ၾကားသိသမွ်

မင်းအောင်လှိုင် တခမ်းတနားတွေ့ဆုံခဲ့သည့် တာတာစတန်သမ္မတဆိုသူသည် လွတ်လပ်သောနိုင်ငံ့ခေါင်း ဆောင် အဆင့်မဟုတ်ဘဲ ရုရှားလက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ဒေသ ခေါင်းဆောင်သာဖြစ်

မင်းအောင်လှိုင် တခမ်းတနားတွေ့ဆုံခဲ့သည့် တာတာစတန်သမ္မတဆိုသူသည် လွတ်လပ်သောနိုင်ငံ့ခေါင်း ဆောင် အဆင့်မဟုတ်ဘဲ ရုရှားလက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ဒေသ ခေါင်းဆောင်သာဖြစ်

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တခမ်းတနားတွေ့ဆုံနေသည့် တာတာစတန် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov သည် လွတ်လပ်သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်မဟုတ်ဘဲ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၏ လက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖယ်ဒရယ် ဒေသ The Republic of Tatarstan၏ ခေါင်းဆောင်သာ ဖြစ်ကြောင်း သိရှိရသည်။


ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တာတာစတန်နိုင်ငံ၏ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ရောက်ရှိလာပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟုဆိုကာ မင်းအောင်လှိုင်က တခမ်းတနားဖြင့် ဂုဏ်ပြု ကြိုဆိုမှုများ၊ လာရောက်လည်ပတ်မှုအတွက် ဂုဏ်ယူသော သတင်းဖော်ပြမှုများ စစ်ကောင်စီက လုပ်ဆောင်လျက်ရှိသည်။

တာတာစတန်သည် ရုရှားဖယ်ဒရေးရှင်းလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နိုင်ငံဟု အမည်တပ်ထား) တစ်ခုဖြစ်ပြီး ရုရှားဗဟိုအစိုးရနှင့် တာတာစတန်တို့အကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြု စာချုပ်များ နှစ်စဉ် သက်တမ်းတိုးချုပ်ဆို၍ ရပ်တည်နေရသော ရုရှားလက်အောက်ခံ ဒေသတစ်ခုလည်းဖြစ်သည်။

တာတာစတန်နှင့် မော်စကိုတို့ကြား ပထမဆုံး အာဏာခွဲဝေရေးစာချုပ်ကို ရုရှားသမ္မတ ဘောရစ်ယဲလ်ဆင်နှင့် ထိုအချိန် တာတာစတန်သမ္မတ မင်တီမာ ရှာမီယက်ဗ်တို့က ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖယ်ဒရယ်စာချုပ်အရ တာတာစတန်သည် ရုရှားဗဟိုအစိုးရက ပေးအပ်သည့် ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်၊ အခွန်ကောက်ခံခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်တို့ အပါအဝင်စသည့်အခွင့်အရေးများကို ကျယ်ပြန့်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည်။

၂၀၀၀ ခုနှစ်တွင် ဗလာဒီမာပူတင်ကို အာဏာရယူလာပြီးနောက် ဖက်ဒရယ်စနစ်၏မူများကို အပြောင်း အလဲပြုလုပ်ပြီး မူလသဘောတူညီထားသော စာချုပ်များကို ဖျက်သိမ်းကာ တင်းကျပ်သော ဖက်ဒရယ်ဥပဒေအသစ်များ ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း တာတာစတန်နှင့်အတူ ချေချင်းညာတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ် အထူးအခွင့်အရေးများ ပေးထားသည်။

တာတာစတန်၏ စီးပွားရေး၊ ဂေဟစနစ်၊ ယဉ်ကျေးမှုနှင့် အခြားမူဝါဒများနှင့် ပတ်သက်၍ ရှရှားအစိုးရကို တင်ပြ၍ ပူးတွဲ ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိသည်ဟု ၂၀၀၇ ခုနှစ်တွင် သဘောတူညီခဲ့သည်။

ရှရှားက တာတာစတန်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးနိုင်ငံကူးလက်မှတ် ထုတ်ဝေခွင့်ပြုထားပြီး တာတာစတန်သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တာတာစတန်စကားနှင့်ရုရှားစကား နှစ်မျိုးစလုံး ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်ဟု ရှရှားအစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည်။

တာတာစတန်သည် ရုရှားနိုင်ငံအလယ်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်သည့်ဒေသဖြစ်ပြီး ရုရှားနိုင်ငံလက်အောက်ခံ ဒေသများဖြစ်သည့် Bashkortostan၊ Chuvashia၊ Mari El၊ Udmurtia၊ Mordovia နှင့် နယ်နယ်မိတ်ထိစပ်ထားသော ရှရှားလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုသာဖြစ်သည်။

ဓာတ်ပုံ- ရုရှားလက်အောက်ခံ တာတာစတန်နိုင်ငံ၏ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့်တွေ့ဆုံပြီး ပျော်မြူးနေသည့် မင်းအောင်လှိုင်။

မင္းေအာင္လွိုင္ တခမ္းတနားေတြ႕ဆုံခဲ့သည့္ တာတာစတန္သမၼတဆိုသူသည္ လြတ္လပ္ေသာနိုင္ငံ့ေခါင္း ေဆာင္ အဆင့္မဟုတ္ဘဲ ႐ုရွားလက္ေအာက္ခံ လူဦးေရ ၄ သန္းနီးပါးရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဖယ္ဒရယ္ေဒသ ေခါင္းေဆာင္သာျဖစ္

ရန္ကုန္၊ ဧၿပီ ၂၉

အၾကမ္းဖက္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က တခမ္းတနားေတြ႕ဆုံေနသည့္ တာတာစတန္ သမၼတ Mr. Rustam Nurgaliyevich Minnikhanov သည္ လြတ္လပ္ေသာ နိုင္ငံတစ္ခု၏ ေခါင္းေဆာင္မဟုတ္ဘဲ ႐ုရွားဖယ္ဒေရးရွင္းနိုင္ငံ၏ လက္ေအာက္ခံ လူဦးေရ ၄ သန္းနီးပါးရွိသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရဖယ္ဒရယ္ ေဒသ The Republic of Tatarstan၏ ေခါင္းေဆာင္သာ ျဖစ္ေၾကာင္း သိရွိရသည္။

ဧၿပီလ ၂၈ ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ တာတာစတန္နိုင္ငံ၏ သမၼတ Mr. Rustam Nurgaliyevich Minnikhanov ေရာက္ရွိလာၿပီး ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္ေရးဟုဆိုကာ မင္းေအာင္လွိုင္က တခမ္းတနားျဖင့္ ဂုဏ္ျပဳ ႀကိဳဆိုမႈမ်ား၊ လာေရာက္လည္ပတ္မႈအတြက္ ဂုဏ္ယူေသာ သတင္းေဖာ္ျပမႈမ်ား စစ္ေကာင္စီက လုပ္ေဆာင္လ်က္ရွိသည္။

တာတာစတန္သည္ ႐ုရွားဖယ္ဒေရးရွင္းလက္ေအာက္ခံ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(နိုင္ငံဟု အမည္တပ္ထား) တစ္ခုျဖစ္ၿပီး ႐ုရွားဗဟိုအစိုးရႏွင့္ တာတာစတန္တို႔အၾကား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အသိအမွတ္ျပဳ စာခ်ဳပ္မ်ား ႏွစ္စဥ္ သက္တမ္းတိုးခ်ဳပ္ဆို၍ ရပ္တည္ေနရေသာ ႐ုရွားလက္ေအာက္ခံ ေဒသတစ္ခုလည္းျဖစ္သည္။

တာတာစတန္ႏွင့္ ေမာ္စကိုတို႔ၾကား ပထမဆုံး အာဏာခြဲေဝေရးစာခ်ဳပ္ကို ႐ုရွားသမၼတ ေဘာရစ္ယဲလ္ဆင္ႏွင့္ ထိုအခ်ိန္ တာတာစတန္သမၼတ မင္တီမာ ရွာမီယက္ဗ္တို႔က ၁၉၉၄ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည္။

ဖယ္ဒရယ္စာခ်ဳပ္အရ တာတာစတန္သည္ ႐ုရွားဗဟိုအစိုးရက ေပးအပ္သည့္ ကိုယ္ပိုင္ဥပေဒျပ႒ာန္းခြင့္၊ အခြန္ေကာက္ခံခြင့္ႏွင့္ နိုင္ငံသားျဖစ္ခြင့္တို႔ အပါအဝင္စသည့္အခြင့္အေရးမ်ားကို က်ယ္ျပန႔္စြာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိသည္။

၂၀၀၀ ခုႏွစ္တြင္ ဗလာဒီမာပူတင္ကို အာဏာရယူလာၿပီးေနာက္ ဖက္ဒရယ္စနစ္၏မူမ်ားကို အေျပာင္း အလဲျပဳလုပ္ၿပီး မူလသေဘာတူညီထားေသာ စာခ်ဳပ္မ်ားကို ဖ်က္သိမ္းကာ တင္းက်ပ္ေသာ ဖက္ဒရယ္ဥပေဒအသစ္မ်ား ျပ႒ာန္းခဲ့သည္။ သို႔ေသာ္လည္း တာတာစတန္ႏွင့္အတူ ေခ်ခ်င္းညာတို႔ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဖက္ဒရယ္ အထူးအခြင့္အေရးမ်ား ေပးထားသည္။

တာတာစတန္၏ စီးပြားေရး၊ ေဂဟစနစ္၊ ယဥ္ေက်းမႈႏွင့္ အျခားမူဝါဒမ်ားႏွင့္ ပတ္သက္၍ ရွရွားအစိုးရကို တင္ျပ၍ ပူးတြဲ ဆုံးျဖတ္ခ်က္မ်ား ခ်ပိုင္ခြင့္ရွိသည္ဟု ၂၀၀၇ ခုႏွစ္တြင္ သေဘာတူညီခဲ့သည္။

ရွရွားက တာတာစတန္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အထူးနိုင္ငံကူးလက္မွတ္ ထုတ္ေဝခြင့္ျပဳထားၿပီး တာတာစတန္သမၼတရာထူးအတြက္ ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ တာတာစတန္စကားႏွင့္႐ုရွားစကား ႏွစ္မ်ိဳးစလုံး ကၽြမ္းက်င္စြာ အသုံးျပဳနိုင္ရမည္ဟု ရွရွားအစိုးရက သတ္မွတ္ျပ႒ာန္းထားသည္။

တာတာစတန္သည္ ႐ုရွားနိုင္ငံအလယ္ပိုင္းရွိ မြတ္စလင္အမ်ားစုေနထိုင္သည့္ေဒသျဖစ္ၿပီး ႐ုရွားနိုင္ငံလက္ေအာက္ခံ ေဒသမ်ားျဖစ္သည့္ Bashkortostan၊ Chuvashia၊ Mari El၊ Udmurtia၊ Mordovia ႏွင့္ နယ္နယ္မိတ္ထိစပ္ထားေသာ ရွရွားလက္ေအာက္ခံ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုသာျဖစ္သည္။

ဓာတ္ပုံ- ႐ုရွားလက္ေအာက္ခံ တာတာစတန္နိုင္ငံ၏ သမၼတ Mr. Rustam Nurgaliyevich Minnikhanov ႏွင့္ေတြ႕ဆုံၿပီး ေပ်ာ္ျမဴးေနသည့္ မင္းေအာင္လွိုင္။