ၾကားသိသမွ်

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရပြီး စစ်သား ၅၀ ကျော်သေဆုံး

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရပြီး စစ်သား ၅၀ ကျော်သေဆုံး

ကိုကိုလေး/ဧရာဝတီတိုင်းမ်

မြိုင် ၊ ဧပြီလ ၂၉ ရက်

ယနေ့ မနက်အစောပိုင်းက မကွေးတိုင်း၊မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာတွင်အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကြောင်း ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“စစ်တပ်ဘက် အတော်များများသေဆုံးပါတယ်တိုက်ပွဲဖြစ်နေချိန်အတွင်းမှာပဲ စစ်ကောင်စီဘက်ကကား ၈ စီးလောက်ရောက်လာတယ်။ ။

လက်နက်တွေတော့ သိမ်းဆည်းရမိတာမျိုးမရှ်ိပါဘူးသူတို့ဘက်ကတပ်ကူတွေရောက်လာတယ်ကျွန်တော်တို့ လက်နက်တွေကွာဟမှုကြောင့်ချိန်မှီပြန်ဆုတ်ခွာခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်ကလက်နက်ကြီးနဲ့ပစ်လိုက်လို့ ရဲဘော်နှစ်ဦးတော့ ကျဆုံးသွားပါတယ်” လို့ ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့က ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး ၁ နာရီကျော်ကြာစစ်ကောင်စီတပ်နှင့်ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ဦးဆောင်ကာ ပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အင်အား ၁၀ဝ ဝန်းကျင်အနက် ၅၀ ကျော်သေဆုံကြောင်း၎င်းတပ်ဖွဲ့ဝင်များကဆိုသည်။

၎င်းတိုက်ပွဲတွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှဦးဆောင်က တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်ဖွဲ့၊Fucture Generation ပျောက်ကျားတပ်ဖွဲ့၊Myaing Warriors Myain Garuda ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊West Plain‌ ပျောက်ကျားကျားတပ်ဖွဲ့၊Myaing People Defence Force ၊PRA ခွဲ (၁၂)၊ဒေသခံ LDF တပ်ဖွဲ့တို့စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုပြင် အဆိုပါစစ်ကောင်စီတပ်နှင့်ပျူစောထီးများကိုတိုက်ခိုက်နေစဥ် ပေါက်၊ကမ္မ၊မြိုင် စစ်မျက်နှာသုံးခုမှ စစ်ကူများရောက်လာကာလက်နက်ကြီးများနှင်ပစ် ခတ်မှုကြောင့် လိုကယ် PDF မှတစ်ဦး တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်ဖွဲ့မှရဲဘော်တဦး နှစ်ဦး ကျဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ဖွဲ့ထံကသိရသည်။

ဓာတ်ပုံ – ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့

ၿမိဳင္ၿမိဳ႕နယ္၊ သရက္ကန္ေက်းရြာက စစ္ေကာင္စီတပ္စခန္း သိမ္းပိုက္ခံရၿပီး စစ္သား ၅၀ ေက်ာ္ေသဆုံး

ကိုကိုေလး/ဧရာဝတီတိုင္းမ္

ၿမိဳင္ ၊ ဧၿပီလ ၂၉ ရက္

ယေန႔ မနက္အေစာပိုင္းက မေကြးတိုင္း၊ၿမိဳင္ၿမိဳ႕နယ္၊ သရက္ကန္ေက်းရြာတြင္အထိုင္ခ်တပ္စြဲထားသည့္ စစ္ေကာင္စီ တပ္စခန္းတိုက္ခိုက္ခံရၿပီး စစ္ေကာင္စီတပ္သား ၅၀ ေက်ာ္ေသဆုံးေၾကာင္း က်ားသစ္နက္ေပ်ာက္က်ားတပ္ဖြဲ႕ထံက သိရသည္။

“စစ္တပ္ဘက္ အေတာ္မ်ားမ်ားေသဆုံးပါတယ္တိုက္ပြဲျဖစ္ေနခ်ိန္အတြင္းမွာပဲ စစ္ေကာင္စီဘက္ကကား ၈ စီးေလာက္ေရာက္လာတယ္။ ။လက္နက္ေတြေတာ့ သိမ္းဆည္းရမိတာမ်ိဳးမရွ္ိပါဘူးသူတို႔ဘက္ကတပ္ကူေတြေရာက္လာတယ္ကၽြန္ေတာ္တို႔ လက္နက္ေတြကြာဟမႈေၾကာင့္ခ်ိန္မွီျပန္ဆုတ္ခြာခဲ့တယ္။ ဒါေပမယ့္ သူတို႔ဘက္ကလက္နက္ႀကီးနဲ႔ပစ္လိုက္လို႔ ရဲေဘာ္ႏွစ္ဦးေတာ့ က်ဆုံးသြားပါတယ္” လို႔ က်ားသစ္နက္ေပ်ာက္က်ားတပ္ဖြဲ႕က ဗိုလ္ဥကၠာက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ဧၿပီလ ၂၉ ရက္ေန႔ နံနက္ ၅ နာရီမွစတင္ၿပီး ၁ နာရီေက်ာ္ၾကာစစ္ေကာင္စီတပ္ႏွင့္က်ားသစ္နက္ေပ်ာက္က်ားတပ္ဖြဲ႕ဦးေဆာင္ကာ ပူးေပါင္းတပ္ဖြဲ႕တို႔တိုက္ခိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္မွ အင္အား ၁၀ဝ ဝန္းက်င္အနက္ ၅၀ ေက်ာ္ေသဆုံေၾကာင္း၎တပ္ဖြဲ႕ဝင္မ်ားကဆိုသည္။

၎တိုက္ပြဲတြင္ က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕မွဦးေဆာင္က ေတြ႕ရာသခၤ်ိဳင္းဓါးမဆိုင္းတပ္ဖြဲ႕၊Fucture Generation ေပ်ာက္က်ားတပ္ဖြဲ႕၊Myaing Warriors Myain Garuda ဝံပုေလြေျပာက္က်ားတပ္ဖြဲ႕၊West Plain‌ ေပ်ာက္က်ားက်ားတပ္ဖြဲ႕၊Myaing People Defence Force ၊PRA ခြဲ (၁၂)၊ေဒသခံ LDF တပ္ဖြဲ႕တို႔စုေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ထိုျပင္ အဆိုပါစစ္ေကာင္စီတပ္ႏွင့္ပ်ဴေစာထီးမ်ားကိုတိုက္ခိုက္ေနစဥ္ ေပါက္၊ကမၼ၊ၿမိဳင္ စစ္မ်က္ႏွာသုံးခုမွ စစ္ကူမ်ားေရာက္လာကာလက္နက္ႀကီးမ်ားႏွင္ပစ္ ခတ္မႈေၾကာင့္ လိုကယ္ PDF မွတစ္ဦး ေတြ႕ရာသခၤ်ိဳင္းဓါးမဆိုင္းတပ္ဖြဲ႕မွရဲေဘာ္တဦး ႏွစ္ဦး က်ဆုံးခဲ့ေၾကာင္း က်ားသစ္နက္တပ္ဖြဲ႕ထံကသိရသည္။

ဓာတ္ပုံ – က်ားသစ္နက္ေပ်ာက္က်ားတပ္ဖြဲ႕