ၾကားသိသမွ်

အမေ့ထီး 1 Million Challenge ရဲ့လက်မှတ်ရောင်းအား လက်ရှိအခြေအနေကို အသိပေးလိုက်တဲ့ မပန်ဆယ်လို

အမေ့ထီး 1 Million Challenge ကလည်း အခြေအနေကောင်းနေတယ်လို့ ပြောလို့ရပါတယ်။ ၄၈ နာရီကျော် Day 3 အစထိ လက်မှတ်ပေါင်း ၈၈၀၀ ကျော် ရောင်းချထားရပါပြီ။

တစ်လအတွင်း 1 Million ရရှိဖို့ တစ်နေ့ကို လက်မှတ်ပေါင်း ၃၃၀၀ ရောင်းချနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအရှိန်လေးကို လျော့ကျမသွားဖို့ အားလုံးဝိုင်းဝန်းလှုံ့ဆော်ပြီး ကိုယ်တိုင်ပါဝင်ကြဖို့လည်း လိုအပ်ပါတယ်။

လက်မှတ်တစ်စောင်ကို အားလုံးပါဝင်နိုင်တဲ့ စျေးနှုန်းဖြစ်တဲ့ ဒေါ်လာ10 နဲ့ ရောင်းချပေးတာဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပ အားလုံးပါဝင်နိုင်အောင် စီစဉ်ပေးထားပါတယ်။


တစ်ယောက်အားနဲ့ ယူသော်မရအများအားနဲ့ ယူသော်ရ၏တဲ့။

ဆုတောင်းပေးတဲ့ ပါးစပ်တွေထက် ပါဝင်ပေးတဲ့ လက်တွေက ပိုတန်ဖိုးရှိတယ်။ ကျဆုံးမှ ဝမ်းနည်းပြကြမယ့်အစား အသက်တွေကို ကာကွယ်ဖို့ အားလုံးပါဝင်ပေးကြဖို့ လိုအပ်တယ်။

ဒီငွေတွေ ဘာအတွက်လဲဆိုရင် ထိန်းချုပ်နယ်မြေတွေ ဖော်ဆောင်ဖို့အတွက်ပါ။ ဒါဆို ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။

အမေ့ထီးရိပ်အောက်မှာ လုံခြုံသွားမယ့် ပြည်သူ့ဘဝတွေအတွက် အားလုံးပါဝင်ကြဖို့ ထပ်မံနှိုးဆော်လိုက်ပါတယ်။
ဝယ်ယူရမယ့် Link ကို comment မှာ ချပေးထားပါတယ်။ #ပန်ဆယ်လို

အေမ့ထီး 1 Million Challenge ကလည္း အေျခအေနေကာင္းေနတယ္လို႔ ေျပာလို႔ရပါတယ္။ ၄၈ နာရီေက်ာ္ Day 3 အစထိ လက္မွတ္ေပါင္း ၈၈၀၀ ေက်ာ္ ေရာင္းခ်ထားရပါၿပီ။

တစ္လအတြင္း 1 Million ရရွိဖို႔ တစ္ေန႔ကို လက္မွတ္ေပါင္း ၃၃၀၀ ေရာင္းခ်နိုင္ဖို႔ လိုအပ္ပါတယ္။ ဒီအရွိန္ေလးကို ေလ်ာ့က်မသြားဖို႔ အားလုံးဝိုင္းဝန္းလႈံ႔ေဆာ္ၿပီး ကိုယ္တိုင္ပါဝင္ၾကဖို႔လည္း လိုအပ္ပါတယ္။

လက္မွတ္တစ္ေစာင္ကို အားလုံးပါဝင္နိုင္တဲ့ ေစ်းႏႈန္းျဖစ္တဲ့ ေဒၚလာ10 နဲ႔ ေရာင္းခ်ေပးတာျဖစ္တဲ့အျပင္ ျပည္တြင္းျပည္ပ အားလုံးပါဝင္နိုင္ေအာင္ စီစဥ္ေပးထားပါတယ္။

တစ္ေယာက္အားနဲ႔ ယူေသာ္မရအမ်ားအားနဲ႔ ယူေသာ္ရ၏တဲ့။

ဆုေတာင္းေပးတဲ့ ပါးစပ္ေတြထက္ ပါဝင္ေပးတဲ့ လက္ေတြက ပိုတန္ဖိုးရွိတယ္။ က်ဆုံးမွ ဝမ္းနည္းျပၾကမယ့္အစား အသက္ေတြကို ကာကြယ္ဖို႔ အားလုံးပါဝင္ေပးၾကဖို႔ လိုအပ္တယ္။

ဒီေငြေတြ ဘာအတြက္လဲဆိုရင္ ထိန္းခ်ဳပ္နယ္ေျမေတြ ေဖာ္ေဆာင္ဖို႔အတြက္ပါ။ ဒါဆို ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သေဘာေပါက္ၾကမယ္လို႔ ထင္ပါတယ္။

အေမ့ထီးရိပ္ေအာက္မွာ လုံျခဳံသြားမယ့္ ျပည္သူ႔ဘဝေတြအတြက္ အားလုံးပါဝင္ၾကဖို႔ ထပ္မံႏွိုးေဆာ္လိုက္ပါတယ္။
ဝယ္ယူရမယ့္ Link ကို comment မွာ ခ်ေပးထားပါတယ္။

#ပန်ဆယ်လို