ၾကားသိသမွ်

အနာကြီးရောဂါ ဝေဒနာရှင်တွေကို ချိုးနှိမ်ပြောလို့ ဝေဖန်ခံနေရတဲ့ စစ်ကောင်စီ (ရုပ်/သံ)

အနာကြီးရောဂါ ဝေဒနာရှင်တွေကို ချိုးနှိမ်ပြောလို့ ဝေဖန်ခံနေရတဲ့ စစ်ကောင်စီ (ရုပ်/သံ)

ဧရာ၀တီ၊ ဧၿပီ ၂၉၊ ၂၀၂၂

အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်း ထွန်းက အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ မီဒီယာတွေ ကို မသန်စွမ်းတွေနဲ့ ခိုင်းနှိုင်းပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကား လုံးတွေနဲ့ ဝေဖန် ပုတ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက်က နေပြည်တော်မှာ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို အနာကြီးရောဂါ ဝေဒနာရှင်တွေကို နှိမ်ချသုံးနှုန်းတဲ့ အသုံးအနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး ယုတ်ရင့်ကြမ်းတမ်းစွာ တိုက်ခိုက်ပြောဆိုသွားပါတယ်။

ဒီလို သုံးနှုန်းမှုဟာ NUG အစိုးရနဲ့ ထောက်ခံသူတွေကို တိုက်ခိုက်တာထက် အနာကြီး ရောဂါ ဝေဒနာရှင်တွေကိုပါ စစ်ကောင်စီက ဆိုးဆိုးရွားရွား နှိမ်ချ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ မသန်စွမ်းအရေးဆောင်ရွက်သူတွေက ပြောဆိုလာပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပုတ်ခတ်ပြောကြားမှုနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို တုန့်ပြန်ထားပါတယ်။

အနာႀကီးေရာဂါ ေဝဒနာရွင္ေတြကို ခ်ိဳးႏွိမ္ေျပာလို႔ ေဝဖန္ခံေနရတဲ့ စစ္ေကာင္စီ (႐ုပ္/သံ)

ဧရာ၀တီ၊ ဧၿပီ ၂၉၊ ၂၀၂၂

အာဏာသိမ္း စစ္ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက အမ်ိဳးသား ညီညြတ္ေရး အစိုးရ (NUG) နဲ႔ မီဒီယာေတြ ကို မသန္စြမ္းေတြနဲ႔ ခိုင္းႏွိုင္းၿပီး ႐ုန႔္ရင္းၾကမ္းတမ္းတဲ့ စကား လုံးေတြနဲ႔ ေဝဖန္ ပုတ္ခတ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဧၿပီ ၂၇ ရက္က ေနျပည္ေတာ္မွာ ျပဳ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အမ်ိဳးသား ညီညြတ္ေရး အစိုးရ (NUG) ကို အနာႀကီးေရာဂါ ေဝဒနာရွင္ေတြကို ႏွိမ္ခ်သုံးႏႈန္းတဲ့ အသုံးအႏႈန္းေတြနဲ႔ ႏွိုင္းယွဥ္ၿပီး ယုတ္ရင့္ၾကမ္းတမ္းစြာ တိုက္ခိုက္ေျပာဆိုသြားပါတယ္။

ဒီလို သုံးႏႈန္းမႈဟာ NUG အစိုးရနဲ႔ ေထာက္ခံသူေတြကို တိုက္ခိုက္တာထက္ အနာႀကီး ေရာဂါ ေဝဒနာရွင္ေတြကိုပါ စစ္ေကာင္စီက ဆိုးဆိုးရြားရြား ႏွိမ္ခ် ခြဲျခားဆက္ဆံတာ ျဖစ္တယ္လို႔ မသန္စြမ္းအေရးေဆာင္ရြက္သူေတြက ေျပာဆိုလာပါတယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ့ ပုတ္ခတ္ေျပာၾကားမႈနဲ႔ ပတ္သက္လို႔ အမ်ိဳးသား ညီညြတ္ေရး အစိုးရ (NUG) လူ႔ အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက အခုလို တုန႔္ျပန္ထားပါတယ္။