ၾကားသိသမွ်

နေပြည်တော်ကြံ့ခိုင်ရေးရုံးချုပ်တွင် စစ်ဘေးရှောင်ဟုဆိုကာ လူ ၅၀၀ ခန့်ခေါ်ထား၊ စစ်ဘေးရှောင်ဆိုသော်လည်း ထမင်းစားရိတ်တောင်း

နေပြည်တော်ကြံ့ခိုင်ရေးရုံးချုပ်တွင် စစ်ဘေးရှောင်ဟုဆိုကာ လူ ၅၀၀ ခန့်ခေါ်ထား၊ စစ်ဘေးရှောင်ဆိုသော်လည်း ထမင်းစားရိတ်တောင်း

မဲခေါင်၊ ဧပြီ ၂၅

အာဏာသိမ်းစစ်တပ်၏ လက်ကိုင်တုတ်ပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ရုံးချုပ်တွင် စစ်ဘေးရှောင်ဟုဆိုတာကာ လူဦးရေ ၅၀၀ ခန့်ကို ခေါ်ထားပြီး အဆိုပါစစ်ဘေးရှောင်ဆိုသူများထံမှ ကြံ့ခိုင်ရေးပါတီက ထမင်းစရိတ်တောင်းနေကြောင်း ဧပြီလ ၂၅ရက်က သိရသည်။

စစ်ဘေးရှောင်ဟုဆိုကာ နေပြည်တော် ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် ရောက်ရှိနေသူများမှာ ယောနယ်ဘက်မှ လူအများစုဖြစ်ပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှလည်း ပါဝင်ကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းသို့ပြောသည်။

“တစတစနဲ့ ရောက်နေတာတော့ ကြာပြီ။ အများစုက ယောနယ်ဘက်က ဦးလှဆွေခေါ်လာတာ။ အရင်နှစ်ဒီဇင်ဘာကတည်းက အညတရစစ်သည်ဂုဏ်ပြုပွဲကတည်းက ရောက်နေတာ။ ရောက်ကာစကတော့ နန္ဒာသီရိဟိုတယ်မှာ တည်းကြတယ်” ဟု၎င်းက ပြောသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိနေသူများအပြင် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များပါ ထပ်မံရောက်လာပြီး လက်ရှိတွင် စစ်ဘေးရှောင်ဆိုသူ ၅၀၀ခန့်ရှိပြီဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်ဆိုပေမယ့် အလကားမကျွေးဘူး။ ကိုယ့်ဖာသာချက်စားချင်လည်း ချက်စားလို့တော့ရတယ်။ အဲဒီလိုမဟုတ်ရင် သူတို့(ကြံ့ခိုင်ရေးပါတီ)ဆီမှာ ပိုက်ဆံပေးပြီးစားလည်းရတယ်။

စစ်ဘေးရှောင်ဟုဆိုကာ လူ ၅၀၀ ခန့်ကို ခေါ်ထားသည်မှာ ကုလသမဂ္ဂ – UN သို့ ပြန်သရန်အပြင် ရွေးကောက်ပွဲ​ကျင်းပဖြစ်ပါက လိုအပ်သည့်မဲအရေအတွက် ဖြည့်စွက်ရန်ကဲ့သို့ ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း နေပြည်တော် သတင်းရင်းမြစ်က သုံးသပ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၊ စစ်တပ်ထောက်ခံသူများ ထောင်နှင့်ချီကာ နေပြည်တော်သို့ ပြောင်းရွှေ့ပြီး ကုလသမဂ္ဂ အေဂျင်စီတစ်ခုတွင် ခိုလှုံခွင့်တောင်းထားကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီမှာ စစ်တပ်အာဏာသိမ်းသည့် ကိစ္စတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု သုံးသပ်ခံရပြီး ၂၀၂၀ ရွေးကောက်ပွဲပြီးပြီးချင်းပင် ရွေးကောက်ပွဲရလဒ်ကိုလက်မခံကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့သည့် ပါတီဖြစ်သည်။

ေနျပည္ေတာ္ႀကံ့ခိုင္ေရး႐ုံးခ်ဳပ္တြင္ စစ္ေဘးေရွာင္ဟုဆိုကာ လူ ၅၀၀ ခန္႔ေခၚထား၊ စစ္ေဘးေရွာင္ဆိုေသာ္လည္း ထမင္းစားရိတ္ေတာင္း

မဲေခါင္၊ ဧၿပီ ၂၅

အာဏာသိမ္းစစ္တပ္၏ လက္ကိုင္တုတ္ပါတီျဖစ္သည့္ ႀကံ့ခိုင္ေရးပါတီ၏ ေနျပည္ေတာ္႐ုံးခ်ဳပ္တြင္ စစ္ေဘးေရွာင္ဟုဆိုတာကာ လူဦးေရ ၅၀၀ ခန္႔ကို ေခၚထားၿပီး အဆိုပါစစ္ေဘးေရွာင္ဆိုသူမ်ားထံမွ ႀကံ့ခိုင္ေရးပါတီက ထမင္းစရိတ္ေတာင္းေနေၾကာင္း ဧၿပီလ ၂၅ရက္က သိရသည္။

စစ္ေဘးေရွာင္ဟုဆိုကာ ေနျပည္ေတာ္ ႀကံ့ခိုင္ေရးပါတီ႐ုံးခ်ဳပ္တြင္ ေရာက္ရွိေနသူမ်ားမွာ ေယာနယ္ဘက္မွ လူအမ်ားစုျဖစ္ၿပီး မေကြးတိုင္းႏွင့္ စစ္ကိုင္းတိုင္းတို႔မွလည္း ပါဝင္ေၾကာင္း ေနျပည္ေတာ္မွ သတင္းရင္းျမစ္တစ္ဦးက မဲေခါင္သတင္းသို႔ေျပာသည္။

“တစတစနဲ႔ ေရာက္ေနတာေတာ့ ၾကာၿပီ။ အမ်ားစုက ေယာနယ္ဘက္က ဦးလွေဆြေခၚလာတာ။ အရင္ႏွစ္ဒီဇင္ဘာကတည္းက အညတရစစ္သည္ဂုဏ္ျပဳပြဲကတည္းက ေရာက္ေနတာ။ ေရာက္ကာစကေတာ့ နႏၵာသီရိဟိုတယ္မွာ တည္းၾကတယ္” ဟု၎က ေျပာသည္။

၂၀၂၁ခုႏွစ္ ဒီဇင္ဘာလကတည္းက ေရာက္ရွိေနသူမ်ားအျပင္ အာဏာသိမ္းစစ္တပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား တိုက္ပြဲျပင္းထန္ေနသည့္ မေကြးတိုင္းႏွင့္ စစ္ကိုင္းတိုင္းမွ စစ္တပ္ေထာက္ခံသူမ်ား၊ ႀကံ့ခိုင္ေရးပါတီဝင္မ်ားပါ ထပ္မံေရာက္လာၿပီး လက္ရွိတြင္ စစ္ေဘးေရွာင္ဆိုသူ ၅၀၀ခန္႔ရွိၿပီျဖစ္ေၾကာင္း ႀကံ့ခိုင္ေရးပါတီႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

“စစ္ေဘးေရွာင္ဆိုေပမယ့္ အလကားမေကၽြးဘူး။ ကိုယ့္ဖာသာခ်က္စားခ်င္လည္း ခ်က္စားလို႔ေတာ့ရတယ္။ အဲဒီလိုမဟုတ္ရင္ သူတို႔(ႀကံ့ခိုင္ေရးပါတီ)ဆီမွာ ပိုက္ဆံေပးၿပီးစားလည္းရတယ္။

စစ္ေဘးေရွာင္ဟုဆိုကာ လူ ၅၀၀ ခန္႔ကို ေခၚထားသည္မွာ ကုလသမဂၢ – UN သို႔ ျပန္သရန္အျပင္ ေရြးေကာက္ပြဲ​က်င္းပျဖစ္ပါက လိုအပ္သည့္မဲအေရအတြက္ ျဖည့္စြက္ရန္ကဲ့သို႔ ရည္ရြယ္ခ်က္မ်ားလည္း ပါဝင္ေၾကာင္း ေနျပည္ေတာ္ သတင္းရင္းျမစ္က သုံးသပ္သည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက စစ္တပ္အသိုင္းအဝိုင္းႏွင့္ နီးစပ္သူမ်ား၊ စစ္တပ္ေထာက္ခံသူမ်ား ေထာင္ႏွင့္ခ်ီကာ ေနျပည္ေတာ္သို႔ ေျပာင္းေရႊ႕ၿပီး ကုလသမဂၢ ေအဂ်င္စီတစ္ခုတြင္ ခိုလႈံခြင့္ေတာင္းထားေၾကာင္း သတင္းဌာနမ်ားက ေဖာ္ျပထားသည္။

ႀကံ့ခိုင္ေရးပါတီမွာ စစ္တပ္အာဏာသိမ္းသည့္ ကိစၥတြင္ အဓိက အခန္းက႑မွ ပါဝင္သည္ဟု သုံးသပ္ခံရၿပီး ၂၀၂၀ ေရြးေကာက္ပြဲၿပီးၿပီးခ်င္းပင္ ေရြးေကာက္ပြဲရလဒ္ကိုလက္မခံေၾကာင္းႏွင့္ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးရန္ ေတာင္းဆိုခဲ့သည့္ ပါတီျဖစ္သည္။