ၾကားသိသမွ်

ရန်ကုန်အုပ် မန်းပြာ နပတအရိုးတဘောင်နဲ့ ခေတ်သစ်မြန်မာ [ လက်နက်ချ အညံ့ခံရုံမှတပါး အခြားမရှိ ]

ရန်ကုန်အုပ် မန်းပြာ နပတအရိုးတဘောင်နဲ့ ခေတ်သစ်မြန်မာ
[ လက်နက်ချ အညံ့ခံရုံမှတပါး အခြားမရှိ ]
___________________________________

အားလူံးမေ့နေကြတာ တခုရှိတယ် ခုတော်လှန်ရေးမှာ ..

✊ ကဗျာဆရာဆန်းကျော်စွာ၀င်းပါ၀င်တဲ့ US မှာ စစ်သင်တန်းသွားတက်တဲ့အဖွဲ့တွေလည်း ရှိနေတော့ ထိုမှနေ US အကူညီရယ်

✊ ခု အေအေက လက်နက်နဲ့ သင်တန်းဆင်းလာသူတွေရယ် (တလက်စီပေး)

✊ DKBA နဲ့ KNDO အရင်ရော ခုရော ပေါင်းစည်းမှုတွေရယ်

✊ PDF အင်အား ၈သိန်းကျော် ရှိမှုရယ်

✊ NUG Eaos တွေရဲ့ ပေါင်းစည်း ညီညွတ် ရပ်တည်မှုရယ်

✊ US EU NUG ပြည်တွင်းပြည်ပ ချိတ်ဆက်မှုရယ် တွေကြောင့် တော်လှန်ရေး ယတိပြတ်အောင်ပါပြီဟု ပြောလို့ရပါသည်ဟု ဆိုတာခု ကျုးလိပေါင်သတင်းအရ မအလ တျူတ်ပြေးဖို့ အိမ်၀ယ်ထားပြီ‌‌ဆိုတာရယ် စခ သားသမီးအ၀န်းတွေ စလုံးနဲ့ ထိုင်း ပြေးကုန်ပြီဆိုတာရယ် သတင်း အမှန်တွေမို့

အထက် စခ‌ောမအဝိုင်း၀န်းဟာ ပွဲလန့်တုန်း ဖျာမခင်းစေဖို့ ကြိုတင် အောက်ခြေမသိအောင် ပိရိပြီး ပြေးဖို့ လှုပ်ရှားနေသည်ဆိုတာ မြင်သာနေ၍ ထို့အတူ အချို့လည်း အမှန်တကယ် ပြေးကုန်ကြပြီဟု ‌ဆိုချင်ပြီး

သူတိူ့ရည်ရွယ် ပလန်အတိုင်း ပထမ ခံစစ်စည်း ပေါက်သွား၍ အောက်ခြေထိုးကြွေး စစ်ပွဲဖန်တီးပြီး ရသလို ရပ်တည်ကြည့်ကြအုံးမည်‌ဆိူတာ

သို့မှ မရလျှင် ဒုစည်းအနေဖြင့် ‌ခြေရာဖျောက်ဖို့ အောက်ခြေမှာ တိုင်းပြည် ၀ရုန်းသုံးကားနဲ့ စစ်မြေပြင်ကို တည်ကြက်ထားပြီး ခေါင်တွေ လစ်ဖို့ကြံစည်ကြမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲမို့

အောက်ခြေ စခဘက်ကသူတွေ အထူးပါး နားလည်သင့်ပြီ အမြင်မှန်ရကြသင့်ပြီဖြစ်ကြောင်းနဲ့ ဒီပွဲမအလရှုံးနေပြီဆိုတာ သိသင့်ကြသင့်ပြီဖြစ်ကြောင်း ပြောလိုသည် မဟုတ် မအလက သူတို့အချိန်ရဖို့အတွက် အကုန်ထိုးကြွေးပြီး သိက္ခာအတွက် လက်နက်ချ အညံ့မခံပဲ မြေပြင်ကို စစ်မျက်နှာစာအဖြင့် အာရုံလွှဲထားပြီး သူတို့ထွက်ပေါက် တပ်တွင်းအတွက် ၀ရုန်းသုန်းကားနဲ့ တပ်ပြိုလဲပြီး မပိတ်ရလေအောင် သေချာပိရိ ဆုတ်ခွာမှာမို့ ရှေ့မှာဟန်ပြနဲ့ ရပ်တည် တိုက်ခိုင်းပြီး ဒုစည်းပေါက်တာနဲ့ အကုန်ဆုတ်ခွာ ပြေးကြမည်ဆိုတာ သေချာလွန်းမက သေချာနေ၍

မအလဘက်ပါ၀င်တဲ့ ပြည်သူအချို့ သိကြ အမြင်မှန်ရကြပါတော့ ဒီပွဲ မအလရှုံးနေပြီဆိုတာနဲ့ ပြည်သူ့လူထု တော်လှန်ရေး ဘက်သားတွေ အနိုင်ရနေပါပြီဆိုတာ မြေပြင်သတင်းနဲ့ တပ်တွင်းပြိုပျက်နေမှု အခြေနေတွေကို မြင်တာနဲ့ သိသာနေ၍ အားလုံး အမြင်မှန်ရ ပြည်သူ့ဘက် ပူးပေါင်းပြီး လက်နက်ချရုံဖြင့် ကျုးလွန်ထားသော အမှုတွေမှနေ သက်သာခွင့် ရမည်ဆိုတာ

မဟုတ် မအလတို့ အထက်ခေါင်တွေ ထွက်ပြေးမည့် လမ်းမှာ ပိတ်ဆို့နေတာတွေကို ရှင်းလင်းပြီး အပါခေါ် ထိုးကြွေး နိုင်ငံပျက်တဲ့အထိ ဆွဲခေါ်ချသွားဖို့ ကြံစည်နေတဲ့ နောက်ဆုံးသော မရဏစစ်မှာ ကြားခံပြည်သူဟာ တည်ကြက်အဖြစ် ခံစားကြရမှာ ဖြစ်ပြီး မအလတို့က သူတို့လွတ်မြောက်ဖို့အတွက် နှစ်ဖက်ပြည်သူကို အသုံးချ ပုံမှားရိုက် သက်ကွင်းထဲ စေလွှတ်ခံကြရတော့မယ်ဆိုတာကို သိရင်

🛑 အမြင်မှန် အသိမှန် ရကြတော့ပါ

🛑 လက်နက်ချ ပြည်သူ့ဘက် ပူးပေါင်းပါ

🛑 တိုင်းပြည်နဲ့ မိမိပြည်သူသား မျိုးဆက်များအတွက် ကြည့်ပါဟု ဆိုချင်ပြီး

အကယ်၍ ဒါကိုမှ မရဘူး ပြည်သူ့ကိုပဲ ပြန်တိုက် သတ်ချင်တယ်ဆိုရင် ကိုယ့်တပ်ပျက် အကြောင်း သေချာလေ့လာပြီးမှ နိုင်၏မနိုင်၏ ဟုတ်၏မဟုတ်၏ မှန်၏မမှန်၏ သေချာ နားလည်း သိမြင် ဆုံးဖြတ်ပြီး နောက်ဆုံးမရဏစစ်ပွဲကို အစပြုကြပါဟုဆိုချင်သည်

မဟုတ် မအလက အကုန်ဂျင်းထဲ့ ထိုးကြွေးပြီး ထွက်ပြေးသွားလျှင် ငိုင်ပြီး ကျန်ခဲ့မှာစိုးလို့ပါ/ ထက် ခဗျားတို့ရဲ့ ကျန်‌သော မိသားစု အဝိုင်း၀န်းအတွက် ပျက်စီးဆုံးရှုံးမှု ရှင်လျက်သေပြီး လူတောမတိုးပဲ ဘ၀အသေတွေနဲ့ နှစ်ပေါင်းများစွာ မျက်နှာငယ်နဲ့ မျိုးဆက်လိုက် ငရဲခံစားမှုတွေများပြား ကြွင်းကျန်ခဲ့ကြမှာစိုးလို့ပါဟု ကြိုအသိပေး ပြောချင်သား

သို့ကြောင့် ဒီပွဲမှာ မအလရဲ့ ရသလောက်နယ်မြေမှာပဲ ရသလိုယူပြီး တွယ်ကုတ် ရပ်တည်မယ်ဆိုတဲ့ ဂျင်းတွေ ဖယ်ရှားပြီး စခရခ အဝိူင်း၀န်းနဲ့ အောက်ခြေပြည်သူ အပေါင်းတို့ ဒီပွဲ အဆူံးဖြတ်မှာ အနိုင်အရှုံးက သေချာပေါ်လွင်နေ၍ အဖြေထွက်နေ၍

ပြည်သူ့တော်လှန်ရေးဘက်သို့… လပ်တီးတပ် လက်နက်ချ အညံ့ခံရုံမှတပါး အခြားမရှိပါဟု ‌‌ဆိုချင်ပြီး မအလရဲ့ ထွက်ပေါက်မှာ တဖက်အောက်ခြေ စစ်သားများမှ အသုံးချ မခံကြစေလိုကြောင်း အမြင်မှန် အသိတရား ရရှိစေဖို့ ထပ်ခါ အသိပေး ပြောချင်ပါ၏ဟုမှအပ ကျန်တာ အခြား ပြောစရာ မရှိပေ‼️

#မင်းကြည်ညိုနေ