ၾကားသိသမွ်

Cobra စစ်ကြောင်းထံ စစ်ကောင်စီတပ်ရင်း ၂ခုက တပ်ဖွဲ့ဝင် ၂ ဦး CDM ပြုလုပ်အလင်းဝင်

Cobra စစ်ကြောင်းထံ စစ်ကောင်စီတပ်ရင်း ၂ခုက တပ်ဖွဲ့ဝင် ၂ ဦး CDM ပြုလုပ်အလင်းဝင်

ဧရာဝတီတိုင်းမ်

ဧပြီလ ၂၆ ရက်

ကရင်ပြည်နယ်၊လေးကေ့ကော်ဒေသ စစ်ကောင်စီတပ်ရှေ့တန်းစစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ကော်ဘရာစစ်ကြောင်းထံ CDMပြုလုပ်အလင်းဝင် ပူးပေါင်းလာကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းသည် KNU တပ်မဝါ ၆ နယ် မြေအတွင်းလှုပ်ရှားနေသည့်စစ်ကြောင်းဖြစ်ပြီး ၄င်းတို့ထံ CDM ပြုလုပ်ခိုလှုံလာသူများမှာ ခမရ (၁) သထုံမှ တပ် သား ဝင်းထွန်း နှင့် ခမရ (၅၅၉ ) ဘုတ်ပြင်း မှ တပ်သား ကျော်ဇောဟိန်း တို့ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့က ရှေ့ တန်းတနေရာမှ ဆက်သွယ်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ဖော် ပြသည်။

ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM အဖြစ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူများအား နွေးထွေးစွာ ကြိုဆို လက် ခံလျက်ရှိပြီး ၎င်းတို့နှင့် မိသားစု လုံခြုံရေး၊ နေထိုင်ရေးများအား တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် လက်နက်နှင့်တစ်ကွ CDM ခိုလှုံကြမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ကော်ဘရာစစ်ကြောင်း Page တွင် ဆက်သွယ် ဆောင်ရွက်နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီ ခမရ ၅၈၅ မှ ဗိုလ်မှူး တင်လင်းအောင်နှင့်တပ်ဖွဲ့ဝင် ၁ ဦး ကော်ဘရာစစ်ကြောင်းထံ လာရောက်ပူးပေါင်း၍ ခိုလှုံခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း

Cobra စစ္ေၾကာင္းထံ စစ္ေကာင္စီတပ္ရင္း ၂ခုက တပ္ဖြဲ႕ဝင္ ၂ ဦး CDM ျပဳလုပ္အလင္းဝင္

ဧရာဝတီတိုင္းမ္

ဧၿပီလ ၂၆ ရက္

ကရင္ျပည္နယ္၊ေလးေက့ေကာ္ေဒသ စစ္ေကာင္စီတပ္ေရွ႕တန္းစစ္စခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦး ေကာ္ဘရာစစ္ေၾကာင္းထံ CDMျပဳလုပ္အလင္းဝင္ ပူးေပါင္းလာေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက ထုတ္ျပန္သည္။

ေကာ္ဘရာစစ္ေၾကာင္းသည္ KNU တပ္မဝါ ၆ နယ္ ေျမအတြင္းလႈပ္ရွားေနသည့္စစ္ေၾကာင္းျဖစ္ၿပီး ၄င္းတို႔ထံ CDM ျပဳလုပ္ခိုလႈံလာသူမ်ားမွာ ခမရ (၁) သထုံမွ တပ္ သား ဝင္းထြန္း ႏွင့္ ခမရ (၅၅၉ ) ဘုတ္ျပင္း မွ တပ္သား ေက်ာ္ေဇာဟိန္း တို႔ျဖစ္ၿပီး မတ္လ ၁၀ ရက္ေန႔က ေရွ႕ တန္းတေနရာမွ ဆက္သြယ္ခိုလႈံခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ ျပသည္။

ေကာ္ဘရာစစ္ေၾကာင္းအေနျဖင့္ CDM အျဖစ္ ျပည္သူ႔ရင္ခြင္ ခိုလႈံလာၾကသူမ်ားအား ေႏြးေထြးစြာ ႀကိဳဆို လက္ ခံလ်က္ရွိၿပီး ၎တို႔ႏွင့္ မိသားစု လုံျခဳံေရး၊ ေနထိုင္ေရးမ်ားအား တာဝန္ယူ ေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ လက္နက္ႏွင့္တစ္ကြ CDM ခိုလႈံၾကမည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ေကာ္ဘရာစစ္ေၾကာင္း Page တြင္ ဆက္သြယ္ ေဆာင္ရြက္နိုင္သည္ဟု ဖိတ္ေခၚထားသည္။

ၿပီးခဲ့သည့္ မတ္လအတြင္းကလည္း စစ္ေကာင္စီ ခမရ ၅၈၅ မွ ဗိုလ္မႉး တင္လင္းေအာင္ႏွင့္တပ္ဖြဲ႕ဝင္ ၁ ဦး ေကာ္ဘရာစစ္ေၾကာင္းထံ လာေရာက္ပူးေပါင္း၍ ခိုလႈံခဲ့ေၾကာင္းသိရသည္။

ဓာတ္ပုံ – ေကာ္ဘရာစစ္ေၾကာင္း