ၾကားသိသမွ်

နိုင်ငံတော်လုံခြုံရေးအတွက် NUG က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန စတင်ဖွဲ့ စည်း

နိုင်ငံတော်လုံခြုံရေးတည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့ ဧပြီ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့တွေ ပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအာဏာ သက်ရောက်ခြင်းဖြင့် နိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ၊ ဖက်ဆစ်လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေကို ကာကွယ်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ဖို့ “အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန” ကို ဖွဲ့စည်းလိုက်တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။


ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲနိုင်မှုအနေအထားမှ စိုးမိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ အမျိုးသားညီညွတ်‌ရေးအစိုးရအနေနဲ့ “အထူးဒေသအုပ်ချုပ်ရေးဇုန်” သတ်မှတ်ပြီး အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဝန်းတခုအဖြစ် မြေပြင်လုပ်ငန်းတွေကို မျက်တွေ့လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကာ “ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ” ကို ဖွဲ့စည်းထားရှိပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂၉ ခုနဲ့ မကွေးတိုင်းမြို့နယ် ၇ ခုတို့မှာလည်း ကြားကာလ ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချူပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလူထု လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေအတွက်လည်း “ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့” ကို ဖွဲ့စည်းသွားမှာဖြစ်ကာ “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများအုပ်ချုပ်မှုကော်မတီ” ၊ “CDM ပြည်သူ့ရဲ တပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ” ၊ “မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ” (ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE) ၊ “လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ကိုယ်စားပြုကော်မတီ”တွေကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစိုးရသက်တမ်း ၁ နှစ်ပြည့် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။#DVB

နိုင္ငံေတာ္လုံျခဳံေရးတည္ေဆာက္နိုင္ဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က အထူးစုံစမ္းေထာက္လွမ္းေရးဦးစီးဌာနကို စတင္ဖြဲ႕စည္းလိုက္ၿပီလို႔ ဒီကေန႔ ဧၿပီ ၂၆ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ပါတယ္။

NUG အစိုးရ၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က အတည္ျပဳထုတ္ျပန္လိုက္တာျဖစ္ၿပီး စစ္အာဏာရွင္စနစ္အပါအဝင္ အာဏာရွင္စနစ္မွန္သမၽွ ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီစနစ္ တည္ေဆာက္နိုင္ေရးအတြက္ အစြမ္းကုန္ အေထာက္အပံ့ေတြ ျပဳနိုင္ေစဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ သက္ေရာက္ျခင္းျဖင့္ နိုင္ငံအတြင္း အၾကမ္းဖက္စစ္ေကာင္စီရဲ့ မတရားဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈေတြ၊ ဖက္ဆစ္လုပ္ရပ္ေတြ၊ အၾကမ္းဖက္မႈေတြကို ကာကြယ္ကာ ျပည္သူလူထုရဲ့ လူမႈဘဝလုံျခဳံမႈနဲ႔ လူမႈစီးပြားဖြံ့ၿဖိဳးတိုးတက္မႈ ရွိေစေသာ နိုင္ငံေတာ္လုံျခဳံေရးကို တည္ေဆာက္နိုင္ဖို႔ “အထူးစုံစမ္းေထာက္လွမ္းေရးဦးစီးဌာန” ကို ဖြဲ႕စည္းလိုက္တာလို႔လည္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါတယ္။

ျပည္သူ႔ခုခံေတာ္လွန္စစ္ ဆင္ႏႊဲနိုင္မႈအေနအထားမွ စိုးမိုးထိန္းခ်ဳပ္နိုင္တဲ့ ေဒသေတြမွာ အမ်ိဳးသားညီညြတ္‌ေရးအစိုးရအေနနဲ႔ “အထူးေဒသအုပ္ခ်ဳပ္ေရးဇုန္” သတ္မွတ္ၿပီး အစိုးရတရပ္ရဲ့ အုပ္ခ်ဳပ္ေရးယႏၲရား ရပ္ဝန္းတခုအျဖစ္ ေျမျပင္လုပ္ငန္းေတြကို မ်က္ေတြ႕လက္ေတြ႕ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနနိုင္ၿပီလို႔ ဆိုပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ ဦးေဆာင္ကာ “ၾကားကာလေဒသႏၲရျပည္သူ႔အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ” ကို ဖြဲ႕စည္းထားရွိၿပီး စစ္ကိုင္းတိုင္း ၿမိဳ႕နယ္ ၂၉ ခုနဲ႔ မေကြးတိုင္းၿမိဳ႕နယ္ ၇ ခုတို႔မွာလည္း ၾကားကာလ ေဒသႏၲ ရျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ ဖြဲ႕စည္းၿပီး အုပ္ခ်ဴပ္ေရး လုပ္ငန္းေတြ လုပ္ကိုင္ေနတယ္လို႔ ဆိုပါတယ္။

ျပည္သူလူထု လုံျခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရး လုပ္ငန္းေတြအတြက္လည္း “ၾကားကာလ ျပည္သူ႔ရဲတပ္ဖြဲ႕” ကို ဖြဲ႕စည္းသြားမွာျဖစ္ကာ “အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန CDM ဝန္ထမ္းမ်ားအုပ္ခ်ဳပ္မႈေကာ္မတီ” ၊ “CDM ျပည္သူ႔ရဲ တပ္ဖြဲ႕ယာယီအုပ္ခ်ဳပ္ေရးေကာ္မတီ” ၊ “ျမန္မာနိုင္ငံလုံးဆိုင္ရာ CDM မီးသတ္ဝန္ထမ္းမ်ား ကိုယ္စားျပဳေကာ္မတီ” (ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE) ၊ “လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန CDM ကိုယ္စားျပဳေကာ္မတီ”ေတြကိုလည္း ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ အစိုးရသက္တမ္း ၁ ႏွစ္ျပည့္ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။#DVB