ၾကားသိသမွ်

ရေစကြိုက ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်တိုက်၊စစ်ကောင်စီက ၁၄ဦးေ သ (ရုပ်သံ)

ရေစကြိုက ပခန်းငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်တိုက်၊စစ်ကောင်စီက ၁၄ဦးသေ (ရုပ်သံ)

လူငယ့်ခေတ်

ဧပြီ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ် က အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပခန်းငယ်ရဲစခန်းကို မနေ့က ဧပြီလ ၂၈ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ဆင်ရေးအတွင်း တော်လှန်ရေးမဟာမိတ် အဖွဲ့တွေဟာ RPG ( 2 ) လုံး၊ 40 မမ ( 7 ) လုံး၊ စက်လက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား(၁၄)ဦးသေကာ (၃)ဦးဒဏ်ရာရခဲ့တယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ အခိုင်အမာတည်ဆောက်ထားတဲ့ ပခန်းငယ်ရဲစခန်းကို ရခါနီးမှ စစ်ကူတွေရောက်လာတဲ့အတွက် ပြန်ဆုတ်ခွာခဲ့ရတယ်လို့လဲ သိရပါတယ်။

Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Force၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ( ၃ )၊ MSPDF၊ 11 Brothers Revolution Force၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ ဒေါင်းညီနောင်အဖွဲ့ တွေ ပူးပေါင်းကာ ပခန်းငယ်ရဲစခန်းကို တိုက်ခိုက်ခဲ့တာလို့လဲ သိရပါတယ်။

#Lungekhit


လူငယ့်ခေတ်

ဧပြီ ၂၉





#Lungekhit