ၾကားသိသမွ်

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချမှုကို အဟန့်အတားဖြစ်စေပြီလို့ သံအမတ်ကြီးပြော

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချမှုကို အဟန့်အတားဖြစ်စေပြီလို့ သံအမတ်ကြီးပြော

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဆိုမူကြမ်းတစ်ခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့ရင် ဗီတိုအာ ဏာ အသုံးပြုပယ်ချမှုကို အဟန့်အတားဖြစ်သွားစေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် ၅ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ဗီတိုအာဏာသုံးစွဲမှုကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အဆိုမှုကြမ်းကို လန့်ချက်စတိုင်းနိုင်ငံက ဦးဆောင်တင်သွင်းပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကန့်ကွက်သူမရှိ မဲခွဲစရာမလိုဘဲ အတည်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး Delta News Agency က ဒီအဆိုအတည်ပြုလိုက်တာဟာ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအထောက်အကူပြုနိုင်မယ်ထင်သလဲလို့ မေးမြန်းခဲ့တဲ့အပေါ် သံအမတ်ကြီးက အဲဒီလို ပြောကြားခဲ့ပါတယ်။

‘ကျွန်တော်တို့ လုံခြုံရေးကောင်စီမှာ ဒီကိစ္စ (မြန်မာ့အရေး) ကိုဆွေးနွေးတယ်။ လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ အဆိုပြုတယ်ဆိုရင် ဘာပဲပြောပြော လွယ်လွယ်ကူကူ ဗီတိုအာဏာသုံးတဲ့ဥစ္စာက မဖြစ်ဘူးလို့မဟုတ်ပါဘူး။ သုံးနိုင်ပါတယ်။ ဒါပေမဲ့လည်း သူ (ဗီတိုအာဏာသုံးတဲ့နိုင်ငံ) သုံးရတဲ့အကြောင်းရင်း၊ သုံးရတဲ့ရည်ရွယ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကသိအောင် သုံးတဲ့လူက ပြန်ရှင်းပြရပြီ’ လို့ သံ အမတ်ကြီးက ပြောပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်က ပြည်သူတွေကို မတရားညှင်းပန်းသတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး open debate လုပ်ဖို့ ၊အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစပြီး တောက်လျှောက်ဆိုသလို တိုက်တွန်းခဲ့ကြောင်းလည်း ဦးကျော်မိုးထွန်းကပြောပါတယ်။

‘ကျွန်တော်တို့ မြန်မာနိုင်ငံကိစ္စမှာ အကြမ်းဖက်မှုတွေကို အလွန်အကျွံဆောင်ရွက်နေတဲ့ စစ်တပ်ရဲ့ မတရားဆောင်ရွက်ချက်တွေကို ကာကွယ်ပေးတဲ့သူကတော့ ဘာပဲပြောပြော နိုင်ငံတကာအသိုင်းအဝိုင်းမှာတော့ မရှိသင့်ဘူး’ လို့ သူကပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့၊ ကုလညီလာခံ ဆုံးဖြတ်ချက်အရ လုံခြုံရေးကောင်စီမှာ ဗီတိုသုံးစွဲခွင့်ရှိတဲ့ နိုင်ငံကြီးတွေအနေနဲ့ ဗီတိုအာဏာသုံးပြီဆိုတာနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိက ၁၀ ရက်အတွင်းမှာ အဖွဲ့၀င်နိုင်ငံအားလုံးပါ၀င်တဲ့ ညီလာခံခေါ်ယူရမှာဖြစ်ပြီး ဗီတိုအာဏာနဲ့ ပယ်ချခံရတဲ့ အကြောင်းကို ညီလာခံမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်သလို ဗီတိုအာဏာ သုံးခဲ့တဲ့ နိုင်ငံကိုယ်တိုင်က ဘာကြောင့် ဗီတိုအာဏာသုံးတယ်ဆိုတာ အဖွဲ့၀င်နိုင်ငံတွေကို ရှင်းပြရမှာ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်၊ ကုလသမဂ္ဂ စတင်တည်ထောင်ပြီးနောက်ပိုင်း ဗီတိုအာဏာသုံး ပယ်ချမှု ၂၉၅ ကြိမ်ရှိခဲ့ပြီး အရင် ဆိုဗီယက်ပြည်ထောင်စု (ရုရှား) က အများဆုံး သုံးခဲ့တာပါ။#DNA

Zawgyi

ျမန္မာ့အေရး လုံျခဳံေရးေကာင္စီမွာ ဗီတိုအာဏာသုံး ပယ္ခ်မႈကို အဟန႔္အတားျဖစ္ေစၿပီလို႔ သံအမတ္ႀကီးေျပာ

ျမန္မာနိုင္ငံအေရးနဲ႔ ပတ္သက္ၿပီး အဆိုမူၾကမ္းတစ္ခု ကုလသမဂၢ လုံျခဳံေရးေကာင္စီကို တင္သြင္းခဲ့ရင္ ဗီတိုအာ ဏာ အသုံးျပဳပယ္ခ်မႈကို အဟန႔္အတားျဖစ္သြားေစၿပီလို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

ဧၿပီ ၂၆ ရက္ေန႔က လုံျခဳံေရးေကာင္စီ အျမဲတမ္းအဖြဲ႕၀င္ ၅ နိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ ႐ုရွား၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ အေမရိကန္တို႔ရဲ့ ဗီတိုအာဏာသုံးစြဲမႈကို ကန္႔သတ္ဖို႔ ရည္ရြယ္တဲ့ အဆိုမႈၾကမ္းကို လန္႔ခ်က္စတိုင္းနိုင္ငံက ဦးေဆာင္တင္သြင္းၿပီး ကုလသမဂၢအေထြေထြညီလာခံမွာ ကန္႔ကြက္သူမရွိ မဲခြဲစရာမလိုဘဲ အတည္ျပဳလိုက္ျခင္းနဲ႔ ပတ္သက္ၿပီး Delta News Agency က ဒီအဆိုအတည္ျပဳလိုက္တာဟာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးအေပၚ ဘယ္လိုအေထာက္အကူျပဳနိုင္မယ္ထင္သလဲလို႔ ေမးျမန္းခဲ့တဲ့အေပၚ သံအမတ္ႀကီးက အဲဒီလို ေျပာၾကားခဲ့ပါတယ္။

‘ကၽြန္ေတာ္တို႔ လုံျခဳံေရးေကာင္စီမွာ ဒီကိစၥ (ျမန္မာ့အေရး) ကိုေဆြးေႏြးတယ္။ လုံျခဳံေရးေကာင္စီမွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ဖို႔ အဆိုျပဳတယ္ဆိုရင္ ဘာပဲေျပာေျပာ လြယ္လြယ္ကူကူ ဗီတိုအာဏာသုံးတဲ့ဥစၥာက မျဖစ္ဘူးလို႔မဟုတ္ပါဘူး။ သုံးနိုင္ပါတယ္။ ဒါေပမဲ့လည္း သူ (ဗီတိုအာဏာသုံးတဲ့နိုင္ငံ) သုံးရတဲ့အေၾကာင္းရင္း၊ သုံးရတဲ့ရည္ရြယ္ခ်က္ကို နိုင္ငံတကာ အသိုင္းအဝိုင္းကသိေအာင္ သုံးတဲ့လူက ျပန္ရွင္းျပရၿပီ’ လို႔ သံ အမတ္ႀကီးက ေျပာပါတယ္။

ျမန္မာအၾကမ္းဖက္စစ္တပ္က ျပည္သူေတြကို မတရားညႇင္းပန္းသတ္ျဖတ္ေနတာနဲ႔ ပတ္သက္ၿပီး လုံျခဳံေရး ေကာင္စီမွာ ေဆြးေႏြးဖို႔၊ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး open debate လုပ္ဖို႔ ၊အေရးယူမႈပါတဲ့ ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ေနာက္ပိုင္းကစၿပီး ေတာက္ေလၽွာက္ဆိုသလို တိုက္တြန္းခဲ့ေၾကာင္းလည္း ဦးေက်ာ္မိုးထြန္းကေျပာပါတယ္။

‘ကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံကိစၥမွာ အၾကမ္းဖက္မႈေတြကို အလြန္အကၽြံေဆာင္ရြက္ေနတဲ့ စစ္တပ္ရဲ့ မတရားေဆာင္ရြက္ခ်က္ေတြကို ကာကြယ္ေပးတဲ့သူကေတာ့ ဘာပဲေျပာေျပာ နိုင္ငံတကာအသိုင္းအဝိုင္းမွာေတာ့ မရွိသင့္ဘူး’ လို႔ သူကေျပာပါတယ္။

ဧၿပီ ၂၆ ရက္ေန႔၊ ကုလညီလာခံ ဆုံးျဖတ္ခ်က္အရ လုံျခဳံေရးေကာင္စီမွာ ဗီတိုသုံးစြဲခြင့္ရွိတဲ့ နိုင္ငံႀကီးေတြအေနနဲ႔ ဗီတိုအာဏာသုံးၿပီဆိုတာနဲ႔ ကုလသမဂၢ အေထြေထြညီလာခံသဘာပတိက ၁၀ ရက္အတြင္းမွာ အဖြဲ႕၀င္နိုင္ငံအားလုံးပါ၀င္တဲ့ ညီလာခံေခၚယူရမွာျဖစ္ၿပီး ဗီတိုအာဏာနဲ႔ ပယ္ခ်ခံရတဲ့ အေၾကာင္းကို ညီလာခံမွာ ဆက္လက္ေဆြးေႏြးမွာ ျဖစ္သလို ဗီတိုအာဏာ သုံးခဲ့တဲ့ နိုင္ငံကိုယ္တိုင္က ဘာေၾကာင့္ ဗီတိုအာဏာသုံးတယ္ဆိုတာ အဖြဲ႕၀င္နိုင္ငံေတြကို ရွင္းျပရမွာ ျဖစ္ပါတယ္။

၁၉၄၅ ခုႏွစ္၊ ကုလသမဂၢ စတင္တည္ေထာင္ၿပီးေနာက္ပိုင္း ဗီတိုအာဏာသုံး ပယ္ခ်မႈ ၂၉၅ ႀကိမ္ရွိခဲ့ၿပီး အရင္ ဆိုဗီယက္ျပည္ေထာင္စု (႐ုရွား) က အမ်ားဆုံး သုံးခဲ့တာပါ။#DNA