ၾကားသိသမွ်

ဦးချစ်ခိုင်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီအဖွဲ့က ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ပတ်သက်ပြီး စိတ်မပူရန် သတင်းထုတ်ပြန်

ဦးချစ်ခိုင်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီအဖွဲ့က ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ပတ်သက်ပြီး စိတ်မပူရန် သတင်းထုတ်ပြန်

မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဧဒင်ဦးချစ်ခိုင်နှင့် အမှုဆောင်အရာရှိချုပ်တို့အား အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့် ဖမ်းဆီးလိုက်ပြီးနောက် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်ပတ်သက်ပြီး ငွေစုဆောင်းထားရှိသူများ စိုးရိမ်ပူပန်ရန် မလိုကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလာသည်ကို တွေ့ရသည်။

၎င်းတို့နှစ်ဦးကို အဂတိဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူထားပြီး ၎င်းတို့၏ နေရာတွင် အာဏာသိမ်းစစ်ကောင်စီက အစားထိုးခန့်အပ်မှုကို ဧပြီလ(၂၇)ရက်တွင် ပြုလုပ်‌လိုက်ကြောင်း နှင့် ယခုလို ထုတ်ပြန်မှုသည် မြန်မာနိုင်ငံဗဟိုဘဏ် ၏ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့် ထိရောက်သောငွေပေးချေမှုနှင့် စရင်းရှင်းလင်းမှုစနစ်များ ခိုင်မာ တိုးတက်စေရေး စသည့်ရည်ရွယ်ချက်များ တိုးတက်အောင်မြင်စေ ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဦးချစ်ခိုင်ကို ပြည်ပခရီးစဉ်တစ်ခုမှအပြန် ဧပြီလ(၂၅)ရက်နေ့ ညနေပိုင်းက ရန်ကုန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဦးချစ်ခိုင်သည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ စွမ်းအင်စသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် ဧဒင်ဂရု ၏ ဥက္ကဌဖြစ်ကာ Denko တို့ကို လည်း ပိုင်ဆိုင်သူဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပြီးနောက် NLD ၏ အစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးပြီး အဂတိမှုများဖြင့် အမှုဖွင့်သလို ၎င်းတို့အား ထောက်ခံခြင်းမရှိသူများကိုလည်း အပြစ်မရှိ မပြစ်ရှာက ပုဒ်မမျိုးစုံတပ်ပြီး အမှုဖွင့် ဖမ်းဆီးလေ့ရှိသည်။#TNA

ဦးခ်စ္ခိုင္ကို ဖမ္းဆီးထားသည့္ စစ္ေကာင္စီအဖြဲ႕က ဦးခ်စ္ခိုင္၏ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ ႏွင့္ ပတ္သက္ၿပီး စိတ္မပူရန္ သတင္းထုတ္ျပန္

ျမန္မာ့ေရွ႕ေဆာင္ဘဏ္ ဥကၠဌ ဧဒင္ဦးခ်စ္ခိုင္ႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္တို႔အား အာဏာသိမ္းစစ္ေကာင္စီက အဂတိမႈျဖင့္ ဖမ္းဆီးလိုက္ၿပီးေနာက္ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ႏွင့္ပတ္သက္ၿပီး ေငြစုေဆာင္းထားရွိသူမ်ား စိုးရိမ္ပူပန္ရန္ မလိုေၾကာင္း စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က ထုတ္ျပန္ေၾကညာလာသည္ကို ေတြ႕ရသည္။

၎တို႔ႏွစ္ဦးကို အဂတိဥပေဒပုဒ္မ ၅၅/၆၃ ျဖင့္ အေရးယူထားၿပီး ၎တို႔၏ ေနရာတြင္ အာဏာသိမ္းစစ္ေကာင္စီက အစားထိုးခန႔္အပ္မႈကို ဧၿပီလ(၂၇)ရက္တြင္ ျပဳလုပ္‌လိုက္ေၾကာင္း ႏွင့္ ယခုလို ထုတ္ျပန္မႈသည္ ျမန္မာနိုင္ငံဗဟိုဘဏ္ ၏ ေငြေၾကးတည္ၿငိမ္ေရး၊ ေငြေရးေၾကးေရးစနစ္တည္ၿငိမ္ေရးႏွင့္ ထိေရာက္ေသာေငြေပးေခ်မႈႏွင့္ စရင္းရွင္းလင္းမႈစနစ္မ်ား ခိုင္မာ တိုးတက္ေစေရး စသည့္ရည္ရြယ္ခ်က္မ်ား တိုးတက္ေအာင္ျမင္ေစ ရန္ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ဦးခ်စ္ခိုင္ကို ျပည္ပခရီးစဥ္တစ္ခုမွအျပန္ ဧၿပီလ(၂၅)ရက္ေန႔ ညေနပိုင္းက ရန္ကုန္တြင္ ဖမ္းဆီးခံရျခင္းျဖစ္သည္။

ဦးခ်စ္ခိုင္သည္ ေဆာက္လုပ္ေရး၊ ဟိုတယ္ႏွင့္ ခရီးသြား၊ စြမ္းအင္စသည့္ လုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ ဧဒင္ဂ႐ု ၏ ဥကၠဌျဖစ္ကာ Denko တို႔ကို လည္း ပိုင္ဆိုင္သူျဖစ္သည္။

အာဏာသိမ္းစစ္ေကာင္စီသည္ နိုင္ငံ့အာဏာကို သိမ္းယူလိုက္ၿပီးေနာက္ NLD ၏ အစိုးရအဖြဲ႕ဝင္ အားလုံးကို ဖမ္းဆီးၿပီး အဂတိမႈမ်ားျဖင့္ အမႈဖြင့္သလို ၎တို႔အား ေထာက္ခံျခင္းမရွိသူမ်ားကိုလည္း အျပစ္မရွိ မျပစ္ရွာက ပုဒ္မမ်ိဳးစုံတပ္ၿပီး အမႈဖြင့္ ဖမ္းဆီးေလ့ရွိသည္။#TNA