ၾကားသိသမွ်

NLD အစိုးရ လက်ထက်က ရပ်ဆိုင်းထားသော နမ္မတူ ရေ ကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်းကို ပြန်စရန်အတွက် စစ်ကောင်စီခွင့်ပြုချက် ပြန်ပေးခဲ့

NLD အစိုးရ လက်ထက်က ရပ်ဆိုင်းထားသော နမ္မတူ ရေ ကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်းကို ပြန်စရန်အတွက် စစ်ကောင်စီခွင့်ပြုချက် ပြန်ပေးခဲ့

ထက်ခေါင်လင်း၊ ဧရာဝတီတိုင်းမ်

ဧပြီ ၃ဝ၊ ၂ဝ၂၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုအကဲဖြတ် စမ်း သပ်ခြင်းများ မပြုလုပ်ရသေးသော ခွင့်ပြုချက်မရှိပဲ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အတွက် ရပ်ဆိုင်းထားသော နမ္မတူ(သီပေါ) ရေအားလျှပ်စစ် စီမံ ကိန်းကို အာဏာသိမ်း စစ်ကောင်စီမှ ပြန်လည်စတင်ရန်အတွက် Natural Energy Hydropower Co.; Ltd(NEHC) ကုမ္မဏီနှင့် ဧပြီလ ၂၉ ရက်နေ့က စီမံကိန်းဆိုင်ရာ ပဋိ ညာဉ်စာချုပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ၎င်းတို့လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရ သိရသည်။


အဆိုပါ ရေကာတာစီမံကိန်းသည် နမ္မတူမြို့မြောက်ဘက် ကီလိုမီတာ ၂၅ဝ အကွာရှိ နမ္မတူ/မြစ်ဆုံမြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားပြီး ယခင်ကတည်းက တည် ဆောက်နေသော ကုမ္ပဏီသည် ယခုစစ်ကောင်စီနှင့် MOU လက်မှတ်ရေးထိုးသော NEHC ကုမ္ပဏီပင်ဖြစ်သည်။

NLD အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖြစ်နိုင်ခြေကို သုံးသပ်ဆဲ ကာလဖြစ်သော်လည်း တည်ဆောက်ရေးခွင့်ပြုချက်မရှိပဲ ၂ဝ၁၇ ခုနှစ်တွင် ကြိုးမဲ့တောများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဆည်တည်ဆောက်ရေး လမ်းများ ဖောက်လုပ်ခြင်း၊ ကွန်ကရစ်လုပ်သားများ ၏ အိမ်ရာများဆောက်လုပ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ မြစ်နှင့် မြစ်ကမ်းတလျှောက် ဘိလပ်မြေများ အား ဖြည့်မှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့ ခုတ်ယူခဲ့သော သစ်များအတွက် လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနသို့ တပင်လျှင် ကျပ် ၅ဝဝဝ သာ ဒဏ်ကြေးပေးခဲ့ပြီး NLD အစိုးရကလည်း ကုမ္ပဏီကို သတိ ပေးမှုများသာပြုလုပ်ကာစာချုပ်ပါစည်းကမ်းများဖောက် ဖျက် နေမှုများအပေါ် မည်သည့်အရေးယူမှုများ မပြုလုပ်ခဲ့ပေ။


နမ္မတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက လွှတ်တော်သို့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီနှင့် ဒီဇင်ဘာလ၊ ၂ဝ၁၉ ခုနှစ်တို့တွင် တိုင်ကြားခဲ့ကြောင်း လွှတ်တော်မှတ် တမ်းများအရ သိရသည်။ ဒေသခံပြည်သူများမှလည်း အဆိုပါ စီမံကိန်းနှင့် ပက်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းကြောင့် မိမိတို့၏ ကျေးရွာများ ပြောင်းရွှေ့ရမည့်အရေးကို မပြောင်းရွှေ့လိုကြပေ။

အဆိုပါ စီမံကိန်းအရ ဆည်၏ ရေလှောင်ကန်သည် ၁၅ ပေကျော် ဆန့်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာလျှင် အဆိုပါ ဆည်အနီးရှိ ရှမ်းတိုင်းရင်းသားများ၏ အိမ် ထောင်စု ၅ဝ နီးပါး၊ လူဦးရေ ၂ဝဝ ကျော်နေထိုင်နေသည့် လိုင်လူရွာသည် နစ်မြုပ်မည်ဖြစ်ကြောင်း၊ ရေလှောင်တမံတည်ဆောက်မှုကြောင့် မြစ်အောက်ပိုင်းရှိ သီပေါမြို့နယ်မှ ထောင်နှင့်ချီသော ရွာသူရွာသားများ ရေရရှိမှု လျော့ ကျမည်ဖြစ်ကြောင်း၊ ရေစီဆင်းမှုခန့်မှန်းရန် ခက်ခဲသဖြင့် ရေနှင့်အတူ ပါလာသော မြေသြဇာများလျော့ကျနိုင်ခြင်းအပြင် ဆည်မှ ရေမနိုင်သဖြင့် ဖောက်ချခြင်း၊ ဆည်ကျိုးခြင်းများ ဖြစ်ပေါ်လာလျှင် ရေကြီးရေလျှံမှုများပါ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း သုတေသနပြုသည့် Action for Shan State River အဖွဲ့၏ သုတေသနစာတမ်းများတွင် ဖော်ပြထားသည်။


ထို့အပြင် အဆိုပါဒေသသည် လက်နက်ကိုင် ပဋိပက္ခများ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပေါ်နေသော ဒေသတခုဖြစ်ပြီး ဆည်တည်ဆောက်မှုကို အကြောင်းပြကာ အာ ဏာသိမ်းစစ်တပ်သည် စစ်ရေးဆိုင်ရာ နယ်မြေချဲ့ထွင်မှုများ ဖြစ်ပေါ်လာလျှင် ဒေသခံတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပေါ်ပြီး ဒေသခံများ စစ်ဘေးဒဏ်ကို ယခုထက် ပိုမိုဆိုးဝါးစွာ ပြန်လည်ခံစားရနိုင်ကြောင်း ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်ဟောင်း တဦးက မှတ်ချက်ပြုသည်။

‘ဒီဒေသမှာက အဖွဲ့စုံတွေ ခြေရှုတ်နေတဲ့နေရာပါ။ အခုထိ သေနတ်သံ ချုပ်ငြိမ်းနေသေးတာမဟုတ်ဘူး။ စစ်တပ်က ဆည်တည်ဆောက်ရေးကို လုံခြုံရေးယူရမည်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ စစ်ရေးတိုးချဲ့လာမယ်ဆိုရင် တိုင်း ရင်းသား အဖွဲ့တွေက လက်ခံမှာမဟုတ်ဘူး။ နောက်ပြီး အဲ့ဒီကုမ္ပဏီက တိုင်းရင်းသား ကုမ္ပဏီလို့သာ ဗန်းပြထားတာ။ သူတို့ နောက်ကွယ်မှာ တရုတ်တွေရှိတယ်။ NLD အစိုးရလက်ထက်တုန်းကလည်း တရုတ်တွေ တရားမဝင် ဝင်လာပြီးတော့ ဒီစီမံကိန်းမှာ ဝင်လုပ်နေကြတာတွေ ရှိတယ် ။ အခု အဲ့ဒီ NCEH ကုမ္ပဏီကပဲ ပြန်လုပ်မယ်ဆိုတော့ ဒီအတိုင်းပဲ တရုတ်တွေ တရားမဝင် ထပ်ဝင်လာပြီး စည်း မဲ့ကမ်းမဲ့ လုပ်ကြဦးမှာပဲ’ ဟု သူက မှတ်ချက်ပြုသည်။

Zawgyi

NLD အစိုးရ လက္ထက္က ရပ္ဆိုင္းထားေသာ နမၼတူ ေရ ကာတာႏွင့္ ေရအားလၽွပ္စစ္စီမံကိန္းကို ျပန္စရန္အတြက္ စစ္ေကာင္စီခြင့္ျပဳခ်က္ ျပန္ေပးခဲ့

ထက္ေခါင္လင္း၊ ဧရာဝတီတိုင္းမ္

ဧၿပီ ၃ဝ၊ ၂ဝ၂၂

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရလက္ထက္က သဘာဝပတ္ဝန္းက်င္ဆိုင္ရာထိခိုက္မႈအကဲျဖတ္ စမ္း သပ္ျခင္းမ်ား မျပဳလုပ္ရေသးေသာ ခြင့္ျပဳခ်က္မရွိပဲ တည္ေဆာက္ေရး လုပ္ငန္းမ်ား လုပ္ကိုင္ခဲ့သည့္အတြက္ ရပ္ဆိုင္းထားေသာ နမၼတူ(သီေပါ) ေရအားလၽွပ္စစ္ စီမံ ကိန္းကို အာဏာသိမ္း စစ္ေကာင္စီမွ ျပန္လည္စတင္ရန္အတြက္ Natural Energy Hydropower Co.; Ltd(NEHC) ကုမၼဏီႏွင့္ ဧၿပီလ ၂၉ ရက္ေန႔က စီမံကိန္းဆိုင္ရာ ပဋိ ညာဥ္စာခ်ဳပ္ လက္မွတ္ေရးထိုးလိုက္ေၾကာင္း ၎တို႔လက္ေအာက္ခံ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ ျပန္ခ်က္မ်ားအရ သိရသည္။

အဆိုပါ ေရကာတာစီမံကိန္းသည္ နမၼတူၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၂၅ဝ အကြာရွိ နမၼတူ/ျမစ္ဆုံျမစ္ေပၚတြင္ တည္ေဆာက္ရန္ စီစဥ္ထားၿပီး ယခင္ကတည္းက တည္ ေဆာက္ေနေသာ ကုမၸဏီသည္ ယခုစစ္ေကာင္စီႏွင့္ MOU လက္မွတ္ေရးထိုးေသာ NEHC ကုမၸဏီပင္ျဖစ္သည္။

NLD အစိုးရလက္ထက္ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ျဖစ္နိုင္ေျခကို သုံးသပ္ဆဲ ကာလျဖစ္ေသာ္လည္း တည္ေဆာက္ေရးခြင့္ျပဳခ်က္မရွိပဲ ၂ဝ၁၇ ခုႏွစ္တြင္ ႀကိဳးမဲ့ေတာမ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ ဆည္တည္ေဆာက္ေရး လမ္းမ်ား ေဖာက္လုပ္ျခင္း၊ ကြန္ကရစ္လုပ္သားမ်ား ၏ အိမ္ရာမ်ားေဆာက္လုပ္ျခင္း၊ လမ္းမ်ားေဖာက္လုပ္ျခင္း၊ ျမစ္ႏွင့္ ျမစ္ကမ္းတေလၽွာက္ ဘိလပ္ေျမမ်ား အား ျဖည့္မႈမ်ား ျပဳလုပ္ခဲ့သည္။

၎တို႔ ခုတ္ယူခဲ့ေသာ သစ္မ်ားအတြက္ လၽွပ္စစ္ႏွင့္ စြမ္း အင္ဝန္ႀကီးဌာနသို႔ တပင္လၽွင္ က်ပ္ ၅ဝဝဝ သာ ဒဏ္ေၾကးေပးခဲ့ၿပီး NLD အစိုးရကလည္း ကုမၸဏီကို သတိ ေပးမႈမ်ားသာျပဳလုပ္ကာစာခ်ဳပ္ပါစည္းကမ္းမ်ားေဖာက္ ဖ်က္ ေနမႈမ်ားအေပၚ မည္သည့္အေရးယူမႈမ်ား မျပဳလုပ္ခဲ့ေပ။

နမၼတူ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခမ္းေအးက လႊတ္ေတာ္သို႔ ၂ဝ၁၈ ခုႏွစ္ ေဖေဖာ္ဝါရီႏွင့္ ဒီဇင္ဘာလ၊ ၂ဝ၁၉ ခုႏွစ္တို႔တြင္ တိုင္ၾကားခဲ့ေၾကာင္း လႊတ္ေတာ္မွတ္ တမ္းမ်ားအရ သိရသည္။ ေဒသခံျပည္သူမ်ားမွလည္း အဆိုပါ စီမံကိန္းႏွင့္ ပက္သက္ၿပီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ၾကသည္။ အဆိုပါ စီမံကိန္းေၾကာင့္ မိမိတို႔၏ ေက်းရြာမ်ား ေျပာင္းေရႊ႕ရမည့္အေရးကို မေျပာင္းေရႊ႕လိုၾကေပ။

အဆိုပါ စီမံကိန္းအရ ဆည္၏ ေရေလွာင္ကန္သည္ ၁၅ ေပေက်ာ္ ဆန႔္ၿပီး ေရႀကီးေရလၽွံမႈမ်ား ျဖစ္ေပၚလာလၽွင္ အဆိုပါ ဆည္အနီးရွိ ရွမ္းတိုင္းရင္းသားမ်ား၏ အိမ္ ေထာင္စု ၅ဝ နီးပါး၊ လူဦးေရ ၂ဝဝ ေက်ာ္ေနထိုင္ေနသည့္ လိုင္လူရြာသည္ နစ္ျမဳပ္မည္ျဖစ္ေၾကာင္း၊ ေရေလွာင္တမံတည္ေဆာက္မႈေၾကာင့္ ျမစ္ေအာက္ပိုင္းရွိ သီေပါၿမိဳ႕နယ္မွ ေထာင္ႏွင့္ခ်ီေသာ ရြာသူရြာသားမ်ား ေရရရွိမႈ ေလ်ာ့ က်မည္ျဖစ္ေၾကာင္း၊ ေရစီဆင္းမႈခန႔္မွန္းရန္ ခက္ခဲသျဖင့္ ေရႏွင့္အတူ ပါလာေသာ ေျမၾသဇာမ်ားေလ်ာ့က်နိုင္ျခင္းအျပင္ ဆည္မွ ေရမနိုင္သျဖင့္ ေဖာက္ခ်ျခင္း၊ ဆည္က်ိဳးျခင္းမ်ား ျဖစ္ေပၚလာလၽွင္ ေရႀကီးေရလၽွံမႈမ်ားပါ ျဖစ္ေပၚလာနိုင္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အတြင္း သဘာဝပတ္ဝန္းက်င္ႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေၾကာင္း သုေတသနျပဳသည့္ Action for Shan State River အဖြဲ႕၏ သုေတသနစာတမ္းမ်ားတြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ အဆိုပါေဒသသည္ လက္နက္ကိုင္ ပဋိပကၡမ်ား ယေန႔အခ်ိန္အထိ ဆက္လက္ျဖစ္ေပၚေနေသာ ေဒသတခုျဖစ္ၿပီး ဆည္တည္ေဆာက္မႈကို အေၾကာင္းျပကာ အာ ဏာသိမ္းစစ္တပ္သည္ စစ္ေရးဆိုင္ရာ နယ္ေျမခ်ဲ႕ထြင္မႈမ်ား ျဖစ္ေပၚလာလၽွင္ ေဒသခံတိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ား ျဖစ္ေပၚၿပီး ေဒသခံမ်ား စစ္ေဘးဒဏ္ကို ယခုထက္ ပိုမိုဆိုးဝါးစြာ ျပန္လည္ခံစားရနိုင္ေၾကာင္း ရွမ္းျပည္နယ္ရွိ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီပါတီ လႊတ္ေတာ္အမတ္ေဟာင္း တဦးက မွတ္ခ်က္ျပဳသည္။

‘ဒီေဒသမွာက အဖြဲ႕စုံေတြ ေျခရႈတ္ေနတဲ့ေနရာပါ။ အခုထိ ေသနတ္သံ ခ်ဳပ္ၿငိမ္းေနေသးတာမဟုတ္ဘူး။ စစ္တပ္က ဆည္တည္ေဆာက္ေရးကို လုံျခဳံေရးယူရမည္ဆိုတဲ့ အ ေၾကာင္းျပခ်က္နဲ႔ စစ္ေရးတိုးခ်ဲ႕လာမယ္ဆိုရင္ တိုင္း ရင္းသား အဖြဲ႕ေတြက လက္ခံမွာမဟုတ္ဘူး။ ေနာက္ၿပီး အဲ့ဒီကုမၸဏီက တိုင္းရင္းသား ကုမၸဏီလို႔သာ ဗန္းျပထားတာ။ သူတို႔ ေနာက္ကြယ္မွာ တ႐ုတ္ေတြရွိတယ္။ NLD အစိုးရလက္ထက္တုန္းကလည္း တ႐ုတ္ေတြ တရားမဝင္ ဝင္လာၿပီးေတာ့ ဒီစီမံကိန္းမွာ ဝင္လုပ္ေနၾကတာေတြ ရွိတယ္ ။ အခု အဲ့ဒီ NCEH ကုမၸဏီကပဲ ျပန္လုပ္မယ္ဆိုေတာ့ ဒီအတိုင္းပဲ တ႐ုတ္ေတြ တရားမဝင္ ထပ္ဝင္လာၿပီး စည္း မဲ့ကမ္းမဲ့ လုပ္ၾကဦးမွာပဲ’ ဟု သူက မွတ္ခ်က္ျပဳသည္။