ၾကားသိသမွ်

ရဲ (၈) ဦးထက်မနည်းေ သပြီး စစ်သား (၃) ဦးကို အရှင်ဖမ်းမိသည့် ဆားလင်းကြီး ကျားတက်စခန်းသိမ်းတိုက်ပွဲသတင်းထုတ်ပြန်

ရဲ (၈) ဦးထက်မနည်းသေပြီး စစ်သား (၃) ဦးကို အရှင်ဖမ်းမိသည့် ယနေ့ ဆားလင်းကြီး ကျားတက်စခန်းသိမ်းပွဲပုံကို ထုတ်ပြန်

ဆားလင်းကြီး၊ ဧပြီ (၂၈)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ ယနေ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က လူငယ့်ခေတ်သို့ ပြောသည်။

“စခန်းမှာ စခ(စစ်ကောင်စီတပ်သား) တွေရော ရဲရောအင်အား (၄၀) လောက် ရှိတယ်။ ကျွန်တော်တို့တွေ နေ့ခင်း တစ်နာရီထဲက ဝင်တိုက်တာ ပြီးတော့ စစ်ကူလာတဲ့ စခကား (၂) စီးကိုလည်းမိုင်းဆွဲခဲ့တယ်၊ တစ်စီးပျက်တယ် စခ (၂) ကောင်သေတယ်။” ဟု ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေဘက်မှ အသက်အရွယ်ကြီးမားသည့် စစ်သား (၃) ဦးကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီလက်ပါးစေ ရဲ (၈) ဦးထက်မနည်း သေဆုံးကာ ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသီးသီးထုတ်ပြန်ထားကြသည်။


ဆားလင်းကြီး၊ ဧပြီ (၂၈)

လူငယ့်ခေတ်



