ၾကားသိသမွ်

သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင် ဘာလို့ ဖမ်းဆီးခံရလဲ

သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင် ဘာလို့ ဖမ်းဆီးခံရလဲ

‘’အိမ်ရှေ့မှာ ရဲတွေရောက်နေပါတယ်… ဧည့်စာရင်း စစ်မလို့တော့ ပြောတယ်… ဒါပေမယ့် အဖေ့ကို လာခေါ်တာလား မသိဘူး….’’ ဆိုပြီး သမီးဖြစ်သူ စံထိပ်ထားဦး က သူ့အဖေကို လာဖမ်းစဥ် ဖေ့စ်ဘွတ် ကနေ ည ၁၁ နာရီလောက်မှာ live လွှင့်တင် ပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကိုခန့်နိုင် ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါ တယ်။

                                         ကိုခန့်နိုင် နဲ့ ခိုင်သင်းကြည်တို့ မိသားစု

စစ်ကောင်စီ အတွက် လော်ဘီ လုပ်ပေးနေတဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်ကနေ ဒီကနေ့ ၂၇ ရက်နေ့ မနက်ပိုင်း မှာတင် ကိုခန့်နိုင်ကို ဖမ်းဆီးဖို့ အိမ်လိပ်စာပါ တင်ခဲ့ပြီး နောက် ညဘက်မှာ အခုလို ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

ဟန်ငြိမ်းဦး အကောင့် ရဲ့ စွပ်စွဲချက်ထဲမှာတော့ နောက်ဆုံး အနေနဲ့ တွေ့ရတာက ၂၀၂၁ အောက်တိုဘာလက အဆို‌တော်ကျားပေါက်ရဲ့ ဂီတာ လေလံအောင်တာကို ကိုခန့်နိုင်က သူ့ဖေ့စ်ဘွတ် အကောင့် ကနေ ရှယ်ထားတာ ဖြစ်ပါတယ်။

                                          ဟန်ငြိမ်းဦးအကောင့်မှ စွပ်စွဲချက်

နိုဝင်ဘာလထဲမှာလည်း လွတ်မြောက်နယ်မြေ ရောက်ရှိနေတဲ့ MRTV က CDM ဦးကျော်သက်လင်း အကြောင်း ‘’ရှယ်’’ ထားတာ လည်းတွေ့ရပါတယ်။

အခုလို စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ထောက်ခံတာ ကြောင့် ဖမ်းဆီးတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါ။
ကိုခန့်နိုင်ရဲ့ ဇနီး သရုပ်ဆောင် ခိုင်သင်းကြည် နဲ့ ပတ်သက်ပြီး လည်း သူ့ကိုပေးထားတဲ့ လူမှုထူးချွန်ဆုကို ပြန်ရုတ်သိမ်း ကြောင်း စစ်ကောင်စီက သတင်းစာမှာ ဧပြီ ၁၇ ရက်နေ့က ကြေညာခဲ့ ပါတယ်။


ဆုပေးတာကို ရည်ရွယ် ရေးသား ထားတယ်လို့ ယူဆရတဲ့ ‘’နေရင်းထိုင်ရင်း ကံဆိုးပြီး ထီကထပေါက်နေ သေးတယ်’’ လို့ ခိုင်သင်းကြည်က ဖေ့စ်ဘွတ်မှာ ရေးခဲ့တာကြောင့် ဆုပြန်သိမ်းတာလို့ ယူဆရပါတယ်။

မကြာသေးခင်က ဟာသ လူရွှင်တော် ဦးကောင်းကျော် ဟာလည်း ဟန်ငြိမ်းဦး အကောင့်ကနေ ဖမ်းဆီးဖို့ ဖေါ်ပြခဲ့ပြီး နောက် ဦးကောင်းကျော် အဖမ်းခံခဲ့ရပါတယ်။

                                                                 ဟန်ငြိမ်းဦးအကောင့်မှ စွပ်စွဲချက်

ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်ဟာ ‘’နွေဦးတော်လှန်ရေး‌ထောက်ခံသူ စစ်ကောင်စီကို ဆန့်ကျင်သူ’’ တွေရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ရေးသားချက်တွေ၊ ပရိုဖိုင်ပုံတွေ တွေကို စခရှင်ရှော့ နဲ့ ပြန်လည် ဖေါ်ပြပြီး အဲဒီအ‌ကောင့် ပိုင်ရှင်တွေကို ဖမ်းဆီးဖို့ အတွက် လိပ်စာတွေပါ တင်ပေးနေတာကို အဓိက တွေ့မြင်ရပါတယ်။

ဝေဖန်သူတွေကတော့ ဒီအကောင့်ဟာ ပုဂ္ဂလိက အကောင့် မဟုတ်ဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးနဲ့ အထက်အောက် သတင်းဆက်သွယ်မှု ကို ပေးနေတဲ့ ယန္တရား တခုဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။

#THN f j

Zawgyi

သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္ရဲ့ ခင္ပြန္းျဖစ္သူ ကိုခန႔္နိုင္ ဘာလို႔ ဖမ္းဆီးခံရလဲ

‘’အိမ္ေရွ႕မွာ ရဲေတြေရာက္ေနပါတယ္… ဧည့္စာရင္း စစ္မလို႔ေတာ့ ေျပာတယ္… ဒါေပမယ့္ အေဖ့ကို လာေခၚတာလား မသိဘူး….’’ ဆိုၿပီး သမီးျဖစ္သူ စံထိပ္ထားဦး က သူ႔အေဖကို လာဖမ္းစဥ္ ေဖ့စ္ဘြတ္ ကေန ည ၁၁ နာရီေလာက္မွာ live လႊင့္တင္ ၿပီး ေျပာၾကား ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ကိုခန႔္နိုင္ ကို ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သိရပါ တယ္။

စစ္ေကာင္စီ အတြက္ ေလာ္ဘီ လုပ္ေပးေနတဲ့ ဟန္ၿငိမ္းဦး တယ္လီဂရမ္ အေကာင့္ကေန ဒီကေန႔ ၂၇ ရက္ေန႔ မနက္ပိုင္း မွာတင္ ကိုခန႔္နိုင္ကို ဖမ္းဆီးဖို႔ အိမ္လိပ္စာပါ တင္ခဲ့ၿပီး ေနာက္ ညဘက္မွာ အခုလို ဖမ္းဆီးခံရတာလည္း ျဖစ္ပါတယ္။

ဟန္ၿငိမ္းဦး အေကာင့္ ရဲ့ စြပ္စြဲခ်က္ထဲမွာေတာ့ ေနာက္ဆုံး အေနနဲ႔ ေတြ႕ရတာက ၂၀၂၁ ေအာက္တိုဘာလက အဆို‌ေတာ္က်ားေပါက္ရဲ့ ဂီတာ ေလလံေအာင္တာကို ကိုခန႔္နိုင္က သူ႔ေဖ့စ္ဘြတ္ အေကာင့္ ကေန ရွယ္ထားတာ ျဖစ္ပါတယ္။

နိုဝင္ဘာလထဲမွာလည္း လြတ္ေျမာက္နယ္ေၿမ ေရာက္ရွိေနတဲ့ MRTV က CDM ဦးေက်ာ္သက္လင္း အေၾကာင္း ‘’ရွယ္’’ ထားတာ လည္းေတြ႕ရပါတယ္။

အခုလို စစ္ေကာင္စီကို ဆန႔္က်င္သူေတြကို ေထာက္ခံတာ ေၾကာင့္ ဖမ္းဆီးတာလား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသး ပါ။

ကိုခန႔္နိုင္ရဲ့ ဇနီး သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္ နဲ႔ ပတ္သက္ၿပီး လည္း သူ႔ကိုေပးထားတဲ့ လူမႈထူးခၽြန္ဆုကို ျပန္႐ုတ္သိမ္း ေၾကာင္း စစ္ေကာင္စီက သတင္းစာမွာ ဧၿပီ ၁၇ ရက္ေန႔က ေၾကညာခဲ့ ပါတယ္။

ဆုေပးတာကို ရည္ရြယ္ ေရးသား ထားတယ္လို႔ ယူဆရတဲ့ ‘’ေနရင္းထိုင္ရင္း ကံဆိုးၿပီး ထီကထေပါက္ေန ေသးတယ္’’ လို႔ ခိုင္သင္းၾကည္က ေဖ့စ္ဘြတ္မွာ ေရးခဲ့တာေၾကာင့္ ဆုျပန္သိမ္းတာလို႔ ယူဆရပါတယ္။

မၾကာေသးခင္က ဟာသ လူရႊင္ေတာ္ ဦးေကာင္းေက်ာ္ ဟာလည္း ဟန္ၿငိမ္းဦး အေကာင့္ကေန ဖမ္းဆီးဖို႔ ေဖၚျပခဲ့ၿပီး ေနာက္ ဦးေကာင္းေက်ာ္ အဖမ္းခံခဲ့ရပါတယ္။

ဟန္ၿငိမ္းဦး တယ္လီဂရမ္ အေကာင့္ဟာ ‘’ေႏြဦးေတာ္လွန္ေရး‌ေထာက္ခံသူ စစ္ေကာင္စီကို ဆန႔္က်င္သူ’’ ေတြရဲ့ ေဖ့စ္ဘြတ္ အေကာင့္ကေန ေရးသားခ်က္ေတြ၊ ပရိုဖိုင္ပုံေတြ ေတြကို စခရွင္ေရွာ့ နဲ႔ ျပန္လည္ ေဖၚျပၿပီး အဲဒီအ‌ေကာင့္ ပိုင္ရွင္ေတြကို ဖမ္းဆီးဖို႔ အတြက္ လိပ္စာေတြပါ တင္ေပးေနတာကို အဓိက ေတြ႕ျမင္ရပါတယ္။

ေဝဖန္သူေတြကေတာ့ ဒီအေကာင့္ဟာ ပုဂၢလိက အေကာင့္ မဟုတ္ဘဲ စစ္ေကာင္စီရဲ့ ဝါဒျဖန႔္ခ်ီေရးနဲ႔ အထက္ေအာက္ သတင္းဆက္သြယ္မႈ ကို ေပးေနတဲ့ ယႏၲရား တခုျဖစ္နိုင္ေၾကာင္း ေျပာဆိုေနၾကပါတယ္။

#THN f j