ၾကားသိသမွ်

Total မထွက်ခွာမီ အကြမ်းဖက်စစ်အုပ်စုကို ကန်ဒေါ်လာ ၂၅၀သန်း လွှဲပြောင်းပေးဖွယ်ရှိနေ

Total မထွက်ခွာမီ အကြမ်းဖက်စစ်အုပ်စုကို ကန်ဒေါ်လာ ၂၅၀သန်း လွှဲပြောင်းပေးဖွယ်ရှိနေ

▪️ယင်းငွေကြေးဖြင့် စစ်အုပ်စုက ပြည်သူလူထုကို သတ်ဖြတ်ရန် ကျည် ၄၁၇သန်း (သို့မဟုတ်) တိုက် လေယာဉ် ၁၇စီး ထပ်မံဝယ်ယူနိုင်

လီလီယန်/People’s Spring

ပြင်သစ် Total Energies သည် မြန်မာပြည်မှ ထွက်ခွာမည်ဟု ကြေညာထားသော်လည်း မထွက်ခွာခင် ယခု ၆ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးဖွယ်ရှိနေသည်ဟု သွေးစွန်းငွေလှုပ်ရှားမှု(Blood Money)က ယနေ့ ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(EU)က မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ သော်လည်း ကင်းလွတ်ခွင့်များပါဝင်နေပြီး ယင်းကင်းလွတ်ခွင့်ချက်များအရ Total ကုမ္ပဏီသည် စစ်အုပ်စုထံ ငွေကြေးများဆက်လက်လွှဲပြောင်းနိုင်မည့်အပြင် အစုရှယ်ယာများကိုပါ လွှဲပြောင်း ပေးနိုင်မည်ဖြစ်သည်။

ပြင်သစ်အစိုးရသည် ယင်းကင်းလွတ်ခွင့်များကို အသုံးပြုခွင့်ပေးပါက Total လွှဲပြောင်းဖွယ်ရှိနေ သည့် ဒေါ်လာ ၂၅၀ သန်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုကို သတ်ဖြတ်ရန် ကျည်ဆံပေါင်း ၄၁၇ သန်း (သို့မဟုတ်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည့် တိုက်လေယာဉ် ၁၇ စီး ထပ်မံ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Blood Money က တွက်ချက်ပြသည်။

Total ထွက်ခွာမည့် လာမည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ထိုင်း PTT ကုမ္ပဏီက ၎င်းနေရာတွင် ဆက်ခံမည်ဖြစ်ပြီး PTT ကုမ္ပဏီကလည်း စစ်အုပ်စုထံ ဓာတ်ငွေ့ဝင်ငွေများ ဆက်လက်လွှဲပြောင်းနေဦးမည်ဖြစ်သည်။

ထို့အတွက် အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အ မြန်ဆုံးပိတ်ဆို့အရေးယူရန် Blood Money က တောင်းဆိုသည်။

Total မထြက္ခြာမီ အၾကမ္းဖက္စစ္အုပ္စုကို ကန္ေဒၚလာ ၂၅၀သန္း လႊဲေျပာင္းေပးဖြယ္ရွိေန

▪️ယင္းေငြေၾကးျဖင့္ စစ္အုပ္စုက ျပည္သူလူထုကို သတ္ျဖတ္ရန္ က်ည္ ၄၁၇သန္း (သို႔မဟုတ္) တိုက္ ေလယာဥ္ ၁၇စီး ထပ္မံဝယ္ယူနိုင္

လီလီယန္/People’s Spring

ျပင္သစ္ Total Energies သည္ ျမန္မာျပည္မွ ထြက္ခြာမည္ဟု ေၾကညာထားေသာ္လည္း မထြက္ခြာခင္ ယခု ၆ လအတြင္း အေမရိကန္ေဒၚလာ သန္း ၂၅၀ ကို အၾကမ္းဖက္စစ္အုပ္စုထံ လႊဲေျပာင္းေပးဖြယ္ရွိေနသည္ဟု ေသြးစြန္းေငြလႈပ္ရွားမႈ(Blood Money)က ယေန႔ ထုတ္ျပန္သည္။

ဥေရာပသမဂၢ(EU)က ျမန္မာ့ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕လုပ္ငန္း(MOGE)ကို ဒဏ္ခတ္ပိတ္ဆို႔ခဲ့ ေသာ္လည္း ကင္းလြတ္ခြင့္မ်ားပါဝင္ေနၿပီး ယင္းကင္းလြတ္ခြင့္ခ်က္မ်ားအရ Total ကုမၸဏီသည္ စစ္အုပ္စုထံ ေငြေၾကးမ်ားဆက္လက္လႊဲေျပာင္းနိုင္မည့္အျပင္ အစုရွယ္ယာမ်ားကိုပါ လႊဲေျပာင္း ေပးနိုင္မည္ျဖစ္သည္။

ျပင္သစ္အစိုးရသည္ ယင္းကင္းလြတ္ခြင့္မ်ားကို အသုံးျပဳခြင့္ေပးပါက Total လႊဲေျပာင္းဖြယ္ရွိေန သည့္ ေဒၚလာ ၂၅၀ သန္းသည္ စစ္အုပ္စုက ျမန္မာျပည္သူလူထုကို သတ္ျဖတ္ရန္ က်ည္ဆံေပါင္း ၄၁၇ သန္း (သို႔မဟုတ္) ေလေၾကာင္းမွ ဗုံးၾကဲတိုက္ခိုက္မည့္ တိုက္ေလယာဥ္ ၁၇ စီး ထပ္မံ ဝယ္ယူနိုင္မည္ျဖစ္ေၾကာင္း Blood Money က တြက္ခ်က္ျပသည္။

Total ထြက္ခြာမည့္ လာမည့္ ဇူလိုင္ ၂၀ ေနာက္ပိုင္းတြင္ ထိုင္း PTT ကုမၸဏီက ၎ေနရာတြင္ ဆက္ခံမည္ျဖစ္ၿပီး PTT ကုမၸဏီကလည္း စစ္အုပ္စုထံ ဓာတ္ေငြ႕ဝင္ေငြမ်ား ဆက္လက္လႊဲေျပာင္းေနဦးမည္ျဖစ္သည္။

ထို႔အတြက္ အေမရိကန္အစိုးရအေနျဖင့္ ျမန္မာ့ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕လုပ္ငန္း(MOGE)ကို အ ျမန္ဆုံးပိတ္ဆို႔အေရးယူရန္ Blood Money က ေတာင္းဆိုသည္။