ၾကားသိသမွ်

ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းချက် (အချိန်ယူပြီးဖြေပါ)

ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းချက် (အချိန်ယူပြီးဖြေပါ)

ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲသို့ရည်ညွှန်းလျက်

မေး။ ၁။ မဲစာရင်းမှားတာတွေရှိနိုင်ပေမယ့် NLD အနိုင်ရမှုကို အပြောင်း အလဲဖြစ်စေနိုင်တဲ့ မဲမသာမှု ဆိုတာမျိုး မရှိနိုင်ကြောင်း ရွေးကောက်ပွဲ လေ့လာတဲ့ ယုံကြည်ရတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကဲဖြတ်ချက် အပေါ် ဘာများပြောချင်လဲ၊ ပြန်ပြီး ရှင်းလင်းဖြေကြားပေးရန်။

တကယ်လို့ မဲမသာမှုရှိလို့ (ဗိုလ်ချုပ်တို့အဆိုအရ) ‘’အာဏာထိန်း’’ တယ်ဆိုရင် ချက်ခြင်း ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ပြီး အလျင်အမြန် ဘာကြောင့် ရွေးကောက်ပွဲ ပြန်မလုပ်ရတာလဲ။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရတဖွဲ့လုံးကို ဖမ်းဆီးပြီး အမျိုးမျိုးသော ဥပဒေတွေနဲ့ အရေးယူတာက ဘာသဘောပါလဲ။ စစ်တပ်က လက်နက်ပြ မတရား အာဏာလုယူတာ မဟုတ်ဘူးလား။ (ဖြေကြားပေးပါ)

                                                                          ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းချက်

မေး။ ၂။ အာဏာသိမ်းတာဟာ ၂၀၀၈ ခြေ/ဥ နဲ့ လုံးဝကိုက်ယူမှု မရှိတာကို အားလုံးသိကြပါတယ်။ ဘာလို့ အခြေခံဥပဒေကို ခုတုံးလုပ် အာဏာသိမ်းတာလဲ။ ဘာလို့ ဗြောင်မသိမ်းတာလဲ။ (အဲဒါဖြေပေးပါ)

– ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၇၁ အရ သမ္မတ နဲ့ ဒုသမ္မတတွေကို စွပ်စွဲပြစ်တင်လို့သာရပါတယ်။ သမ္မတရာထူးကို ရပ်စဲဖို့ ဆိုရင် အဆင့် ၇ ဆင့်ရှိပါတယ်။ ဒါတွေအားလုံးက လွှတ်တော်မှာသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုမှာ သမ္မတကို ဥပဒေမဲ့ ဖယ်ရှားတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို ဘာပြောချင်ပါလဲ။

ပုဒ်မ ၄၁၀ အရ သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကြေညာနိုင်တာ ဖြစ်ပါတယ်။ သမ္မတရာထူးကို လက်နက်နဲ့ ဓါးပြတိုက်ပြီး ဒုသမ္မတကို ယာယီသမ္မတခန့်၊ ပြီးတော့ ကာလုံခေါ်ပြီး အရေးပေါ် ကြေညာတာဟာ ဘယ်လိုမှ ဥပဒေနဲ့ မညီပါဘူး။ (ဥပဒေနဲ့ အညီ အာဏာရယူတယ်လို့ ဘာလို့ ပြောနေတာပါလဲ… ဖြေပေးပါ)

– မေး။ ၃။ PDF တွေရဲ့ လက်နက်ကိုင်တော်လှန်မှု ဟာ NUG မြှောက်ပေးလို့ မဟုတ်ပါဘူး။ PDF ဖြစ်လာမယ့် လူငယ်တွေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူအများစုကသာ NUG ကို ဖွဲ့စေခဲ့ပြီး ခုခံတော်လှန်ဖို့ ခိုင်းစေ ခဲ့တာ ဖြစ်ပါတယ်။

ဒီထက် မှန်အောင်ပြောရရင်… စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာ ထုတ်ဖေါ်ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ရက်ရက် စက်စက် နှိပ်ကွပ် ပစ်သတ်ခဲ့တာကြောင့် လူငယ်တွေ လက်နက်ကိုင်ခဲ့ကြတာပါ။

အဓိက တရားခံက စစ်အာဏာသိမ်းတဲ့ တပ်မတော်သာ လျင်ဖြစ်ပါတယ်။ အဲဒီတော့ ဒီပြဿနာတွေ ပြေလည်နိုင်ဖို့ စစ်တပ်က နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်တော့ဘဲ စစ်တန်းလျားပြန် ဖို့သာရှိပါတယ်။ ဒါမှသာ သားရွှေအိုးထမ်း တာမျိုး ဖြစ်မှာပါ။

တိုင်းပြည်မျက်နှာကြည့်ပြီး စစ်တန်းလျား ဘယ်တော့ပြန်မလဲ ဆိုတာ ဖြေပေးပါ။

မေးခွန်းတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မဟုတ်ပါဘူး။ စစ်ကောင်စီ အဖွဲ့ဝင်တွေပဲ ဖြစ်ဖြစ်၊ တခြား တပ်မတော် အရာရှိတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက သတင်းမီဒီယာတွေ ဖြစ်ဖြစ် ဖြေကြားပေးလို့ ရပါတယ်။

ချက်ချင်း မဖြေနိုင်လည်း အချိန်ယူပြီး ဖြေကြားပေးလို့ရပါတယ်။

သက်ထွေးနိုင် (အလွတ်သတင်းထောက်)

-ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မေးမြန်းချက်တွေကို နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်း ဖြေကြားပေးမှာ ဖြစ်ကြောင်းလည်း တင်ကြို အသိပေးအပ်ပါတယ်။

– နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေ လုပ်ရင် ဗီဒီယို ကွန်ဖရန့် နဲ့ တိုက်ရိုက် မေးခွင့် ပေးစေလိုပါတယ်။ ဒါမှ မဟုတ် အခုလို မေးခွန်းတွေတင်ထားပေးပါ့မယ်။ ဖြေကြားပေးပါ။ THN freelance journalist

– ပရိသတ်တွေ အနေနဲ့လည်း မေးမြန်းလိုတာ ရှိရင် ကွန်မန့်မှာ ရေးသားထားခဲ့ပါ။

#THN freelance journalist