ၾကားသိသမွ်

စစ်ပွဲကိုတားဆီးရန် ပျက်ကွက်ခဲ့သည့် လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကိုယ်တိုင် ဝေဖန်

စစ်ပွဲကိုတားဆီးရန် ပျက်ကွက်ခဲ့သည့် လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကိုယ်တိုင် ဝေဖန်

ယူကရိန်းနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကိုယ်တိုင် ဝေဖန်လိုက်ပြီး စစ်ပွဲကို တားဆီးရန် သို့မဟုတ် အဆုံးသတ်ရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

“သိပ်ရှင်းရှင်းပြောရရင်တော့ လုံခြုံရေးကောင်စီက သူ့လုပ်ပိုင်ခွင့်ထဲကနေ ဒီစစ်ပွဲကို တားဆီးဖို့နဲ့ အဆုံးသတ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက အလွန်စိတ်ပျက်စရာ ဒေါသထွက်စရာဖြစ်ခဲ့တယ်” ဟု ဂူတာရတ်စ်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် ဧပြီ (၂၈) ရက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။


ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သေချာစေရန် အဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အထူးတာဝန်ယူဆောင်ရွက်ရသော်လည်း ဖေဖေါ်ဝါရီလအတွင်း ရုရှားကျူးကျော်မှု စတင်ခဲ့စဥ်ကတည်းက အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုအတွက် လုံခြုံရေးကောင်စီသည် ယူကရိန်းအစိုးရထံမှ အပါအဝင် ဝေဖန်မှုများကို ရင်ဆိုင်နေခဲ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ(၅)ခုအနက် တစ်နိုင်ငံဖြစ်သည့် ရုရှားက ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုမကကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြောင်း သိရသည်။

ယူကရိန်းတွင် ကုလသမဂ္ဂဝန်ထမ်း (၁,၄၀၀) ရှိနေပြီး အကူအညီ၊ စားနပ်ရိက္ခာ၊ ငွေကြေးနှင့် အခြား ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေကြကြောင်း ဂူတာရတ်စ်က BBC သတင်းဌာနကို ပြောခဲ့သည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်က ၎င်း၏ ယူကရိန်းခရီးစဥ်အတွင်း Borodyanka နယ်မြေရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာများနှင့် ကိဗ်နယ်မြေကို သွားရောက်ကြည့်ရှုခဲ့သည်။

ဂူတာရတ်စ် ရောက်ရှိနေစဥ်အတွင်း ယူကရိန်းမြို့တော် ကိဗ်မြို့ကို ရုရှားက တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းသမ္မတဇီလန်းစကီးက ယခုတိုက်ခိုက်မှု ရှုတ်ချလိုက်ပြီး ရုရှားက ကုလသမဂ္ဂနှင့် ၎င်းကိုယ်စားပြုသည့် အရာအားလုံးကို အရှက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source: BBC

Zawgyi

စစ္ပြဲကိုတားဆီးရန္ ပ်က္ကြက္ခဲ့သည့္ လုံျခဳံေရးေကာင္စီကို ကုလသမဂၢ အႀကီးအကဲကိုယ္တိုင္ ေဝဖန္

ယူကရိန္းနိုင္ငံကို လာေရာက္ခဲ့သည့္ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရတ္စ္က ကုလသမဂၢလုံျခဳံေရးေကာင္စီကို ကိုယ္တိုင္ ေဝဖန္လိုက္ၿပီး စစ္ပြဲကို တားဆီးရန္ သို႔မဟုတ္ အဆုံးသတ္ရန္ ပ်က္ကြက္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

“သိပ္ရွင္းရွင္းေျပာရရင္ေတာ့ လုံျခဳံေရးေကာင္စီက သူ႔လုပ္ပိုင္ခြင့္ထဲကေန ဒီစစ္ပြဲကို တားဆီးဖို႔နဲ႔ အဆုံးသတ္ဖို႔ ပ်က္ကြက္ခဲ့တယ္။ ဒါက အလြန္စိတ္ပ်က္စရာ ေဒါသထြက္စရာျဖစ္ခဲ့တယ္” ဟု ဂူတာရတ္စ္က ယူကရိန္းသမၼတ ဗိုလိုဒီျမာ ဇီလန္းစကီးႏွင့္ ဧၿပီ (၂၈) ရက္ ပူးတြဲသတင္းစာရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။

ကမၻာတဝန္း ၿငိမ္းခ်မ္းေရးႏွင့္ လုံျခဳံေရးကို ေသခ်ာေစရန္ အဖြဲ႕ဝင္ (၁၅) နိုင္ငံပါဝင္သည့္ ကုလသမဂၢလုံျခဳံေရးေကာင္စီသည္ အထူးတာဝန္ယူေဆာင္ရြက္ရေသာ္လည္း ေဖေဖၚဝါရီလအတြင္း ႐ုရွားက်ဴးေက်ာ္မႈ စတင္ခဲ့စဥ္ကတည္းက အေရးယူေဆာင္ရြက္ရန္ ပ်က္ကြက္ခဲ့မႈအတြက္ လုံျခဳံေရးေကာင္စီသည္ ယူကရိန္းအစိုးရထံမွ အပါအဝင္ ေဝဖန္မႈမ်ားကို ရင္ဆိုင္ေနခဲ့ရသည္။

ကုလသမဂၢလုံျခဳံေရးေကာင္စီ၏ အျမဲတမ္းအဖြဲ႕ဝင္ နိုင္ငံ(၅)ခုအနက္ တစ္နိုင္ငံျဖစ္သည့္ ႐ုရွားက ယခုပဋိပကၡႏွင့္ ပတ္သက္၍ ဆုံးျဖတ္ခ်က္တစ္ခုမကကို ဗီတိုအာဏာသုံးၿပီး ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းတြင္ ကုလသမဂၢဝန္ထမ္း (၁,၄၀၀) ရွိေနၿပီး အကူအညီ၊ စားနပ္ရိကၡာ၊ ေငြေၾကးႏွင့္ အျခား ကူညီေထာက္ပံ့မႈေတြ ေဆာင္ရြက္ေနၾကေၾကာင္း ဂူတာရတ္စ္က BBC သတင္းဌာနကို ေျပာခဲ့သည္။

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂူတာရတ္စ္က ၎၏ ယူကရိန္းခရီးစဥ္အတြင္း Borodyanka နယ္ေျမရွိ အစုလိုက္အျပဳံလိုက္ ျမႇုပ္ႏွံထားသည့္ သခၤ်ိဳင္းေနရာမ်ားႏွင့္ ကိဗ္နယ္ေျမကို သြားေရာက္ၾကည့္ရႈခဲ့သည္။

ဂူတာရတ္စ္ ေရာက္ရွိေနစဥ္အတြင္း ယူကရိန္းၿမိဳ႕ေတာ္ ကိဗ္ၿမိဳ႕ကို ႐ုရွားက တိုက္ခိုက္ခဲ့ေၾကာင္းလည္း သိရသည္။

ယူကရိန္းသမၼတဇီလန္းစကီးက ယခုတိုက္ခိုက္မႈ ရႈတ္ခ်လိုက္ၿပီး ႐ုရွားက ကုလသမဂၢႏွင့္ ၎ကိုယ္စားျပဳသည့္ အရာအားလုံးကို အရွက္ခြဲလိုက္ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

Source: BBC