ၾကားသိသမွ်

၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို PR စနစ်နဲ့ပြုလုပ်ဖို့ဆုံးဖြတ်ပြီးပြီလို့ စစ်ကောင်စီ UEC ပြော

၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို PR စနစ်နဲ့ပြုလုပ်ဖို့ဆုံးဖြတ်ပြီးပြီလို့ စစ်ကောင်စီ UEC ပြော

ဧရာဝတီတိုင်းမ်

ဧပြီလ ၂၇ ရက်

၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်ဆောင် ရွက်နေပြီး PR စနစ်ကိုအသုံးပြုပြီးဆောင်ရွက်ဖို့ဆုံးဖြတ်ပြီးပြီလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်နေတဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အခုလိုဖြေကြားခဲ့တာပါ။

” PR စနစ်နဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေနဲ့ ၄ ကြိမ်တိုင်တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ဆွေး နွေးတဲ့ ဒီဇင်ဘာလမှာ PR စနစ်ကိုအသုံးပြုဖို့ မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ Closelist PR စနစ်ကိုအသုံးပြုဖို့ ဆွေးနွေးဆုံးဖြတ်ပြီးဖြစ်ပါတယ် ။ဒါကြောင့်မလို့ PRစနစ်နဲ့ပတ် သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုပြဌာန်းဖို့ပြင်ဆင်နေပါတယ်။ ” လို့ ဒီကနေ့နေ့လည်စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းချက်ကိုဖြေကြားခဲ့တာပါ။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ရွေး ကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားပြီး ရွေးကောက်ပွဲကို PR စနစ်နဲ့ပြုလုပ်ဖို့ပြင်ဆင်နေတာကနေ ဒီကနေ့မှာဆုံးဖြတ်ပြီးပြီလို့ပြောဆိုခဲ့တာပါ။

၂၀၂၃ ခုႏွစ္ေရြးေကာက္ပြဲကို PR စနစ္နဲ႔ျပဳလုပ္ဖို႔ဆုံးျဖတ္ၿပီးၿပီလို႔ စစ္ေကာင္စီ UEC ေျပာ

ဧရာဝတီတိုင္းမ္

ဧၿပီလ ၂၇ ရက္

၂၀၂၃ ခုႏွစ္မွာ ေရြးေကာက္ပြဲျပဳလုပ္ဖို႔ျပင္ဆင္ေဆာင္ ရြက္ေနၿပီး PR စနစ္ကိုအသုံးျပဳၿပီးေဆာင္ရြက္ဖို႔ဆုံးျဖတ္ၿပီးၿပီလို႔ စစ္ေကာင္စီလက္ေအာက္ခံ ေရြးေကာက္ပြဲေကာ္မရွင္က ေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ျပဳလုပ္ေနတဲ့ စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီလက္ေအာက္ခံေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက အခုလိုေျဖၾကားခဲ့တာပါ။

” PR စနစ္နဲ႔ပတ္သက္လို႔ နိုင္ငံေရးပါတီေတြနဲ႔ ၄ ႀကိမ္တိုင္ေတြ႕ဆုံေဆြးေႏြးၿပီး ျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္ေဆြး ေႏြးတဲ့ ဒီဇင္ဘာလမွာ PR စနစ္ကိုအသုံးျပဳဖို႔ ျမန္မာနိုင္ငံနဲ႔သင့္ေတာ္တဲ့ Closelist PR စနစ္ကိုအသုံးျပဳဖို႔ ေဆြးေႏြးဆုံးျဖတ္ၿပီးျဖစ္ပါတယ္ ။ဒါေၾကာင့္မလို႔ PRစနစ္နဲ႔ပတ္ သက္တဲ့ ဥပေဒ၊ နည္းဥပေဒေတြကိုျပဌာန္းဖို႔ျပင္ဆင္ေနပါတယ္။ ” လို႔ ဒီကေန႔ေန႔လည္စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းခ်က္ကိုေျဖၾကားခဲ့တာပါ။

စစ္ေကာင္စီက ၂၀၂၃ ခုႏွစ္၊ ၾသဂုတ္လမွာ ေရြး ေကာက္ပြဲက်င္းပမယ္လို႔ေျပာဆိုထားၿပီး ေရြးေကာက္ပြဲကို PR စနစ္နဲ႔ျပဳလုပ္ဖို႔ျပင္ဆင္ေနတာကေန ဒီကေန႔မွာဆုံးျဖတ္ၿပီးၿပီလို႔ေျပာဆိုခဲ့တာပါ။