ၾကားသိသမွ်

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မှူးနှစ်ဦး နှင့် EPC ဝန်ထမ်းများအား KNDF မှ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထား

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်မှူးနှစ်ဦး နှင့် EPC ဝန်ထမ်းများအား KNDF မှ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထား

ဧရာဝတီတိုင်းမ်

ဧပြီလ ၂၆ ရက်

ဧပြီလ (၂၁) ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီးတွင်၊ တိုက်ပွဲများကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါတိုင်များကိုပြင်ဆင်ရန်အတွက် စစ်ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၄င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း (၂၆) ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံ ပစ္စည်းများ ကို KNDF မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည


ဖမ်းဆီးထားသော လျှပ်စစ်ဌာနမှ အကျဥ်းသားများကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) သို့ လွဲပြောင်းပေးအပ်ခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွဲချက်တင်အရေးယူနိုင်ရန် ဆက်လက်စီစဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန် ထမ်းဆောင်သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန် ထမ်းဆောင်ခြင်း မပြုလုပ်ရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။

KNDF မှ ဖမ်းဆီးခြင်းခံရသော အကျဥ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့်ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိကြပါရန် နှင့် ဆိုရှယ်မီဒီယာထက်တွင် ပြန့်နှံ့လျက်ရှိသော သတင်းအမှားများနှင့် ကောလဟာလများကို မယုံကြည်ကြရန် အသိပေးထုတ်ပြန်ထားသည်။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တပ္မႉးႏွစ္ဦး ႏွင့္ EPC ဝန္ထမ္းမ်ားအား KNDF မွ လူ႔ဂုဏ္သိကၡာႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းထား

ဧရာဝတီတိုင္းမ္

ဧၿပီလ ၂၆ ရက္

ဧၿပီလ (၂၁) ရက္ေန႔ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ကမ္း၊ လြိဳင္ေကာ္-ဖယ္ခုံလမ္းမအနီးတြင္၊ တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးသြားေသာ လၽွပ္စစ္တာဝါတိုင္မ်ားကိုျပင္ဆင္ရန္အတြက္ စစ္ေကာင္စီတပ္မွ တပ္မႉးႏွစ္ဦးအပါအဝင္ ၄င္းတို႔၏ လက္ပါးေစဝန္ထမ္းစုစုေပါင္း (၂၆) ဦး စီးနင္းလိုက္ပါေသာ ေမာ္ေတာ္ယာဥ္တစ္စင္းႏွင့္အတူ ဆိုင္ကယ္တစ္စင္း၊ လၽွပ္စစ္ႏွင့္ဆက္စပ္ေသာသက္ေသခံ ပစၥည္းမ်ား ကို KNDF မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည

ဖမ္းဆီးထားေသာ လၽွပ္စစ္ဌာနမွ အက်ဥ္းသားမ်ားကို သက္ဆိုင္ရာ ကရင္နီျပည္ရဲဌာန(KSP) သို႔ လြဲေျပာင္းေပးအပ္ခဲ့ၿပီး စစ္ေကာင္စီႏွင့္ ပူးေပါင္းေဆာင္ရြက္မႈျဖင့္ ဆြဲခ်က္တင္အေရးယူနိုင္ရန္ ဆက္လက္စီစဥ္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

KNDF မွ စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရားေအာက္တြင္ ဆက္စပ္ပါဝင္ တာဝန္ ထမ္းေဆာင္သူမ်ားကို အေရးယူသြားမည္ျဖစ္ေသာေၾကာင့္ စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားတြင္ တာဝန္ ထမ္းေဆာင္ျခင္း မျပဳလုပ္ရန္ အထူးတိုက္တြန္းႏွိုးေဆာ္ထားသည္။

KNDF မွ ဖမ္းဆီးျခင္းခံရေသာ အက်ဥ္းသားမ်ားကို လူ႔ဂုဏ္သိကၡာႏွင့္အညီ ဖမ္းဆီးထိန္းသိမ္းထားေသာေၾကာင့္ ဖမ္းဆီးခံရသူမ်ား၏ ေဆြမ်ိဳးသားခ်င္းမ်ား၊ အသိမိတ္ေဆြမ်ားႏွင့္ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္ျခင္းမရွိၾကပါရန္ ႏွင့္ ဆိုရွယ္မီဒီယာထက္တြင္ ျပန္႔ႏွံ့လ်က္ရွိေသာ သတင္းအမွားမ်ားႏွင့္ ေကာလဟာလမ်ားကို မယုံၾကည္ၾကရန္ အသိေပးထုတ္ျပန္ထားသည္။