ၾကားသိသမွ်

“နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးဖြစ် ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ”

“နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးဖြစ် ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ”

အရင် အစိုးရအဖွဲ့၀င်ဟောင်းတွေရဲ့အမှုအများစုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းက အိုးဘိုထောင်မှာ စစ်ဆေးတဲ့ အမှုရုံးချိန်းတစ်ခုမှာလိုက်ပါဆောင်ရွက်ခဲ့ပြီး အပြန်မှာ ဖမ်းဆီးခံရပါတယ်။

သူနဲ့အတူ ရှေ့နေတစ်ဦးပါ ဖမ်းဆီးခေါ်ဆောင်သွားခံရပါတယ်။ ဖမ်းဆီးခံရတဲ့အကြောင်းအရာကို မသိရသလိုဘယ်ကို ခေါ်ဆောင်သွားလဲ မသိရသေးဘူးလို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

” သူတို့ မနေ့က ဒေါက်တာဇော်မြင့်မောင် ရုံးချိန်းမှာ ဘာ တွေဖြစ်ကြလဲ မသိဘူး။ ညနေ လေးနာရီကျော်လောက် အပြန်မှာဖြစ်တာ။ ဘာကိစ္စနဲ့ဖမ်းမှန်းမှမသိတာ။ အကြောင်းပြချက်က ဘာမှန်းမသိတာကိုး”လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲကတစ်ဦးဖြစ်သလို မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ရွေးကောက်ပွဲအမှုနဲ့ အဂတိအမှုတွေ၊

မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်အမှုတွေအပြင် မကြာ‌ခင်က အိုးဘိုထောင်မှာ ရုံးထုတ်စစ်ဆေးခဲ့တဲ့ NLD ပါတီနာယက ဦး၀င်းထိန်အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဒီလို အမှုတွေကို လိုက်ပါဆောင်ရွက်နေဆဲ တရားလွှတ်တော်ရှေ့ ဖမ်းဆီးခံရတာဟာ သူလိုက်ပါဆောင်ရွက်နေတဲ့ အမှုတွေက အပြီးမပြတ်ဘဲ ဖြစ်သွားနိုင်တယ်လို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ဒီရက်ပိုင်းမှာ NLD ပါတီဝင်အများစုကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ သတ်ဖြတ်တာတွေ ရှိနေလို့ မန္တလေးတိုင်း NLD ပါတီ CEO ဖြစ်ခဲ့ဖူးတဲ့ ဒေါ်ရွက်နုအောင် ဖမ်းဆီးခေါ်ဆောင်ခံရတာက ဒီဖြစ်စဥ်တွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက မှတ်ချက်ပြုပြောပါတယ်။

ပုံစာ-ဗစ်တိုးရီးယားအမှု ရုံးချိန်းတစ်ခုမှာတွေ့ရတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်

“နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အမႈေတြကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနအဖြဲ႕ထဲက တစ္ဦးျဖစ္ ေရွ႕ေန ေဒၚရြက္ႏုေအာင္ ဖမ္းဆီးခံရ”

အရင္ အစိုးရအဖြဲ႕၀င္ေဟာင္းေတြရဲ့အမႈအမ်ားစုကို လိုက္ပါေဆာင္ရြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚရြက္ႏုေအာင္ဟာ ဧၿပီ ၂၇ ရက္ေန႔ ညေနပိုင္းက အိုးဘိုေထာင္မွာ စစ္ေဆးတဲ့ အမႈ႐ုံးခ်ိန္းတစ္ခုမွာလိုက္ပါေဆာင္ရြက္ခဲ့ၿပီး အျပန္မွာ ဖမ္းဆီးခံရပါတယ္။

သူနဲ႔အတူ ေရွ႕ေနတစ္ဦးပါ ဖမ္းဆီးေခၚေဆာင္သြားခံရပါတယ္။ ဖမ္းဆီးခံရတဲ့အေၾကာင္းအရာကို မသိရသလိုဘယ္ကို ေခၚေဆာင္သြားလဲ မသိရေသးဘူးလို႔ တရား႐ုံးအသိုင္းဝိုင္းက ေျပာပါတယ္။

” သူတို႔ မေန႔က ေဒါက္တာေဇာ္ျမင့္ေမာင္ ႐ုံးခ်ိန္းမွာ ဘာ ေတြျဖစ္ၾကလဲ မသိဘူး။ ညေန ေလးနာရီေက်ာ္ေလာက္ အျပန္မွာျဖစ္တာ။ ဘာကိစၥနဲ႔ဖမ္းမွန္းမွမသိတာ။ အေၾကာင္းျပခ်က္က ဘာမွန္းမသိတာကိုး”လို႔ အမည္မေဖာ္လိုတဲ့ တရားလႊတ္ေတာ္ေရွ႕ေနတဦးက ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚရြက္ႏုေအာင္ဟာ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အမႈေတြကိုလိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနအဖြဲ႕ထဲကတစ္ဦးျဖစ္သလို မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ့ ေရြးေကာက္ပြဲအမႈနဲ႔ အဂတိအမႈေတြ၊ မႏၲေလးတိုင္း လၽွပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးေဟာင္း ဦးဇာနည္ေအာင္အမႈေတြအျပင္ မၾကာ‌ခင္က အိုးဘိုေထာင္မွာ ႐ုံးထုတ္စစ္ေဆးခဲ့တဲ့ NLD ပါတီနာယက ဦး၀င္းထိန္အမႈကိုလည္း လိုက္ပါေဆာင္ရြက္ေပးေနသူ ျဖစ္ပါတယ္။

ဒီလို အမႈေတြကို လိုက္ပါေဆာင္ရြက္ေနဆဲ တရားလႊတ္ေတာ္ေရွ႕ ဖမ္းဆီးခံရတာဟာ သူလိုက္ပါေဆာင္ရြက္ေနတဲ့ အမႈေတြက အၿပီးမျပတ္ဘဲ ျဖစ္သြားနိုင္တယ္လို႔ တရားေရးနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းက သုံးသပ္ပါတယ္။

ဒီရက္ပိုင္းမွာ NLD ပါတီဝင္အမ်ားစုကို ဖမ္းဆီးတာ၊ တရားစြဲဆိုတာ၊ သတ္ျဖတ္တာေတြ ရွိေနလို႔ မႏၲေလးတိုင္း NLD ပါတီ CEO ျဖစ္ခဲ့ဖူးတဲ့ ေဒၚရြက္ႏုေအာင္ ဖမ္းဆီးေခၚေဆာင္ခံရတာက ဒီျဖစ္စဥ္ေတြနဲ႔ ဆက္စပ္မႈ ရွိနိုင္တယ္လို႔ ေရွ႕ေနအသိုင္းဝိုင္းက မွတ္ခ်က္ျပဳေျပာပါတယ္။

ပုံစာ-ဗစ္တိုးရီးယားအမႈ ႐ုံးခ်ိန္းတစ္ခုမွာေတြ႕ရတဲ့ ေရွ႕ေန ေဒၚရြက္ႏုေအာင္