ၾကားသိသမွ်

မန္တလေး မဟာအောင်မြေအမတ်ရဲ့ အစ်ကို စစ်အုပ်စုကဖမ်းဆီးပြီး တစ်ရက်အကြာမှာ အလောင်းပစ်

မန္တလေး မဟာအောင်မြေအမတ်ရဲ့ အစ်ကို စစ်အုပ်စုကဖမ်းဆီးပြီး တစ်ရက်အကြာမှာ အလောင်းပစ်

MFP ၊ ဧပြီ – ၂၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုဇော်ဇော်အောင်ရဲ့ အစ်ကိုဖြစ်သူ ကိုဖုန်းမြင့်မိုး (ခ) ကိုမိုးကြီးဆိုသူကို စစ်အုပ်စုက ဖမ်းဆီးပြီး တစ်ရက်အကြာမှာ အလောင်းလာပစ်သွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒီနေ့ ဧပြီလ (၂၇)ရက် မနက်ပိုင်းမှာ (၂၆)လမ်းပေါ်က သင်္ဂဇာချောင်းအနီးမှာ စစ်အုပ်စုက အလောင်းလာပစ်သွားခဲ့တာလို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

ကိုမိုးကြီးကို ၈၄ လမ်း၊ ၄၂လမ်း နဲ့ ၄၅ လမ်းကြားက ဘီယာဆိုင် တစ်ဆိုင်မှာ အရပ်ဝတ်နဲ့ လူတစ်ချို့က ဧပြီလ (၂၅) ရက် ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြားသိရပြီး ဒီနေ့မနက်ပိုင်း မှာ အလောင်းတွေ့ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

” သူက သူအလုပ်(တွင်ခုံ)ပဲ သူလုပ်‌တာ၊ အခြားကိစ္စ ဘာမှလည်း မလုပ်ဘူး၊ စိတ်လည်းမဝင်စားဘူး၊ အာ့ဒါကို အခုလိုဖြစ်သွားရတယ် ” လို့ သူက ရှင်းပြပါတယ်။

ကိုမိုးကြီးရဲ့ ရုပ်အလောင်းကို ဆေးရုံမှာ ထားရှိထားပြီး ဒီနေ့ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ မန္တလေးမြို့မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့လုပ်ရပ်ဟာ ဒီရက်ပိုင်းထဲမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာဖြစ်ပြီး ပြည်သူ (၅)ဦးထက်မနည်း သေဆုံးခဲ့ရတာြဖစ်ကာ အချို့သေဆုံးသူတွေကို သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲကတ်တွေ ချိတ်ဆွဲထားတာ တွေ့ရတယ်လို့ ဒေသခံတို့က ပြောဆိုကြပါတယ်။

စစ်အုပ်စုဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခံရသူတို့နဲ့အတူ တွေ့ရတဲ့ လည်ဆွဲ/ ဓာတ်ပုံ – S

မႏၲေလး မဟာေအာင္ေျမအမတ္ရဲ့ အစ္ကို စစ္အုပ္စုကဖမ္းဆီးၿပီး တစ္ရက္အၾကာမွာ အေလာင္းပစ္

MFP ၊ ဧၿပီ – ၂၇

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ကိုေဇာ္ေဇာ္ေအာင္ရဲ့ အစ္ကိုျဖစ္သူ ကိုဖုန္းျမင့္မိုး (ခ) ကိုမိုးႀကီးဆိုသူကို စစ္အုပ္စုက ဖမ္းဆီးၿပီး တစ္ရက္အၾကာမွာ အေလာင္းလာပစ္သြားတယ္လို႔ မိသားစုဝင္ေတြနဲ႔ နီးစပ္သူဆီက သိရပါတယ္။

ဒီေန႔ ဧၿပီလ (၂၇)ရက္ မနက္ပိုင္းမွာ (၂၆)လမ္းေပၚက သဂၤဇာေခ်ာင္းအနီးမွာ စစ္အုပ္စုက အေလာင္းလာပစ္သြားခဲ့တာလို႔ အဲဒီ နီးစပ္သူက ေျပာပါတယ္။

ကိုမိုးႀကီးကို ၈၄ လမ္း၊ ၄၂လမ္း နဲ႔ ၄၅ လမ္းၾကားက ဘီယာဆိုင္ တစ္ဆိုင္မွာ အရပ္ဝတ္နဲ႔ လူတစ္ခ်ိဳ႕က ဧၿပီလ (၂၅) ရက္ ညပိုင္းက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ၾကားသိရၿပီး ဒီေန႔မနက္ပိုင္း မွာ အေလာင္းေတြ႕ရတာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

” သူက သူအလုပ္(တြင္ခုံ)ပဲ သူလုပ္‌တာ၊ အျခားကိစၥ ဘာမွလည္း မလုပ္ဘူး၊ စိတ္လည္းမဝင္စားဘူး၊ အာ့ဒါကို အခုလိုျဖစ္သြားရတယ္ ” လို႔ သူက ရွင္းျပပါတယ္။

ကိုမိုးႀကီးရဲ့ ႐ုပ္အေလာင္းကို ေဆး႐ုံမွာ ထားရွိထားၿပီး ဒီေန႔ သၿဂႋဳလ္မယ္လို႔ သိရပါတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕မွာ ျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္ၿပီး အေလာင္းစြန႔္ပစ္တဲ့လုပ္ရပ္ဟာ ဒီရက္ပိုင္းထဲမွာ ဆက္တိုက္ဆိုသလို လုပ္ေဆာင္လာတာျဖစ္ၿပီး ျပည္သူ (၅)ဦးထက္မနည္း ေသဆုံးခဲ့ရတာျဖစ္ကာ အခ်ိဳ႕ေသဆုံးသူေတြကို ေသြးေသာက္အဖြဲ႕ဆိုတဲ့ လည္ဆြဲကတ္ေတြ ခ်ိတ္ဆြဲထားတာ ေတြ႕ရတယ္လို႔ ေဒသခံတို႔က ေျပာဆိုၾကပါတယ္။

စစ္အုပ္စုဖမ္းဆီးသတ္ျဖတ္ အေလာင္းစြန႔္ပစ္ခံရသူတို႔နဲ႔အတူ ေတြ႕ရတဲ့ လည္ဆြဲ/ ဓာတ္ပုံ – S