ၾကားသိသမွ်

အဖိုး​အ သ- တ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကိုပြောလိုက်တဲ့ ပြည်သူချစ်အနုပညာရှင် ဟိန်းထက်

ဓမ္မတရား

-ကျ​နော်ဒီဓမ္မလမ်း​ကြောင်းကို စ​လျှောက်ကတည်းက အယူမှားပြီးအစွန်း​ရောက်​နေတဲ့အဓမ္မမြတ်နိုးသူ​တွေ တိုက်ခိုက်ကြလိမ့်မယ်လို့ ကြိုသိပြီးထားပါ။ ဒါ​ကြောင့် ကျ​နော်ကြိုပြင်ဆင်နိုင်ခဲ့တယ်။


-ကျ​နော်​လျှောက်တဲ့ ဓမ္မလမ်းစဥ်ဟာ မည်သူ့ကိုမှထိခိုက်​စေတာမဟုတ်လို့ ကျ​နော်ပိုယုံကြည်ခဲ့တယ်။ ဘယ်လိုအဖွဲ့အစည်း ဘယ်လိုလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဓမ္မတရားကိုဆန့်ကျင်တဲ့ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကျ​နော်အားမ​ပေးပါဘူး။မီးဆိုကတည်းကပူမှာပါပဲ။ ​အေးမျှတဲ့ မီးဆိုပြီးမရှိပါဘူး။

-ဒါ​ကြောင့်ခုဖြစ်သွားတဲ့ ကျ​နော်အဖိုး​သေဆုံးရတဲ့ကိစ္စမှာ သတ်သွားတဲ့သူ​တွေကို ကျ​နော် ​မေတ္တာမပျက်ပါဘူး။ ဘာလို့လည်းဆို ကျ​နော်​ရေးခဲ့တဲ့ လက်နက်ကိုင်စစ်ပွဲဆိုတဲ့ ​ခေါင်းစဥ်​အောက်က အ​မေရိကန်နဲ့ တာလီဘန်တို့လိုပါပဲ။ သူတို့မှာလည်း ဒီလိုလုပ်ရတဲ့အ​ကြောင်းပြချက်ရှိပါတယ်။ သူတို့မိသားစုဖြစ်​စေ တစ်စုံတစ်ခု​ဆုံးရှုံးခဲ့ရလို့ ဒီလိုပတ်ဝန်းကျင်မှာ အ​နေများပြီး အမှားအမှန်မသိပဲ တုန့်ပြန်ကြတဲ့ ​မောဟများတဲ့သူ​တွေဖြစ်လို့ ကျ​နော် ဂရုဏာသက်မိပါတယ်။သူတို့ ကျ​​နော့်အဖိုးကိုသတ်လိုက်လို့ ​ပျော်ရွှင်မယ် သူတို့ စိတ်ခံစားချက်​တွေ အဆင်​ပြေသွားမယ်ဆို ကျ​နော်​ကျေနပ်ပါတယ်။


-ဒါ​ပေမယ့် ကျ​နော်ရပ်တည်ချက် ဓမ္မဘက်က​နေ​တော့ ကျ​နော် ​ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျ​နော်ကို သတ်ချင်သတ်လို့ရလိမ့်မယ် ကျ​နော် ယုံကြည်တဲ့ ကျ​နော့်ရင်ထဲက ဓမ္မတရားက​တော့ အမြဲရှင်သန်​နေပါလိမ့်မယ်။

#အဓမ္မကိုဓမ္မနဲ့တွန်းလှန်မယ်

#HeinHtet

Zawgyi

ဓမၼတရား

-က်​ေနာ္ဒီဓမၼလမ္း​ေၾကာင္းကို စ​ေလၽွာက္ကတည္းက အယူမွားၿပီးအစြန္း​ေရာက္​ေနတဲ့အဓမၼျမတ္နိုးသူ​ေတြ တိုက္ခိုက္ၾကလိမ့္မယ္လို႔ ႀကိဳသိၿပီးထားပါ။ ဒါ​ေၾကာင့္ က်​ေနာ္ႀကိဳျပင္ဆင္နိုင္ခဲ့တယ္။

-က်​ေနာ္​ေလၽွာက္တဲ့ ဓမၼလမ္းစဥ္ဟာ မည္သူ႔ကိုမွထိခိုက္​ေစတာမဟုတ္လို႔ က်​ေနာ္ပိုယုံၾကည္ခဲ့တယ္။ ဘယ္လိုအဖြဲ႕အစည္း ဘယ္လိုလူပုဂၢိဳလ္ပဲျဖစ္ျဖစ္ ဓမၼတရားကိုဆန္႔က်င္တဲ့ မည္သည့္အၾကမ္းဖက္မႈမ်ိဳးကိုမဆို က်​ေနာ္အားမ​ေပးပါဘူး။မီးဆိုကတည္းကပူမွာပါပဲ။ ​ေအးမၽွတဲ့ မီးဆိုၿပီးမရွိပါဘူး။


-ဒါ​ေၾကာင့္ခုျဖစ္သြားတဲ့ က်​ေနာ္အဖိုး​ေသဆုံးရတဲ့ကိစၥမွာ သတ္သြားတဲ့သူ​ေတြကို က်​ေနာ္ ​ေမတၱာမပ်က္ပါဘူး။ ဘာလို႔လည္းဆို က်​ေနာ္​ေရးခဲ့တဲ့ လက္နက္ကိုင္စစ္ပြဲဆိုတဲ့ ​ေခါင္းစဥ္​ေအာက္က အ​ေမရိကန္နဲ႔ တာလီဘန္တို႔လိုပါပဲ။ သူတို႔မွာလည္း ဒီလိုလုပ္ရတဲ့အ​ေၾကာင္းျပခ်က္ရွိပါတယ္။ သူတို႔မိသားစုျဖစ္​ေစ တစ္စုံတစ္ခု​ဆုံးရႈံးခဲ့ရလို႔ ဒီလိုပတ္ဝန္းက်င္မွာ အ​ေနမ်ားၿပီး အမွားအမွန္မသိပဲ တုန္႔ျပန္ၾကတဲ့ ​ေမာဟမ်ားတဲ့သူ​ေတြျဖစ္လို႔ က်​ေနာ္ ဂ႐ုဏာသက္မိပါတယ္။သူတို႔ က်​​ေနာ့္အဖိုးကိုသတ္လိုက္လို႔ ​ေပ်ာ္ရႊင္မယ္ သူတို႔ စိတ္ခံစားခ်က္​ေတြ အဆင္​ေျပသြားမယ္ဆို က်​ေနာ္​ေက်နပ္ပါတယ္။


-ဒါ​ေပမယ့္ က်​ေနာ္ရပ္တည္ခ်က္ ဓမၼဘက္က​ေန​ေတာ့ က်​ေနာ္ ​ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ က်​ေနာ္ကို သတ္ခ်င္သတ္လို႔ရလိမ့္မယ္ က်​ေနာ္ ယုံၾကည္တဲ့ က်​ေနာ့္ရင္ထဲက ဓမၼတရားက​ေတာ့ အျမဲရွင္သန္​ေနပါလိမ့္မယ္။

#အဓမၼကိုဓမၼနဲ႔တြန္းလွန္မယ္

#HeinHtet