်း ကဲ့သို့ CDMပြုလုပ်ရန် ကြိုးစားနေသူ တပ်အတွင်းမှ ထွက်လိုသူအများအပြားရှိ နေကြောင်းသိရသည်။ မည်သည့်ဌာနမဆို စစ်ကောင်စီ၏တပ်တွင်း လုံခြုံရေးအတွက်ပါဝင် နေကြရခြင်းများရှိနေ၍ စိတ်ဓါတ်ကျဆင်းနေကြသည်ဟု CDM ဗိုလ်ကြီး ခင်ပပထွန်း က ဆိုသည်။

“ပထမပိုင်းမှာတော့ ကျွန်မတို့တွေ ကိုယ့်အလုပ်လေးပဲကိုယ်လုပ်ရတာပေါ့။ စာသင်တဲ့ သူတွေကသင် ရုံးပိုင်းဆိုင်ရာက ရုံးပိုင်းဆိုင်ရာပေါ့ ။ အခုနောက်ပိုင်းကျတော့ လုံခြုံရေး ပိုင်းမှာပါ တာဝန်ယူကြရတယ်။ အလှည့်ကျကင်းစောင့်နေကြရတယ်။ လူကြီးပိုင်းတွေက အာရုံလွှဲချင်တဲ့ အခါမှာ အစည်းအဝေးတွေလုပ်တယ်။ မနားရအောင် လုပ်တာပေါ့။ အဲ့လိုဆိုတော့ အထဲက လူတွေလည်း စိတ်ဓါတ်ကျဆင်းနေကြတယ်” ဟု CDM ဗိုလ်ကြီးခင်ပပထွန်းက ပြောသည်။


စစ်အာဏာသိမ်းပြီးချိန်တွင် ဖြစ်ပွားခဲ့သော ပြည်သူလူထု၏ ဆန္ဒပြပွဲများကို နှိမ်နင်းခြင်းပြုလုပ်ရာမှစ၍ လက်ရှိလက်နက်ကိုင် တော်လှန်အချိန် အထိ စစ်တပ်အတွင်းမှ စစ်သားများအနေဖြင့် အနားရမှုမရှိခြင်း၊ စစ်ပန်းခြင်း၊ စစ်ခေါင်းဆောင်များ၏ ဂုတ်သွေးစုပ်အမြတ်ထုတ်ခြင်းများအပြင် ပြည်သူလူထုအပေါ် တွင် နှိပ်စက်ညှဥ်းပန်းခြင်းများပြုနေသည်ကို ကျေနပ်မှုမရှိသည့်အတွက် တပ်တွင်းမှ ထွက်လိုသူ၊ CDMပြုလုပ်သူများရှိနေ၍ လုံခြုံရေးတိုးမြှင့်မှုများလည်းရှိနေသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှသိရသည်။

စစ်ကောင်စီ၏ လုံခြုံရေးတိုးမြှင့်ထားမှုကြောင့် တပ်မတော်ဆေးပညာ သင်တန်းကျောင်း မှ ဗိုလ်ကြီးတစ်ဦးပင်လျင် ပြည်သူနှင့်အတူ ပူးပေါင်းရန်အတွက် လပေါင်းများစွာ အချိန်ယူပြင်ဆင် ရသည်ကိုတွေ့ရသည်။

လက်ရှိအချိန်တွင် တပ်အတွင်း၌ CDM ၊ ဖရဲသီး(တပ်တွင်းသတင်းပေး) စသည့် ဒီမိုကရေစီရရှိရေးအတွက် ပြည်သူနှင့်အတူပူးပေါင်းရန် အဆင်သင့်ဖြစ်နေသူများ ရှိနေ ၍ တပ်တွင်းစောင့်ကြည့်မှုများလည်းရှိကြောင်း CDMဗိုလ်ကြီးညီသုတထံက သိရသည်။

“CDMလုပ်ချင်တဲ့သူတွေအများကြီးရှိတဲ့ အတွက် စစ်ခေါင်းဆောင်တွေအနေနဲ့ ဒီပေါ်မှာ ဖိဖိစီးစီးစောင့်ကြည့်မှုတွေလုပ်တယ်။ ခွင့်ပေးတာတောင် တော်တော်ကိုတင်းကျပ်ထား တယ်။ လုံးဝမပေးတာမျိုးအထိရှိတယ် ။ သတင်းဖရဲသီးဆိုတာလည်းရှိတယ်တော့ အမြဲတစေ စောင့်ကြည့်မှုတွေကတော့ရှိတယ်” ဟု ဗိုလ်ကြီးညီသုတထံက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်များမှ စတင်ပြုလုပ်ခဲ့သည့် CDMလှုပ်ရှားမှုတွင် တပ်မတော်သားများပါ တစ်စတစ်စ ပါဝင်လာကြသည်ကိုတွေ့ရသည်။ တစ်နှစ်အတွင်း စစ်ကောင်စီလက်အောက် ပြည်ထဲရေးဌာမှ တပ်နှင့်ရဲ CDM တစ်သောင်း ဝန်းကျင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်ထုတ်ပြန်ထားသည် #Mizzima

Zawgyi

ျပည္သူႏွင့္အတူ ပူးေပါင္းနိုင္ဖို႔ လေပါင္းမ်ားစြာ ႀကိဳးစားျပင္ဆင္ခဲ့ရတဲ့ CDM ဗိုလ္ႀကီး ခင္ပပထြန္း
===========================

တပ္မေတာ္ေဆးဘက္ဆိုင္ရာပညာသင္တန္းေက်ာင္း(ေမွာ္ဘီ)၏ သင္ၾကားေရးဆိုင္ရာ တာဝန္ခံဗိုလ္ႀကီးခင္ပပထြန္းသည္ ဧၿပီလ ၁၁ရက္ေန႔တြင္ CDM ျပဳလုပ္၍ ျပည္သူႏွင့္အတူ ပူးေပါင္းခဲ့သည္။

စစ္တပ္၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို မႏွစ္သက္သည့္အတြက္ ယခုကဲ့သို႔ CDM ျပဳလုပ္ရန္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာမွ စတင္၍ လေပါင္းမ်ားစြာျပင္ဆင္ခဲ့ရသည္။ ဧၿပီလ ၁၁ ရက္ေန႔နံနက္ပိုင္းတြင္ စစ္ေကာင္စီတပ္မွ ထြက္ခြာ၍ လြတ္ေျမာက္ နယ္ေၿမ သို႔ေရာက္ရွိခဲ့ျခင္းျဖစ္သည္ ဟု ဗိုလ္ႀကီး ခင္ပပထြန္းက ဆိုသည္။

“ တစ္ေယာက္တည္းမဟုတ္ဘဲ မိသားစုနဲ႔ဆိုေတာ့ အဖက္ဖက္ကေန စဥ္းစားရပါတယ္။ မေက်နပ္တာေတာ့ မေက်နပ္ဘူး။ ျပည္သူေတြဘက္ကေန ရပ္တည္ခ်င္တယ္။ ဒါေပမယ့္ မိသားစုအတြက္လည္း စဥ္းစားရတယ္။ အမ်ိဳးသားနဲ႔ အမ်ိဳးမ်ိဳးတိုင္ပင္ရတယ္။ အေပၚလမ္းကပဲ ထြက္မလား။ CDMပဲလုပ္မလားဆိုတာကို” ဟု ဗိုလ္ႀကီး ခင္ပပထြန္းက ေျပာသည္။

ဗိုလ္ႀကီးခင္ပပထြန္းသည္ ခင္ပြန္းျဖစ္သူႏွင့္အတူ ထြက္ခြာခဲ့ျခင္းျဖစ္ၿပီး သားတစ္ဦးႏွင့္ သမီးတစ္ဦးတို႔လည္းပါဝင္သည္။ ဗိုလ္ႀကီးခင္ပပထြန္း၏ အမ်ိဳးသားျဖစ္သူ ဗိုလ္ႀကီး သင္းေအာင္ေထြးသည္ စစ္တပ္ကိုမႏွစ္သက္သည့္အတြက္ လြန္ခဲ့သည့္ ၁၀ႏွစ္ဝန္းက်င္ ကတည္းက စစ္တပ္မွ ထြက္လာခဲ့သည့္ ဆရာဝန္ဗိုလ္ႀကီး တစ္ဦးလည္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ စစ္တပ္၏ ရက္စက္မႈမ်ားေၾကာင့္ တပ္တြင္းမေနလိုၾကဘဲ ဗိုလ္ႀကီးခင္ပပထြန္း ကဲ့သို႔ CDMျပဳလုပ္ရန္ ႀကိဳးစားေနသူ တပ္အတြင္းမွ ထြက္လိုသူအမ်ားအျပားရွိ ေနေၾကာင္းသိရသည္။ မည္သည့္ဌာနမဆို စစ္ေကာင္စီ၏တပ္တြင္း လုံျခဳံေရးအတြက္ပါဝင္ ေနၾကရျခင္းမ်ားရွိေန၍ စိတ္ဓါတ္က်ဆင္းေနၾကသည္ဟု CDM ဗိုလ္ႀကီး ခင္ပပထြန္း က ဆိုသည္။

“ပထမပိုင္းမွာေတာ့ ကၽြန္မတို႔ေတြ ကိုယ့္အလုပ္ေလးပဲကိုယ္လုပ္ရတာေပါ့။ စာသင္တဲ့ သူေတြကသင္ ႐ုံးပိုင္းဆိုင္ရာက ႐ုံးပိုင္းဆိုင္ရာေပါ့ ။ အခုေနာက္ပိုင္းက်ေတာ့ လုံျခဳံေရး ပိုင္းမွာပါ တာဝန္ယူၾကရတယ္။ အလွည့္က်ကင္းေစာင့္ေနၾကရတယ္။ လူႀကီးပိုင္းေတြက အာ႐ုံလႊဲခ်င္တဲ့ အခါမွာ အစည္းအေဝးေတြလုပ္တယ္။ မနားရေအာင္ လုပ္တာေပါ့။ အဲ့လိုဆိုေတာ့ အထဲက လူေတြလည္း စိတ္ဓါတ္က်ဆင္းေနၾကတယ္” ဟု CDM ဗိုလ္ႀကီးခင္ပပထြန္းက ေျပာသည္။

စစ္အာဏာသိမ္းၿပီးခ်ိန္တြင္ ျဖစ္ပြားခဲ့ေသာ ျပည္သူလူထု၏ ဆႏၵျပပြဲမ်ားကို ႏွိမ္နင္းျခင္းျပဳလုပ္ရာမွစ၍ လက္ရွိလက္နက္ကိုင္ ေတာ္လွန္အခ်ိန္ အထိ စစ္တပ္အတြင္းမွ စစ္သားမ်ားအေနျဖင့္ အနားရမႈမရွိျခင္း၊ စစ္ပန္းျခင္း၊ စစ္ေခါင္းေဆာင္မ်ား၏ ဂုတ္ေသြးစုပ္အျမတ္ထုတ္ျခင္းမ်ားအျပင္ ျပည္သူလူထုအေပၚ တြင္ ႏွိပ္စက္ညႇဥ္းပန္းျခင္းမ်ားျပဳေနသည္ကို ေက်နပ္မႈမရွိသည့္အတြက္ တပ္တြင္းမွ ထြက္လိုသူ၊ CDMျပဳလုပ္သူမ်ားရွိေန၍ လုံျခဳံေရးတိုးျမႇင့္မႈမ်ားလည္းရွိေနသည္ဟု စစ္တပ္ႏွင့္ နီးစပ္သူမ်ားထံမွသိရသည္။

စစ္ေကာင္စီ၏ လုံျခဳံေရးတိုးျမႇင့္ထားမႈေၾကာင့္ တပ္မေတာ္ေဆးပညာ သင္တန္းေက်ာင္း မွ ဗိုလ္ႀကီးတစ္ဦးပင္လ်င္ ျပည္သူႏွင့္အတူ ပူးေပါင္းရန္အတြက္ လေပါင္းမ်ားစြာ အခ်ိန္ယူျပင္ဆင္ ရသည္ကိုေတြ႕ရသည္။

လက္ရွိအခ်ိန္တြင္ တပ္အတြင္း၌ CDM ၊ ဖရဲသီး(တပ္တြင္းသတင္းေပး) စသည့္ ဒီမိုကေရစီရရွိေရးအတြက္ ျပည္သူႏွင့္အတူပူးေပါင္းရန္ အဆင္သင့္ျဖစ္ေနသူမ်ား ရွိေန ၍ တပ္တြင္းေစာင့္ၾကည့္မႈမ်ားလည္းရွိေၾကာင္း CDMဗိုလ္ႀကီးညီသုတထံက သိရသည္။
“CDMလုပ္ခ်င္တဲ့သူေတြအမ်ားႀကီးရွိတဲ့ အတြက္ စစ္ေခါင္းေဆာင္ေတြအေနနဲ႔ ဒီေပၚမွာ ဖိဖိစီးစီးေစာင့္ၾကည့္မႈေတြလုပ္တယ္။ ခြင့္ေပးတာေတာင္ ေတာ္ေတာ္ကိုတင္းက်ပ္ထား တယ္။ လုံးဝမေပးတာမ်ိဳးအထိရွိတယ္ ။ သတင္းဖရဲသီးဆိုတာလည္းရွိတယ္ေတာ့ အျမဲတေစ ေစာင့္ၾကည့္မႈေတြကေတာ့ရွိတယ္” ဟု ဗိုလ္ႀကီးညီသုတထံက ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ဆရာဝန္မ်ားမွ စတင္ျပဳလုပ္ခဲ့သည့္ CDMလႈပ္ရွားမႈတြင္ တပ္မေတာ္သားမ်ားပါ တစ္စတစ္စ ပါဝင္လာၾကသည္ကိုေတြ႕ရသည္။ တစ္ႏွစ္အတြင္း စစ္ေကာင္စီလက္ေအာက္ ျပည္ထဲေရးဌာမွ တပ္ႏွင့္ရဲ CDM တစ္ေသာင္း ဝန္းက်င္ရွိေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရက တရားဝင္ထုတ္ျပန္ထားသည္ #Mizzima