ၾကားသိသမွ်

မြောင်ပညာရေးကွန်ယက်က ဦးဆောင်ပြီး မြောင်နယ်ထဲ (၂၅)ကျောင်းမြောက် စာသင်ကျောင်း ဖွင့်လှစ်၊

မြောင်ပညာရေးကွန်ယက်က ဦးဆောင်ပြီး မြောင်နယ်ထဲ (၂၅)ကျောင်းမြောက် စာသင်ကျောင်း ဖွင့်လှစ်၊

MFP ၊ ဧပြီ – ၂၈

စစ်ကိုင်းတိုင်း မြောင်မြိုနယ်မှာ Myaung Education Network – မြောင်ပညာရေးကွန်ရက်က ဦးဆောင်ကာ စာသင်ကျောင်းတွေ ဖွင့်လှစ် သင်ကြားပေးနေပြီး မနေ့က ဧပြီ(၂၇)ရက်မှာ (၂၅)ကျောင်းမြောက် CDM စာသင်ကျောင်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


မနေ့က ဖွင့်လှစ်ခဲ့တဲ့ CDM စာသင်ကျောင်းဟာ အခြေခံပညာ အလယ်တန်းကျောင်း ဖြစ်ပြီး ကျောင်းဖွင့်နိုင်ဖို့အတွက် လုံခြုံရေးအဖြစ် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ – CDSOM ၊ တလုပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF-Taloke နှင့် မြင်းခြံ MGN Ranger တပ်ဖွဲ့တို့က လုံခြုံရေး တာဝန်ယူပေးခဲ့တာလို့ မြောင် ပညာရေးကွန်ယက်က ဆိုပါတယ်။

မြောင် ပညာရေး ကွန်ယက်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကတည်းက မြောင်မြိုနယ် ကျေးရွာ (၂၀)ကျော်မှာ စာသင်ကျောင်း (၁၇)ကျောင်းအထိ ဖွင့်လှစ် သင်ကြား ပေးနေတာဖြစ်ပြီး KG တန်းကစလို့ အထက်တန်းအထိ ကျောင်းသား၊ကျောင်းသူ (၃၀၀၀)ကျော် တက်ရောက်နေတယ်လို့ ဆိုပါတယ်။


ကလေးသူငယ်တွေ ပညာရေး အဆက်မပြတ်စေဖို့ ကြားကာလ အစီအစဉ်အဖြစ်နဲ့ အခုလို ကျောင်းတွေ ဖွင့်လှစ်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေး စနစ်အတိုင်း သင်ကြားနိုင်ဖို့ ကြိုးစားမယ်လို့ မြောင်ပညာရေးကွန်ယက်မှာ ပါဝင်တဲ့ CDM ဆရာ၊ဆရာမတွေက MFP ကို ပြောကြားထားပါတယ်။

မြောင်ပညာရေး ကွန်ယက်ကို ဒေသခံ CDM ပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မြောင်မြိုနယ်မှာ လက်ရှိ ကျောင်းဖွင့်ထားတဲ့ ရွာတွေအပြင် ရပ်ရွာရဲ့ အခြေအနေပေါ် မူတည်ပြီး နောက်ထပ်လည်း ကျောင်းတွေ ဆက်လက်ဖွင့်လှစ်မယ်လို့ မြောင်ပညာရေးကွန်ယက်က ဆိုထားပါတယ်။


စစ်အုပ်စုရဲ့ အကြမ်းဖက် ဖိနှှိပ်မှုတွေကြားကပဲ ကလေးတွေရဲ့ ပညာရေး အဆက်မပြတ် စေဖို့အတွက် မြောင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ CDM ဆရာ၊ဆရာမတွေနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြား ပေးနေကြပါတယ်။

မြောင်နယ်ထဲ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေအတွက် ကျောင်းသုံးစာအုပ်မှအစ ကျောင်းတွေ ရေရှည်တည်တံ့ နိုင်ရေးအတွက် ဘဏ္ဍာငွေ လိုအပ်နေတယ်ပြီး အများပြည်သူအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့ မြောင်ပညာရေးကွန်ရက်က အလှူခံလျှက် ရှိပြီး ပညာရေး ပဒေသာပင် စိုက်ထူလိုပါက m.me/112102391388001 ကို ဆက်သွယ်နိုင်တဲ့အကြောင်း Myaung Education Network မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။

ဧပြီ(၂၇)ရက်က မြောင်နယ်ထဲ (၂၅)ကျောင်းမြောက် CDM စာသင်ကျောင်း ဖွင့်လှစ်စဉ် /Photo – MEN

ေျမာင္ပညာေရးကြန္ယက္က ဦးေဆာင္ၿပီး ေျမာင္နယ္ထဲ (၂၅)ေက်ာင္းေျမာက္ စာသင္ေက်ာင္း ဖြင့္လွစ္၊

MFP ၊ ဧၿပီ – ၂၈

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳနယ္မွာ Myaung Education Network – ေျမာင္ပညာေရးကြန္ရက္က ဦးေဆာင္ကာ စာသင္ေက်ာင္းေတြ ဖြင့္လွစ္ သင္ၾကားေပးေနၿပီး မေန႔က ဧၿပီ(၂၇)ရက္မွာ (၂၅)ေက်ာင္းေျမာက္ CDM စာသင္ေက်ာင္းကို ေအာင္ျမင္စြာ ဖြင့္လွစ္နိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

မေန႔က ဖြင့္လွစ္ခဲ့တဲ့ CDM စာသင္ေက်ာင္းဟာ အေျခခံပညာ အလယ္တန္းေက်ာင္း ျဖစ္ၿပီး ေက်ာင္းဖြင့္နိုင္ဖို႔အတြက္ လုံျခဳံေရးအျဖစ္ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ – CDSOM ၊ တလုပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – PDF-Taloke ႏွင့္ ျမင္းၿခံ MGN Ranger တပ္ဖြဲ႕တို႔က လုံျခဳံေရး တာဝန္ယူေပးခဲ့တာလို႔ ေျမာင္ ပညာေရးကြန္ယက္က ဆိုပါတယ္။

ေျမာင္ ပညာေရး ကြန္ယက္ဟာ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီကတည္းက ေျမာင္ၿမိဳနယ္ ေက်းရြာ (၂၀)ေက်ာ္မွာ စာသင္ေက်ာင္း (၁၇)ေက်ာင္းအထိ ဖြင့္လွစ္ သင္ၾကား ေပးေနတာျဖစ္ၿပီး KG တန္းကစလို႔ အထက္တန္းအထိ ေက်ာင္းသား၊ေက်ာင္းသူ (၃၀၀၀)ေက်ာ္ တက္ေရာက္ေနတယ္လို႔ ဆိုပါတယ္။

ကေလးသူငယ္ေတြ ပညာေရး အဆက္မျပတ္ေစဖို႔ ၾကားကာလ အစီအစဥ္အျဖစ္နဲ႔ အခုလို ေက်ာင္းေတြ ဖြင့္လွစ္တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသား ညီညြတ္ေရးအစိုးရ (NUG)ရဲ့ ပညာေရး စနစ္အတိုင္း သင္ၾကားနိုင္ဖို႔ ႀကိဳးစားမယ္လို႔ ေျမာင္ပညာေရးကြန္ယက္မွာ ပါဝင္တဲ့ CDM ဆရာ၊ဆရာမေတြက MFP ကို ေျပာၾကားထားပါတယ္။

ေျမာင္ပညာေရး ကြန္ယက္ကို ေဒသခံ CDM ပညာေရးဝန္ထမ္းေတြ၊ ရပ္မိရပ္ဖေတြႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြ စုေပါင္းဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ ေျမာင္ၿမိဳနယ္မွာ လက္ရွိ ေက်ာင္းဖြင့္ထားတဲ့ ရြာေတြအျပင္ ရပ္ရြာရဲ့ အေျခအေနေပၚ မူတည္ၿပီး ေနာက္ထပ္လည္း ေက်ာင္းေတြ ဆက္လက္ဖြင့္လွစ္မယ္လို႔ ေျမာင္ပညာေရးကြန္ယက္က ဆိုထားပါတယ္။

စစ္အုပ္စုရဲ့ အၾကမ္းဖက္ ဖိႏွွိပ္မႈေတြၾကားကပဲ ကေလးေတြရဲ့ ပညာေရး အဆက္မျပတ္ ေစဖို႔အတြက္ ေျမာင္ၿမိဳ႕နယ္ အပါအဝင္ စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ CDM ဆရာ၊ဆရာမေတြႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး စာသင္ေက်ာင္းေတြ ဖြင့္လွစ္သင္ၾကား ေပးေနၾကပါတယ္။

ေျမာင္နယ္ထဲ ဖြင့္လွစ္ထားတဲ့ စာသင္ေက်ာင္းေတြအတြက္ ေက်ာင္းသုံးစာအုပ္မွအစ ေက်ာင္းေတြ ေရရွည္တည္တံ့ နိုင္ေရးအတြက္ ဘ႑ာေငြ လိုအပ္ေနတယ္ၿပီး အမ်ားျပည္သူအေနနဲ႔ ေထာက္ပံ့ကူညီေပးၾကဖို႔ ေျမာင္ပညာေရးကြန္ရက္က အလႉခံလၽွက္ ရွိၿပီး ပညာေရး ပေဒသာပင္ စိုက္ထူလိုပါက m.me/112102391388001 ကို ဆက္သြယ္နိုင္တဲ့အေၾကာင္း Myaung Education Network ေျမာင္ပညာေရးကြန္ရက္က ထုတ္ျပန္ထားပါတယ္။

ဧၿပီ(၂၇)ရက္က ေျမာင္နယ္ထဲ (၂၅)ေက်ာင္းေျမာက္ CDM စာသင္ေက်ာင္း ဖြင့္လွစ္စဥ္ /Photo – MEN